လူတစ်စုံတစ်ယောက်ပြုသော မီးရှို့ရာယဇ်ကိုပူဇော်သော ယဇ်ပုရောဟိတ်သည်၊ မိမိပူဇော်သောယဇ်ကောင်အရေကို ယူရမည်။
ထာဝရအရှင်ဘုရားသခင်သည်လည်း၊ လူလင်မယားဖို့သားရေဖြင့် ၀တ်လုံကိုလုပ်၍ ဝတ်ခြုံစေတော်မူ၏။
နွား၏အသား၊ အရေ၊ ချေးနုကိုကား၊ တပ်ပြင်မှာမီးရှို့ရမည်။ အပြစ်ဖြေရာယဇ်ဖြစ်၏။
ပူဇော်သောသူသည် ထိုအကောင်၏အရေကိုချွတ်၍ အပိုင်းပိုင်းဖြတ်ရမည်။
အပြစ်ဖြေရာယဇ်၊ ဒုစရိုက်ဖြေရာယဇ်၏တရားတစ်ပါးတည်းဖြစ်၍၊ ဒုစရိုက်အပြစ် ဖြေခြင်းကိုပြုသော ယဇ်ပုရောဟိတ်သည် ယူရမည်။
မီးဖို၌ဖုတ်သော ဘောဇဉ်ပူဇော်သကာ၊ အိုးကင်း၊ သံပြားပူနှင့်လုပ်သော အရာရှိသမျှကို ပူဇော်သောယဇ်ပုရောဟိတ်သည် ယူရမည်။
ယဇ်ပုရောဟိတ်ရှေ့မှာ ထိုနွားမ၏အရေ၊ အသား၊ အသွေး၊ ချေးနုနှင့်တကွ တစ်ကောင်လုံးကို အခြားသူသည်မီးရှို့ရမည်။
သခင်ယေရှုခရစ်ကို ယူတင်ဝတ်ဆောင်ကြလော့။ ကိုယ်ကာယ၏တပ်မက်ခြင်းအလိုငှာ မကြံစည်ကြနှင့်။
သူ၏အမွေကိုရောင်း၍ရသော ဥစ္စာမှတစ်ပါး၊ လေဝိသားများတို့နှင့်အတူ အညီအမျှခံရမည်။