ဝတ်ပြု 2:2Judson Bibleအာရုန်၏သားယဇ်ပုရောဟိတ်ထံသို့ဆောင်ခဲ့၍၊ ယဇ်ပုရောဟိတ်သည် မုန့်ညက်တစ်လက်ဆွန်း၊ ဆီအချို့၊ လောဗန်ရှိသမျှကိုယူ၍၊ ထိုအတွက်အတာကို ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။ ထာဝရဘုရားအား မီးဖြင့်ဆက်ကပ်၍၊ မွှေးကြိုင်သော ပူဇော်သကာဖြစ်သတည်း။ အခန်းကိုကြည့်ပါ။ |
လေဝိသားတို့သည်လည်း၊ ဥပုသ်နေ့ကို သန့်ရှင်းစေခြင်းငှာ၊ စင်ကြယ်သောကိုယ်နှင့် လာ၍ တံခါးတို့ကို စောင့်ရမည်အကြောင်း ငါမှာထား၏။ အို အကျွန်ုပ်၏ဘုရားသခင်၊ ထိုအမှုကြောင့် အကျွန်ုပ်ကို အောက်မေ့တော်မူပါ။ ကရုဏာတော် များပြားသည်အတိုင်း အကျွန်ုပ်ကို ကယ်မသနားတော်မူပါ။
တစ်ဖန် မိန့်တော်မူသည်ကား၊ နွားကိုသတ်သောသူသည် လူကိုသတ်သောသူနှင့် တူ၏။ သိုးသငယ်ကို ယဇ်ပူဇော်သောသူသည် ခွေးလည်ပင်းကို ဖြတ်သောသူနှင့်တူ၏။ အလှူဒါနကို လှူဒါန်းသောသူသည် ဝက်သွေးကို လှူဒါန်းသောသူနှင့် တူ၏။ လောဗန်ကို မီးရှို့သောသူသည် ရုပ်တုကို ကောင်းချီးပေးသောသူနှင့် တူ၏။ အကယ်စင်စစ် ထိုသူတို့သည် မိမိအလိုရှိရာလမ်းကို ရွေးကြ၏။ မိမိဆိုးညစ်သော အမှုတို့၌ မွေ့လျော်ကြ၏။