Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဝတ်​ပြု 7:7

Judson Bible

အ​ပြစ်​ဖြေ​ရာ​ယဇ်၊ ဒု​စ​ရိုက်​ဖြေ​ရာ​ယဇ်၏​တ​ရား​တစ်​ပါး​တည်း​ဖြစ်၍၊ ဒု​စ​ရိုက်​အ​ပြစ် ဖြေ​ခြင်း​ကို​ပြု​သော ယဇ်​ပု​ရော​ဟိတ်​သည် ယူ​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ဒု​စ​ရိုက်​ငွေ၊ အ​ပြစ်​ငွေ​ကို​မူ​ကား၊ ဗိ​မာန်​တော်​သို့ မ​သွင်း​ဘဲ ယဇ်​ပု​ရော​ဟိတ်​တို့​သည် ယူ​ကြ၏။

ထို​အ​ခါ ရှု​ရိ​ရှင်​ဘု​ရင်​ဟာ​ဇေ​လ​သည် ဂါ​သ​မြို့​ကို စစ်​ချီ၍​တိုက်​ယူ​ပြီး​မှ၊ ယေ​ရု​ရှ​လင်​မြို့​သို့ ချီ​အံ့​သော​ငှာ အား​ထုတ်​လေ၏။

ထို​သိုး​သ​ငယ်​ကို အ​ပြစ်​ဖြေ​ရာ​ယဇ်​ကောင်၊ မီး​ရှို့​ရာ​ယဇ်​ကောင်​ကို သတ်​ရာ​အ​ရပ်၊ သန့်​ရှင်း​ရာ​ဌာ​န၌ သတ်​ရ​မည်။ အ​ကြောင်း​မူ​ကား၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​ကောင်​ကို၊ ယဇ်​ပု​ရော​ဟိတ်​ယူ​ပိုင်​သ​ကဲ့​သို့ ဒု​စ​ရိုက်​ဖြေ​ရာ​ယဇ်​ကောင်​ကို ယူ​ပိုင်၏။ အ​လွန်​သန့်​ရှင်း​ပေ၏။

ကျန်​ကြွင်း​သော ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​မူ​ကား၊ အာ​ရုန်​နှင့် သူ၏​သား​တို့​အ​ဖို့ ဖြစ်​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ပြု​သော​ပူ​ဇော်​သ​ကာ​ထဲ​က အ​လွန်​သန့်​ရှင်း​သော​အ​ရာ​ဖြစ်၏။

ကျန်​ကြွင်း​သော ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​မူ​ကား၊ အာ​ရုန်​နှင့် သူ၏​သား​တို့​အ​ဖို့ ဖြစ်​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ပြု​သော​ပူ​ဇော်​သ​ကာ​ထဲ​က အ​လွန်​သန့်​ရှင်း​သော အ​ရာ​ဖြစ်၏။

ထို​မုန့်​ညက်​ကို တ​ဆေး​ထည့်၍ မုန့်​မ​လုပ်​ရ။ မီး​ဖြင့် ငါ့​အား​ပြု​သော​ပူ​ဇော်​သ​ကာ​ထဲ​က ထို​မုန့်​ညက်​ကို သူ​တို့​အ​ဖို့​ဖြစ်​စေ​ခြင်း​ငှာ ငါ​ပေး​ပြီ။ အ​ပြစ်​ဖြေ​ရာ​ယဇ်၊ ဒု​စ​ရိုက်​ဖြေ​ရာ​ယဇ်​ကဲ့​သို့ အ​လွန်​သန့်​ရှင်း​ပေ၏။

လူ​တစ်​စုံ​တစ်​ယောက်​ပြု​သော မီး​ရှို့​ရာ​ယဇ်​ကို​ပူ​ဇော်​သော ယဇ်​ပု​ရော​ဟိတ်​သည်၊ မိ​မိ​ပူ​ဇော်​သော​ယဇ်​ကောင်​အ​ရေ​ကို ယူ​ရ​မည်။

ထို​အ​ပြစ်​အ​တွက် ပေး​သော​ဥ​စ္စာ​ကို​ခံ​ထိုက်​သော အ​မျိုး​သား​ချင်း​မ​ရှိ​လျှင်၊ ယဇ်​ပု​ရော​ဟိတ်​အ​ဖို့ ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​ရ​မည်။ ထို​မှ​တစ်​ပါး အ​ပြစ်​ဖြေ​စေ​ခြင်း​ငှာ အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့ သိုး​တစ်​ကောင်​ကို​ပူ​ဇော်​ရ​မည်။

ဇာ​တိ​အား​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​ဖြစ်​သော သူ​တို့​ကို ကြည့်​ရှု​ကြ​လော့။ ယဇ်​ကောင်​ကို​စား​သော သူ​တို့​သည် ယဇ်​ပ​လ္လင်​နှင့် ဆက်​ဆံ​သော​သူ ဖြစ်​ကြ​သည် မ​ဟုတ်​လော။-

ဓ​မ္မ​ကိ​စ္စ​အ​မှု​ကို ဆောင်​ရွက်​သော​သူ​တို့​သည် ဗိ​မာန်​တော်​ကို အ​မှီ​ပြု၍ စား​ရ​သည်​ကို​လည်း​ကောင်း၊ ယဇ်​ပူ​ဇော်​ခြင်း​အ​မှု​ကို ဆောင်​ရွက်​သော သူ​တို့​သည် ယဇ်​ပ​လ္လင်​နှင့် ဆက်​ဆံ၍ စား​ရ​သည်​ကို​လည်း​ကောင်း၊ သင်​တို့ မ​သိ​ကြ​သ​လော။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ