လူ၌ကပ်သော မစင်ကြယ်သော အရာတစ်စုံတစ်ခုကိုလည်း၊ မသိဘဲထိမိ၍ နောက်တစ်ဖန်သိလျှင်၊ အပြစ်ရှိရာသို့ရောက်သော်လည်းကောင်း၊
သန့်ရှင်းရာဌာန၌ အမှုတော်ကိုဆောင်ခြင်းငှာ အတွင်းတံတိုင်း သန့်ရှင်းရာဌာနထဲသို့ ဝင်သောနေ့တွင်၊ အပြစ်ဖြေရာယဇ်ကို ပူဇော်ရမည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
ယဇ်ပုရောဟိတ်သည်၊ ထိုသူ၏ အရေ၌ပေါ်သောအနာကို ကြည့်ရှုသောအခါ၊ အနာ၌ရှိသော အမွေးသည်ဖြူလျှင်လည်းကောင်း၊ အနာသည် အရေအောက်၌ စွဲဟန်ရှိလျှင်လည်းကောင်း နူနာမှန်၏။ ယဇ်ပုရောဟိတ်သည် ထိုသူကိုကြည့်ရှုပြီးမှ၊ မစင်ကြယ်ဟုစီရင်ရမည်။
တစ်စုံတစ်ယောက်သောသူသည် မစင်ကြယ်သော သားရဲ၊ သားယဉ်၊ တွားတတ်သော တိရစ္ဆာန်၏အသေကောင်အစရှိသော မစင်ကြယ်သောအရာတစ်စုံတစ်ခုကို အမှတ်တမဲ့ထိမိသဖြင့်၊ မစင်ကြယ်ရာသို့ရောက်၍ အပြစ်ရှိသော်လည်းကောင်း၊
တစ်စုံတစ်ယောက်သောသူသည် ကောင်းသောအမှု၊ မကောင်းသောအမှုကို ပြုမည်ဟု အကျိုးအပြစ်ကိုမသိဘဲ ကျိန်ဆိုလျက် သစ္စာပြု၍ နောက်တစ်ဖန်သိလျှင်၊ အရင်ကျိန်ဆိုလျက် သစ္စာပြုလေရာရာ၌ အပြစ်တစ်စုံတစ်ခုရောက်သော်လည်းကောင်း၊
အကြင်သူသည်လည်း၊ လူ၌မစင်ကြယ်သောအရာ၊ မစင်ကြယ်သောသား၊ မစင်ကြယ်သောပိုးရွ အစရှိသော၊ မစင်ကြယ်သောအရာ တစ်စုံတစ်ခုကိုထိမိ၍၊ ထာဝရဘုရားနှင့်ဆိုင်သော မိတ်သဟာယယဇ်သားကိုစား၏။ ထိုသူကို သူ၏အမျိုးမှ ပယ်ရှင်းရမည်ဟု မိန့်တော်မူ၏။
မစင်ကြယ်သောသူ ထိသမျှသောအရာသည်လည်း မစင်ကြယ်ဖြစ်လိမ့်မည်။ ထိုအရာကိုထိသောသူလည်း ညဉ့်ဦးတိုင်အောင် မစင်ကြယ်ဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။