Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဝတ်​ပြု 5:4

Judson Bible

တစ်​စုံ​တစ်​ယောက်​သော​သူ​သည် ကောင်း​သော​အ​မှု၊ မ​ကောင်း​သော​အ​မှု​ကို ပြု​မည်​ဟု အ​ကျိုး​အ​ပြစ်​ကို​မ​သိ​ဘဲ ကျိန်​ဆို​လျက် သ​စ္စာ​ပြု၍ နောက်​တစ်​ဖန်​သိ​လျှင်၊ အ​ရင်​ကျိန်​ဆို​လျက် သ​စ္စာ​ပြု​လေ​ရာ​ရာ၌ အ​ပြစ်​တစ်​စုံ​တစ်​ခု​ရောက်​သော်​လည်း​ကောင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

25 ပူးပေါင်းရင်းမြစ်များ  

သို့​သော်​လည်း ဒါ​ဝိဒ်​နှင့်​ရှော​လု၏​သား​ယော​န​သန်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ တစ်​ယောက်​နှင့်​တစ်​ယောက် သ​စ္စာ​က​တိ​ထား​သော​ကြောင့်၊ ရှင်​ဘု​ရင်​သည် ရှော​လု၏​သား​ယော​န​သန်​မြင်​သော မေ​ဖိ​ဗော​ရှက်​ကို နှ​မြော​တော်​မူ၏။

ရှင်​ဘု​ရင်​က​လည်း၊ ရှာ​ဖတ်​သား​ဧ​လိ​ရှဲ၏​ဦး​ခေါင်း​သည် ယ​နေ့ သူ့​ကိုယ်​နှင့် မ​ကွာ​ဘဲ​နေ​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​သည် ထို​မျှ​မ​က၊ ငါ၌​ပြု​တော်​မူ​ပါ​စေ​သော​ဟု ဆို၏။

သူ၏​စိတ်​ကို​ချုပ်​ချယ်​နှောင့်​ယှက်​ကြ​သ​ဖြင့်၊ သူ​သည် အ​မှတ်​တ​မဲ့ မြွက်​ဆို၏။

ထို​သို့​ယဇ်​ပု​ရော​ဟိတ်​သည်၊ ထို​သူ​ပြစ်​မှား​မိ​သော အ​ပြစ်​တစ်​စုံ​တစ်​ခု​အ​တွက် အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​လျှင်၊ သူ၏​အ​ပြစ်​လွတ်​လိမ့်​မည်။ ကြွင်း​သော​အ​ရာ​သည် ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ကဲ့​သို့၊ ယဇ်​ပု​ရော​ဟိတ်​အ​ဖို့​ဖြစ်​သည်​ဟု မော​ရှေ​အား​မိန့်​တော်​မူ၏။

လူ၌​ကပ်​သော မ​စင်​ကြယ်​သော အ​ရာ​တစ်​စုံ​တစ်​ခု​ကို​လည်း၊ မ​သိ​ဘဲ​ထိ​မိ၍ နောက်​တစ်​ဖန်​သိ​လျှင်၊ အ​ပြစ်​ရှိ​ရာ​သို့​ရောက်​သော်​လည်း​ကောင်း၊

မိန်း​မ​သည် လင်​ရှိ​လျက်၊ သ​စ္စာ​က​တိ​ပြု၍ ကိုယ်​စိတ်​ဝိ​ညာဉ်၌ ချည်​နှောင်​ခြင်း​ငှာ နှုတ်​မြွက်​သော​အ​ခါ၊

သို့​မ​ဟုတ် လင်​သည်​ကြား​သော​နေ့၌ မြစ်​တား​လျှင်၊ ထို​သ​စ္စာ​စ​ကား၊ ကိုယ်​စိတ်​ဝိ​ညာဉ်၌ ချည်​နှောင်​သော​စ​ကား​ကို လင်​သည်​ပယ်၍၊ ထာ​ဝ​ရ​ဘု​ရား​လည်း လွှတ်​တော်​မူ​မည်။

ငါ​သည် သင်​တောင်း​သ​မျှ​ကို ပေး​မည်​ဟု ကျိန်​ဆို​လေ၏။-

မင်း​ကြီး​သည် ဝမ်း​နည်း​သော်​လည်း ကျိန်​ဆို​ခြင်း​ကို​လည်း​ကောင်း၊ အ​ပေါင်း​အ​ဖော်​တို့၏ မျက်​နှာ​ကို​လည်း​ကောင်း ထောက်​သော​ကြောင့် ပေး​စေ​ဟု အ​မိန့်​တော်​ရှိ​လျက်၊-

တစ်​ဖန်​လည်း၊ သင်​တောင်း​သ​မျှ​ကို ငါ့​နိုင်​ငံ တစ်​ဝက်​တိုင်​အောင် ငါ​ပေး​မည်​ဟု ကျိန်​ဆို​လေ၏။-

မိုး​လင်း​သော​အ​ခါ ယု​ဒ​လူ​တို့​သည် သင်း​ဖွဲ့၍၊ ငါ​တို့​သည် ပေါ​လု​ကို မ​သတ်​မီ​တိုင်​အောင် အ​လျှင်း​မ​စား​မ​သောက်​ရ​ဟု ကိုယ်​ကို​ကျိန်​ဆို၍ ဓိ​ဋ္ဌာန်​ပြု​ကြ၏။-

ထို​သူ​တို့​က၊ သင်​သည် ငါ​တို့​အ​မှု​ကို​မ​ဖော်​မ​ပြ​လျှင် သင့်​အ​သက်​အ​တွက် ငါ​တို့​အ​သက်​သည် အာ​မ​ခံ​ဖြစ်​စေ​တော့။ ဤ​ပြည်​ကို ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​သော​အ​ခါ၊ သင်၌​သ​စ္စာ​စောင့်၍ ကျေး​ဇူး​ပြု​မည်​ဟု ဝန်​ခံ​ကြ၏။

ယော​ရှု​သည်​လည်း သူ​တို့​ကို​စစ်​မှု​နှင့်​လွတ်​စေ၍၊ အ​သက်​ချမ်း​သာ​စေ​မည်​အ​ကြောင်း မိတ်​သ​ဟာ​ယ​ဖွဲ့၏။ ပ​ရိ​သတ်​မင်း​တို့​သည်​လည်း ကျိန်​ဆို​ခြင်း​ကို ပြု​ကြ၏။

အ​ကျွန်ုပ်​သည် အ​မ္မုန်​အ​မျိုး​သား​တို့​ရှိ​ရာ​မှ ငြိမ်​ဝပ်​စွာ ပြန်​လာ​သော​အ​ခါ၊ အ​ကျွန်ုပ်​ကို ခ​ရီး​ဦး​ကြို ပြု​အံ့​သော​ငှာ အ​ကျွန်ုပ်​အိမ်​တံ​ခါး​ဝ​မှ ထွက်​လာ​သော​သူ မည်​သည်​ကို ထာ​ဝ​ရ​ဘု​ရား​အား အ​မှန်​ဆက်​သ၍ မီး​ရှို့​ရာ​ယဇ် ပူ​ဇော်​ပါ​မည်​ဟု သ​စ္စာ​က​တိ​ထား​ပြီး​မှ၊

သို့​သော်​လည်း အ​ကြင်​သူ​သည် ဗင်္ယာ​မိန်​လူ၌ သ​မီး​ကို​ပေး​စား၏။ ထို​သူ​သည် ကျိန်​အပ်​သော​သူ ဖြစ်​စေ​ဟု ဣ​သ​ရေ​လ​လူ​တို့​သည် ကျိန်​ဆို​ခြင်း​ကို ပြု​သော​ကြောင့် ငါ​တို့​သည် ကိုယ်​သ​မီး​တို့​ကို မ​ပေး​စား​ရ​ဟူ၍​လည်း​ကောင်း၊

ငါ​တို့​သည် ကိုယ်​သ​မီး​ကို သူ​တို့​အား​မ​ပေး​စား​ရ​မည်​အ​ကြောင်း၊ ထာ​ဝ​ရ​ဘု​ရား​ကို တိုင်​တည်၍ ကျိန်​ဆို​သော​ကြောင့်၊ ကျန်​ကြွင်း​သော သူ​တို့​အ​ဖို့ မိန်း​မ​တို့​ကို အ​ဘယ်​သို့ ရ​နိုင်​သ​နည်း​ဟူ၍​လည်း​ကောင်း၊

ယ​ခု​မှာ သင်​တို့​သည် ယေ​ရု​ဗ္ဗာ​လ​နှင့် သူ၏​အ​မျိုး​အ​နွယ်​အား သ​စ္စာ​တ​ရား​အ​တိုင်း ယ​နေ့​ပြု​ပြီး​လျှင်၊ အ​ဘိ​မ​လက်​ကို အ​မှီ​ပြု၍ ဝမ်း​မြောက်​ကြ​လော့။ အ​ဘိ​မ​လက်​သည်​လည်း သင်​တို့​ကို အ​မှီ​ပြု၍ ဝမ်း​မြောက်​ပါ​စေ။

အို​ကောင်း​ကင် ဗိုလ်​ခြေ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်၏ ကျွန်​မ​ကို မေ့​လျော့​တော်​မ​မူ​ဘဲ၊ ကိုယ်​တော်​ကျွန်​မ၏ ဆင်း​ရဲ​ခြင်း​ကို ကြည့်​ရှု​အောက်​မေ့​သ​ဖြင့်၊ သား​ယောက်ျား​ကို ပေး​သ​နား​တော်​မူ​လျှင်၊ သူ၏​ဆံ​ပင်​ရိတ်​ခြင်း​ကို အ​လျှင်း​မ​ပြု။ တစ်​သက်​လုံး ထာ​ဝ​ရ​ဘု​ရား၏​ကျွန်​ဖြစ်​စေ​ခြင်း​ငှာ ကျွန်​မ​အပ်​ပါ​မည်​ဟု သ​စ္စာ​က​တိ​ပြု​လေ၏။

နက်​ဖြန် မိုး​လင်း​သော​အ​ခါ၊ နာ​ဗ​လ​နှင့်​ဆိုင်​သော သူ​အ​ပေါင်း​တို့​တွင် ယောက်ျား​တစ်​စုံ​တစ်​ယောက်​ကို ငါ​ချန်​ထား​လျှင်၊ ထို​မျှ​မ​က ထာ​ဝ​ရ​ဘု​ရား​သည် ဒါ​ဝိဒ်၏​ရန်​သူ​တို့​အား​ပြု​တော်​မူ​စေ​သ​တည်း​ဟု ဆို​နှင့်​ပြီ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ