ဝတ်ပြု 6:2Judson Bibleတစ်စုံတစ်ယောက်သောသူသည် သူတစ်ပါးအပ်နှံသောဥစ္စာအတွက် ပေါင်ထားသောဥစ္စာအတွက်၊ မိမိနှင့်စပ်ဆိုင်သောသူအား မုသားစကားကို ပြောသော်လည်းကောင်း၊ သူ့ဥစ္စာကို အနိုင်အထက်ယူသော်လည်းကောင်း၊ မိမိနှင့်စပ်ဆိုင်သောသူကို လှည့်စားသော်လည်းကောင်း၊ အခန်းကိုကြည့်ပါ။ |
တစ်စုံတစ်ယောက်သောသူသည် တရားကိုမသိ၊ ထာဝရဘုရားနှင့် ဆိုင်သောအရာတို့၌ လွန်ကျူးပြစ်မှားမိလျှင်၊ ထိုပြစ်မှားခြင်းအတွက် ဒုစရိုက်ဖြေရာယဇ်တည်းဟူသော အပြစ်မပါသောသိုးထီးကိုလည်းကောင်း၊ အကျပ်တော်အလိုက် ချင့်တွက်၍ ချိန်သောအလျော်ငွေကိုလည်းကောင်း၊ ထာဝရဘုရားအထံတော်သို့ ဆောင်ခဲ့ရမည်။
ကိုယ်တော်သည် ဒုစရိုက်ကို ကြည့်ရှုတော်မမူ။ သန့်ရှင်းသော မျက်စိရှိတော်မူ၏။ အဓမ္မအမှုကို ကြည့်ရှု၍ နေတော်မမူတတ်ပါ။ သို့ဖြစ်၍၊ သစ္စာပျက်သောသူတို့ကို အဘယ်ကြောင့် ကြည့်ရှု၍ နေတော်မူသနည်း။ အဓမ္မလူသည် မိမိထက်ဖြောင့်မတ်သောသူကို ကိုက်စားသောအခါ၊ အဘယ်ကြောင့် တိတ်ဆိတ်စွာ နေတော်မူသနည်း။
သင်တို့သည် သင်တို့အဘတည်းဟူသော မာရ်နတ်မှဆင်းသက်ကြ၏။ သင်တို့အဘ၏အလိုသို့လည်း လိုက်တတ်ကြ၏။ မာရ်နတ်သည် ရှေ့ဦးစွာမှစ၍ လူအသက်ကိုသတ်သောသူ ဖြစ်၏။ သူ၌သစ္စာတရားမရှိသောကြောင့် သစ္စာတရား၌ မတည်မနေ။ သူသည် မုသားစကားကိုပြောသောအခါ မိမိပကတိအတိုင်းပြော၏။ မုသားစကား၌ ကျင်လည်သောသူဖြစ်၏။ မုသား၏အဘလည်း ဖြစ်၏။-