Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဝတ်​ပြု 6:3

Judson Bible

ပျောက်​သော​ဥ​စ္စာ​ကို တွေ့​သော​အ​ခါ၊ မု​သား​စ​ကား​ကို​ပြော၍ မ​ဟုတ်​မ​မှန်​ဘဲ ကျိန်​ဆို​သော်​လည်း​ကောင်း၊ ထို​သို့​သော ဒု​စ​ရိုက်​တစ်​စုံ​တစ်​ခု​ကို​ပြု၍ ထာ​ဝ​ရ​ဘု​ရား​ကို ပြစ်​မှား​မိ​လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

သင်​သည် ရန်​သူ​၏​မြင်း​နွား လမ်း​လွဲ​သည်​ကို တွေ့​မြင်​လျှင်၊ အ​မှန်​ပြန်​ပို့​ရ​မည်။

သူ​တို့၌​ရှက်​စ​ရာ​အ​ကြောင်း၊ မ​ထင်​မ​ပေါ်​စေ​ခြင်း​ငှာ၊ ခါး​မှ​ပေါင်​သို့​အ​ထိ ပိတ်​ဘောင်း​ဘီ​ကို ချုပ်၍​ပေး​ရ​မည်။

သင်၏​အိမ်​နီး​ချင်း​တစ်​ဖက်၌ အ​ကြောင်း​မ​ရှိ​ဘဲ သက်​သေ​မ​ခံ​နှင့်။ ကိုယ်​နှုတ်​နှင့် သူ​တစ်​ပါး​ကို မ​လှည့်​စား​နှင့်။

သို့​မ​ဟုတ်၊ အ​ကျွန်ုပ်​သည် ကြွယ်​ဝ၍၊ ထာ​ဝ​ရ​ဘု​ရား​ကား၊ အ​ဘယ်​သူ​နည်း​ဟု​ဆို​လျက်၊ ကိုယ်​တော်​ကို ငြင်း​ပယ်​မည်​ဟု စိုး​ရိမ်​စ​ရာ​ရှိ​ပါ၏။ သို့​မ​ဟုတ်၊ ဆင်း​ရဲ၍ သူ့​ဥ​စ္စာ​ကို​ခိုး​သ​ဖြင့်၊ အ​ကျွန်ုပ်၏​ဘု​ရား​သ​ခင်​နာ​မ​တော်​ကို မု​သား​နှင့်​ဆိုင်၍ မြွက်​ဆို​မည်​ဟု စိုး​ရိမ်​စ​ရာ​ရှိ​ပါ၏။

သူ​တို့​က၊ ထာ​ဝ​ရ​ဘု​ရား အ​သက်​ရှင်​တော်​မူ​သည်​ဟု ဆို​သော်​လည်း၊ အ​ကယ်​စင်​စစ် မ​ဟုတ်​မ​မှန် ကျိန်​ဆို​တတ်​ကြ၏။

သင်​တို့​သည် သူ့​ဥ​စ္စာ​ကို​ခိုး​လျက်၊ လူ​အ​သက်​ကို သတ်​လျက်၊ သူ့​မ​ယား​ကို​ပြစ်​မှား​လျက်၊ မ​ဟုတ်​မ​မှန်​ဘဲ ကျိန်​ဆို​လျက်၊ ဗာ​လ​ဘု​ရား​ရှေ့၌ နံ့​သာ​ပေါင်း​ကို မီး​ရှို့​လျက်၊ ကိုယ်​မ​သိ​ဖူး​သော အ​ခြား​တစ်​ပါး​သော​ဘု​ရား​တို့​နောက်​သို့ လိုက်​လျက်​နှင့်၊

လူ​များ​ရှိ​ရာ ပြင်​တံ​တိုင်း​သို့ ထွက်​သွား​သော​အ​ခါ၊ အ​မှု​တော်​ကို ဆောင်​စဉ်​တွင် ဝတ်​သော​အ​ဝတ်​ကို ချွတ်၍၊ သန့်​ရှင်း​သော​အ​ခန်း​တို့၌ ထား​ပြီး​လျှင်၊ အ​ခြား​သော​အ​ဝတ်​ကို ဝတ်​ရ​ကြ​မည်။ အ​ရင်​အ​ဝတ်​ကို​ဝတ်​လျက် လူ​များ​တို့​ကို မ​သန့်​ရှင်း​စေ​ရ​ကြ။

စ​လုတ်​မှ​စ၍ စ​လုတ်၌​ရှိ​သော​အ​ရာ​ကို ချွတ်​ပြီး​လျှင်၊ ပြာ​စု​ထား​ရာ​အ​ရပ်၊ ယဇ်​ပ​လ္လင်​အ​ရှေ့​ဘက်​နား၌ ပစ်​ထား​ရ​မည်။

သန့်​ရှင်း​သော​ပိတ်​ချော​အင်္ကျီ၊ ပိတ်​ချော​ဘောင်း​ဘီ​ကို​ဝတ်၍၊ ပိတ်​ချော​ခါး​ပန်း​ကို စည်း​ရ​မည်။ ပိတ်​ချော​ဗောင်း​ကို​လည်း ဆောင်း​ရ​မည်။ ထို​အ​ဝတ်​တန်​ဆာ​တို့​သည် သန့်​ရှင်း​သော​ကြောင့်၊ ကိုယ်​ကို​ရေ​ချိုး​ပြီး​မှ ဝတ်​ဆင်​ရ​မည်။

ငါ့​နာ​မ​ကို​တိုင်​တည်၍ မ​ဟုတ်​မ​မှန်​ဘဲ ကျိန်​ဆို​ခြင်း​ကို​မ​ပြု​ရ။ သင်၏​ဘု​ရား​သ​ခင်​နာ​မ​ကို မ​ရှုတ်​မ​ချ​ရ။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။

ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ထို​စာ​စောင်​ကို ငါ​ထုတ်​ဖော်​မည်။ ခိုး​တတ်​သော သူ၏​အိမ်​ထဲ​သို့​လည်း​ကောင်း၊ ငါ့​နာ​မ​ကို တိုင်​တည်၍ မ​မှန်​သော​ကျိန်​ဆို​ခြင်း​ကို ပြု​သော​သူ၏ အိမ်​ထဲ​သို့​လည်း​ကောင်း​ဝင်၍ နေ​ရာ​ကျ​သ​ဖြင့်၊ သစ်​သား​များ၊ ကျောက်​များ​နှင့်​တ​ကွ ထို​အိမ်​ကို​စား​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

သင်​တို့​ကို စစ်​ကြော​စီ​ရင်​ခြင်း​ငှာ ငါ​ချဉ်း​မည်။ ပြု​စား​တတ်​သော​သူ၊ သူ့​မ​ယား​ကို ပြစ်​မှား​သော​သူ၊ မ​မှန်​သော ကျိန်​ဆို​ခြင်း​ကို ပြု​သော​သူ၊ သူ​ငှား​ကို အ​ခ​မ​ပေး ညှဉ်း​ဆဲ​သော​သူ၊ မိ​ဘ​မ​ရှိ​သော​သူ​ငယ်​နှင့် မု​ဆိုး​မ​ကို ညှဉ်း​ဆဲ​သော​သူ၊ ဧည့်​သည်​ကို မ​တ​ရား​သ​ဖြင့် စီ​ရင်​သော​သူ၊ ငါ့​ကို​မ​ကြောက်​ရွံ့​သော​သူ​တို့​တစ်​ဖက်၌ ငါ​သည် လျင်​မြန်​သော​သက်​သေ​ဖြစ်​မည်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ