Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဝတ်​ပြု 6:4

Judson Bible

ထို​သူ​သည် ပြစ်​မှား၍​အ​ပြစ်​ရောက်​သော​ကြောင့်၊ အ​နိုင်​အ​ထက်​ယူ​သော​ဥ​စ္စာ၊ လှည့်​စား၍​ရ​သော​ဥ​စ္စာ၊ သူ​တစ်​ပါး​အပ်​နှံ​သော​ဥ​စ္စာ၊ ပျောက်၍​တွေ့​သော​ဥ​စ္စာ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

အ​ဘိ​မ​လက်​မင်း၏​ကျွန်​တို့​သည် အ​နိုင်​အ​ထက်​လု​ယူ​သော ရေ​တွင်း​အ​ကြောင်း​ကြောင့်၊ အာ​ဗြ​ဟံ​သည်​လည်း အ​ဘိ​မ​လက်​မင်း​ကို အ​ပြစ်​တင်​လေ၏။

ယ​နေ့​ပင် သူ​တို့​လယ်​ယာ၊ စ​ပျစ်​ဥ​ယျာဉ်၊ သံ​လွင်​ဥ​ယျာဉ်၊ အိမ်​ရာ​ကို​လည်း​ကောင်း၊ သူ​တို့၌​ခွဲ​ယူ​ပြီး​သော ငွေ၊ ဆန်​စ​ပါး၊ စ​ပျစ်​ရည်၊ ဆီ​အ​ချို့​ကို​လည်း​ကောင်း ပြန်​ပေး​ကြ​ပါ​လော့​ဟု ဆို​သော်၊

ဆင်း​ရဲ​သား​တို့​ကို ညှဉ်း​ဆဲ​စွန့်​ပစ်၍၊ မိ​မိ မ​ဆောက်​သော​အိမ်​ကို လု​ယူ​သော​ကြောင့်​လည်း​ကောင်း၊

အ​ချို့​သော​သူ​တို့​သည် မြေ​မှတ်​တိုင်​တို့​ကို ရွှေ့​တတ်​ကြ၏။ သူ​တစ်​ပါး၏​သိုး​ဆိတ်​တို့​ကို လု​ယူ၍ ကိုယ်​အ​ဖို့ ထိန်း​ကျောင်း​ကြ၏။

သူ​တို့​ရက်​သော​အ​မြှေး​ဖြင့် အ​ဝတ်​ကို မ​လုပ်​ရ။ ကိုယ်​အ​ကျင့်​နှင့် ကိုယ်​ကို မ​ခြုံ​ရ​ကြ။ သူ​တို့​ပြု​သော​အ​မှု​သည် အ​ဓ​မ္မ​အ​မှု​ဖြစ်၏။ သူ​တို့​လက်၌ ကြမ်း​တမ်း​သော​အ​မှု​ရှိ​၏။

ဆင်း​ရဲ​ငတ်​မွတ်​သော​သူ​ကို ညှဉ်း​ဆဲ​ခြင်း၊ သူ့​ဥ​စ္စာ​ကို အ​နိုင်​အ​ထက်​လု​ယူ​ခြင်း၊ ပေါင်​ထား​သော​ဥ​စ္စာ​ကို ပြန်၍​မ​ပေး​ဘဲ​နေ​ခြင်း၊ ရုပ်​တု​ကို ဖူး​မျှော်​ခြင်း၊ ရွံ​ရှာ​ဖွယ်​သော အ​မှု​ကို​ပြု​ခြင်း၊

အ​ဘ​မူ​ကား၊ မိ​မိ​ညီ​အစ်​ကို​ကို အ​ထပ်​ထပ်​ညှဉ်း​ဆဲ​လျက်၊ သူ့​ဥ​စ္စာ​ကို အ​နိုင်​အ​ထက်​လု​ယူ​လျက်၊ မိ​မိ​အ​မျိုး​သား​ချင်း​တို့​တွင် မ​ကောင်း​သော​အ​မှု​ကို ပြု​သော​အ​ပြစ်​ကြောင့်၊ အ​သေ​သတ်​ခြင်း​ကို ခံ​ရ​မည်။

အ​ဘယ်​သူ​ကို​မျှ မ​ညှဉ်း​ဆဲ၊ ကြွေး​စား​ပေါင်​ထား​သော​ဥ​စ္စာ​ကို ပြန်၍​မ​ပေး​ဘဲ​မ​နေ၊ သူ့​ဥ​စ္စာ​ကို အ​နိုင်​အ​ထက်​မ​လု​မ​ယူ၊ ငတ်​မွတ်​သော​သူ​ကို ကျွေး​မွေး၍၊ အ​ဝတ်​မ​ရှိ​သော​သူ​ကို အ​ဝတ်​နှင့် ဖုံး​လွှမ်း​လျှင်​လည်း​ကောင်း၊

ပေါင်​ထား​သော​ဥ​စ္စာ​ကို မ​သို​ထား၊ လု​ယူ​သော​ဥ​စ္စာ​ကို ပြန်​ပေး​လျက်၊ အ​ဓ​မ္မ​အ​မှု​ကို မ​ပြု​ဘဲ အ​သက်​ရှင်​ရာ ပ​ညတ်​တ​ရား​လမ်း​သို့ လိုက်​လျှင်၊ အ​သေ​မ​ခံ​ရ​ဘဲ စင်​စစ်​အ​သက်​ရှင်​ရ​လိမ့်​မည်။

လူ​များ​ရှိ​ရာ ပြင်​တံ​တိုင်း​သို့ ထွက်​သွား​သော​အ​ခါ၊ အ​မှု​တော်​ကို ဆောင်​စဉ်​တွင် ဝတ်​သော​အ​ဝတ်​ကို ချွတ်၍၊ သန့်​ရှင်း​သော​အ​ခန်း​တို့၌ ထား​ပြီး​လျှင်၊ အ​ခြား​သော​အ​ဝတ်​ကို ဝတ်​ရ​ကြ​မည်။ အ​ရင်​အ​ဝတ်​ကို​ဝတ်​လျက် လူ​များ​တို့​ကို မ​သန့်​ရှင်း​စေ​ရ​ကြ။

တိ​ရ​စ္ဆာန်​အ​သက်​ကို သတ်​သော​သူ​သည်​လည်း ဥ​စ္စာ​ရှင်​အား တစ်​ကောင်​အ​တွက် တစ်​ကောင်​ကို​လျော်​ရ​မည်။

တိ​ရ​စ္ဆာန်​အ​သက်​ကို သတ်​သော​သူ​သည်၊ တစ်​ကောင်​အ​တွက်၊ တစ်​ကောင်​ကို ပြန်​ပေး​ရ​မည်။ လူ​အ​သက်​ကို သတ်​သော​သူ​သည် အ​သေ​သတ်​ခြင်း​ကို ခံ​ရ​မည်။

နွား​တစ်​ကောင်​လုံး​ကို၊ တပ်​ပြင်​မှာ ပြာ​သွန်​ထား​ရာ ရှင်း​လင်း​သော အ​ရပ်​သို့​ယူ​သွား၍ ထင်း​အ​ပေါ်၌​မီး​ရှို့​ရ​မည်။ ပြာ​သွန်၍​ထား​ရာ​အ​ရပ်၌ မီး​ရှို့​ရ​မည်။

မြို့​သား​တို့​သည် တ​ရား​သော​အ​မှု​ကို မ​ပြု​တတ်၊ အ​နိုင်​အ​ထက်​ပြု၍ လု​ယူ​သော​ဥ​စ္စာ​ကို ဘုံ​ဗိ​မာန်​တို့၌ သို​ထား​တတ်​ကြ​သည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။

သူ​တစ်​ပါး၏​အိမ်​နှင့် လယ်​ယာ​တို့​ကို​တပ်​မက်၍ အ​နိုင်​အ​ထက် သိမ်း​ယူ​လျက်၊ လူ​နှင့် သူ၏​အိမ်​ကို​လည်း​ကောင်း၊ လူ​ကြီး​နှင့် သူ၏​အ​မွေ​ဥ​စ္စာ​ကို​လည်း​ကောင်း လု​ယက်၍ ညှဉ်း​ဆဲ​တတ်​ကြ၏။

သူ​တစ်​ပါး၏ အိမ်​တံ​ခါး​ခုံ​ကို ကျော်၍ အ​နိုင်​အ​ထက်​ပြု​ခြင်း၊ လှည့်​စား​ခြင်း​အား​ဖြင့်​ရ​သော ဥ​စ္စာ​နှင့် မိ​မိ​သ​ခင်၏ အိမ်​ကို ပြည့်​စေ​သော​သူ အ​ပေါင်း​တို့​ကို​လည်း ထို​နေ့၌ ငါ​စစ်​ကြော​မည်။

တစ်​ဖန် သင်​တို့​က၊ အ​မှု​တော်​ကို ဆောင်​ရွက်၍ ပင်​ပန်း​စွ​တ​ကား​ဟု ဆို​လျက်၊ ကဲ့​ရဲ့​သံ​ကို​ပြု​တတ်​ကြ​သည်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ လု​ယူ​သော​အ​ကောင်၊ ခြေ​ဆွံ့​သော​အ​ကောင်၊ နာ​သော​အ​ကောင်​ကို ဆောင်​ခဲ့​ကြ​ပြီ။ ထို​သို့​သော ပူ​ဇော်​သ​ကာ​ကို ဆောင်​ခဲ့​ကြ​ပြီ​တ​ကား။ သင်​တို့​လက်​မှ ငါ​ခံ​ရ​မည်​လော​ဟု ထာ​ဝ​ရ​ဘု​ရား မေး​တော်​မူ၏။

ထို​အ​ပြစ်​ကို ဖော်​ပြ၍​တောင်း​ပန်​ရ​မည်။ ပြစ်​မှား​သော​အ​တွက်၊ ငါး​စု​တစ်​စု​ကို​ထပ်၍ ပြစ်​မှား​ခံ​သော​သူ​အား​ပေး​ရ​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ