မီးဖို၌ဖုတ်သော ဘောဇဉ်ပူဇော်သကာ၊ အိုးကင်း၊ သံပြားပူနှင့်လုပ်သော အရာရှိသမျှကို ပူဇော်သောယဇ်ပုရောဟိတ်သည် ယူရမည်။
ထိုအခါ ရှုရိရှင်ဘုရင်ဟာဇေလသည် ဂါသမြို့ကို စစ်ချီ၍တိုက်ယူပြီးမှ၊ ယေရုရှလင်မြို့သို့ ချီအံ့သောငှာ အားထုတ်လေ၏။
ပူဇော်သောမုန့်ညက်နှင့် အပြစ်ဖြေရာယဇ်၊ ဒုစရိုက်ဖြေရာယဇ်ကို စားရကြမည်။ ဣသရေလအမျိုးသား ကျိန်ဆို၍ ပူဇော်သမျှတို့ကိုလည်း သိမ်းယူရကြမည်။
ကျန်ကြွင်းသော ဘောဇဉ်ပူဇော်သကာမူကား၊ အာရုန်နှင့် သူ၏သားတို့အဖို့ ဖြစ်ရမည်။ ထာဝရဘုရားအား မီးဖြင့်ပြုသောပူဇော်သကာထဲက အလွန်သန့်ရှင်းသောအရာဖြစ်၏။
ထိုသို့ယဇ်ပုရောဟိတ်သည်၊ ထိုသူပြစ်မှားမိသော အပြစ်တစ်စုံတစ်ခုအတွက် အပြစ်ဖြေခြင်းကိုပြုလျှင်၊ သူ၏အပြစ်လွတ်လိမ့်မည်။ ကြွင်းသောအရာသည် ဘောဇဉ်ပူဇော်သကာကဲ့သို့၊ ယဇ်ပုရောဟိတ်အဖို့ဖြစ်သည်ဟု မောရှေအားမိန့်တော်မူ၏။
ဆီထည့်သည်ဖြစ်စေ၊ မထည့်သည်ဖြစ်စေ၊ ဘောဇဉ်ပူဇော်သကာရှိသမျှကို အာရုန်၏သားအပေါင်းတို့သည် အညီအမျှယူရကြမည်။
လူတစ်စုံတစ်ယောက်ပြုသော မီးရှို့ရာယဇ်ကိုပူဇော်သော ယဇ်ပုရောဟိတ်သည်၊ မိမိပူဇော်သောယဇ်ကောင်အရေကို ယူရမည်။
မီးသို့မရောက်၊ သန့်ရှင်းသောအရာထဲက သင်တို့ဆိုင်သောအရာဟူမူကား၊ ဣသရေလအမျိုးသားလှူသောဥစ္စာ၊ ဘောဇဉ်ပူဇော်သကာ၊ အပြစ်ဖြေရာယဇ်၊ ဒုစရိုက်ဖြေရာယဇ် ပူဇော်လေသမျှတို့သည် သင်နှင့် သင်၏သားတို့အဖို့ သန့်ရှင်းရကြမည်။
ဓမ္မကိစ္စအမှုကို ဆောင်ရွက်သောသူတို့သည် ဗိမာန်တော်ကို အမှီပြု၍ စားရသည်ကိုလည်းကောင်း၊ ယဇ်ပူဇော်ခြင်းအမှုကို ဆောင်ရွက်သော သူတို့သည် ယဇ်ပလ္လင်နှင့် ဆက်ဆံ၍ စားရသည်ကိုလည်းကောင်း၊ သင်တို့ မသိကြသလော။-
အဘယ်သူသည် ကိုယ်စရိတ်ကိုသုံး၍ စစ်မှုကို ထမ်းရသနည်း။ အဘယ်သူသည် ဥယျာဉ်ကိုစိုက်ပျိုး၍ အသီးကိုမစားဘဲ နေရသနည်း။ အဘယ်သူသည် သိုးထိန်းလုပ်၍ သိုးနို့ကိုမသုံးဘဲ နေရသနည်း။
နှုတ်ကပတ်တရားကို သင်သောသူသည် သင်ပေးသောသူအား ကောင်းသောအရာ ရှိသမျှတို့ကို ဝေမျှစေ။-