Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 1:33

Judson Bible

ငါ့​စ​ကား​ကို​နား​ထောင်​သော​သူ​မူ​ကား လုံ​ခြုံ​စွာ​နေ၍၊ ဘေး​ကို​မ​ကြောက်​ဘဲ ငြိမ်​ဝပ်​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

22 ပူးပေါင်းရင်းမြစ်များ  

စ​ကား​တော်​ကို​နား​ထောင်၍ အ​မှု​တော်​ကို​ဆောင်​ရွက်​လျှင်၊ စည်း​စိမ်​ချမ်း​သာ​နှင့် ပျော်​မွေ့​လျက်၊ နှစ်​လ​နေ့​ရက်​ကာ​လ​ကို လွန်​စေ​တတ်​ကြ၏။

ငါ၏​လူ​စု​သည် ငါ့​စ​ကား​ကို​နား​ထောင်၍၊ ဣ​သ​ရေ​လ​အ​မျိုး​သည် ငါ့​လမ်း၌ လိုက်​ပါ​စေ​သော။

တ​ရား​သော​သူ၌ အ​မင်္ဂ​လာ မ​ရောက်​ရာ။ မ​တ​ရား​သော​သူ​မူ​ကား၊ အ​မင်္ဂ​လာ​နှင့် ပြ​ည့်​ဝ​ရ​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​ခြင်း​သည် အား​ကြီး​သော ကိုး​စား​ရာ​အ​ခွင့်​ကို ဖြစ်​စေ​တတ်၏။ သား​တော်​တို့​သည်​လည်း၊ ခို​လှုံ​ရာ​အ​ရပ်​ကို ရ​ကြ​လိမ့်​မည်။

အ​ကြောင်း​မူ​ကား၊ ငါ့​ကို​အ​မှီ​ပြု၍၊ သင်၏​နေ့​ရက်​ကာ​လ​နှင့် အ​သက်​အ​ပိုင်း​အ​ခြား နှစ်​ပေါင်း​ကာ​လ​တိုး​ပွား​လိမ့်​မည်။

အ​ဓ​မ္မ​လူ​သည် အ​ကြိမ်​တစ်​ရာ​တိုင်​အောင် အ​ဓ​မ္မ​အ​မှု​ကို​ပြု၍၊ အ​သက်​တာ​ရှည်​သော်​လည်း၊ ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​သော​သူ​တို့​သည် ရှေ့​တော်၌​ကြောက်​ရွံ့​သော​ကြောင့်၊ ကောင်း​သော​အ​ကျိုး​ကို​ခံ​ရ​ကြ​မည်​ဟု ငါ​အ​မှန်​သိ၏။

သ​စ္စာ​စောင့်၍ ဖြောင့်​မတ်​သော​လူ​မျိုး​ဝင်​ပါ​စေ။ စိတ်​နှ​လုံး​တည်​ကြည်​သော​သူ​သည် ကိုယ်​တော်၌ ခို​လှုံ​သော​ကြောင့်၊ ငြိမ်​သက်​ခြင်း​သက်​သက်​ရှိ​မည့်​အ​ကြောင်း စောင့်​ရှောက်​တော်​မူ​လိမ့်​မည်။

ဖြောင့်​မတ်​ခြင်း တ​ရား​သည်​လည်း၊ ငြိမ်​သက်​ခြင်း​ကို ပြု​စု​လိမ့်​မည်။ ဖြောင့်​မတ်​ခြင်း​အ​ကျိုး​မူ​ကား၊ ထာ​ဝ​ရ ငြိမ်​သက်​ခြင်း​နှင့် လုံ​ခြုံ​ခြင်း​တည်း။

သင်​သည် ငါ၏​ပ​ညတ်​တို့​ကို စောင့်​ရှောက်​ပါ​စေ​သော။ သို့​ပြု​လျှင်၊ သင်၏​ချမ်း​သာ​သည် မြစ်​ကဲ့​သို့​လည်း​ကောင်း၊ သင်၏​ဖြောင့်​မတ်​ခြင်း​ပါ​ရ​မီ​သည် သ​မု​ဒ္ဒ​ရာ​လှိုင်း​တံ​ပိုး​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ရ​လိမ့်​မည်။

နူး​ညွတ်​သော​နား​နှင့် ငါ့​ထံ​သို့ လာ​ကြ​လော့။ နား​ထောင်​ကြ​လော့။ သို့​ပြု​လျှင် သင်​တို့၏​ဝိ​ညာဉ်​သည် အ​သက်​ရှင်​ရ​လိမ့်​မည်။ ငါ​သည်​လည်း၊ သင်​တို့​နှင့် ထာ​ဝ​ရ​ပ​ဋိ​ညာဉ်​ပြု၍၊ ဒါ​ဝိဒ်၌ မြဲ​မြံ​သော ကျေး​ဇူး​တော်​ကို သင်​တို့​အား​ပေး​မည်။

သင်​တို့​သည် ငါ့​စီ​ရင်​ထုံး​ဖွဲ့​ချက်​တို့​ကို ကျင့်​စောင့်​လျှင်၊ ထို​ပြည်၌ ဘေး​လွတ်​လျက်​နေ​ရ​ကြ​လိမ့်​မည်။

မြေ​သည်​လည်း မိ​မိ​အ​သီး​အ​နှံ​ကို​ပေး​သ​ဖြင့်၊ သင်​တို့​သည် ဝ​စွာ​စား၍ ဘေး​လွတ်​လျက် နေ​ရ​ကြ​လိမ့်​မည်။

ထို​သို့​လျှောက်​စဉ်​တွင်၊ ထွန်း​လင်း​သော​မိုး​တိမ်​သည် ထို​သူ​တို့​ကို လွှမ်း​မိုး၍၊ ဤ​သူ​သည် ငါ​နှစ်​သက် မြတ်​နိုး​ရာ၊ ငါ၏​ချစ်​သား​ပေ​တည်း။ သူ၏​စ​ကား​ကို နား​ထောင်​ကြ​လော့​ဟု မိုး​တိမ်​က အ​သံ​တော်​ဖြစ်​လေ၏။-

သင်​တို့​သည် တည်​ကြည်​သော​အား​ဖြင့် ကယ်​တင်​ခြင်း​သို့ ရောက်​ကြ​လော့။

သင်​တို့​သည် စစ်​တိုက်​ခြင်း​အ​ကြောင်း၊ ပုန်​ကန်​ခြင်း​အ​ကြောင်း​ကို သ​တင်း​ကြား​ရ​သော​အ​ခါ စိုး​ရိမ်​တုန်​လှုပ်​ခြင်း မ​ရှိ​ကြ​နှင့်။ ထို​အ​မှု​အ​ရာ​များ​သည် အ​ရင်​ဖြစ်​ရ​မည်။ သို့​သော်​လည်း အ​ဆုံး​သည် အ​လျင်​အ​မြန်​မ​ဖြစ်​သေး။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ