ဝတ်ပြု 2:1Judson Bibleထာဝရဘုရားအား ဘောဇဉ်ပူဇော်သကာပြုလိုလျှင်၊ မုန့်ညက်ကိုဆက်ရမည်။ မုန့်ညက်အပေါ်မှာ ဆီကိုလောင်း၍၊ လောဗန်ကိုလည်းထည့်ပြီးမှ၊ အခန်းကိုကြည့်ပါ။ |
ဣသရေလအမျိုးသားတို့သည် စင်ကြယ်သောဖလား စသည်တို့နှင့်၊ ပူဇော်သကာကို ဗိမာန်တော်သို့ ဆောင်ခဲ့သကဲ့သို့၊ ထိုသူတို့သည် သင်တို့၏ ညီအစ်ကိုအပေါင်းကို မြင်း၊ ရထား၊ ထမ်းစင်၊ မြည်း၊ ကုလားအုတ်ပေါ်၌တင်၍၊ ထာဝရဘုရားအား ပူဇော်ဖို့ရာ၊ ခပ်သိမ်းသော အပြည်ပြည်တို့မှ ငါ၏သန့်ရှင်းသောတောင်၊ ယေရုရှလင်မြို့သို့ ဆောင်ခဲ့ကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
နေထွက်ရာအရပ်မှသည် နေဝင်ရာအရပ်တိုင်အောင် တစ်ပါးအမျိုးသားတို့တွင် ငါ၏နာမတော်သည် ကြီးမြတ်ရလိမ့်မည်။ ခပ်သိမ်းသောအရပ်တို့၌ နံ့သာပေါင်းကို ငါ၏နာမတော်အားမီးရှို့၍၊ သန့်ရှင်းသော ပူဇော်သကာကို ဆက်ကပ်ရကြလိမ့်မည်။ ငါ၏နာမတော်သည် တစ်ပါးအမျိုးသားတို့တွင် ကြီးမြတ်ရလိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။
သို့သော်လည်း သန့်ရှင်းတော်မူသောဘုရား၏လက်မှ သင်တို့ခံရသော ဘိသိက်ကျေးဇူးတော်သည် သင်တို့၌ ရှိသည်ဖြစ်၍၊ အဘယ်သူမျှ သင်တို့ကို ဆုံးမဩဝါဒပေးစရာ အကြောင်းမရှိ။ ထိုဘိသိက် ကျေးဇူးတော်သည် ဖြစ်ယောင်ဆောင်သည် မဟုတ်၊ အမှန်ဖြစ်လျက် ခပ်သိမ်းသောအရာတို့ကို သင်တို့အား သွန်သင်တော်မူသည်အတိုင်း၊ သင်တို့သည် သားတော်၌ တည်နေကြလော့။-