ဝတ်ပြု 2:3Judson Bibleကျန်ကြွင်းသော ဘောဇဉ်ပူဇော်သကာမူကား၊ အာရုန်နှင့် သူ၏သားတို့အဖို့ ဖြစ်ရမည်။ ထာဝရဘုရားအား မီးဖြင့်ပြုသောပူဇော်သကာထဲက အလွန်သန့်ရှင်းသော အရာဖြစ်၏။ အခန်းကိုကြည့်ပါ။ |
မီးဖြင့်ပူဇော်သောယဇ်ကောင် ဆီဥနှင့်တကွ၊ ချီမြှောက်ရာပခုံး၊ ချီလွှဲရာရင်ပတ်ကို ထာဝရဘုရားရှေ့တော်၌ချီလွှဲ၍၊ ချီလွှဲသောပူဇော်သကာကို ပြုခြင်းငှာဆောင်ခဲ့ရကြ၍၊ ထာဝရပညတ်တော်အတိုင်း၊ သင်နှင့် သင်၏သားတို့သည် ကိုယ်အဖို့ယူရကြမည်။ ထိုသို့ ထာဝရဘုရားမှာထားတော်မူပြီဟု ဆိုလေ၏။
ငါ၏ ယဇ်ပလ္လင်ပေါ်မှာ ပူဇော်ခြင်း၊ နံ့သာပေါင်းကို မီးရှို့ခြင်း၊ ငါ့ရှေ့မှာ သင်တိုင်းကိုဝတ်ခြင်း အမှုကို စောင့်ရသော ငါ၏ယဇ်ပုရောဟိတ် ဖြစ်စေခြင်းငှာ၊ သူ့ကို ဣသရေလအမျိုးအပေါင်းတို့အထဲက ငါရွေးကောက်သည် မဟုတ်လော။ ဣသရေလအမျိုးသားတို့သည် မီးဖြင့်ပြုသော ပူဇော်သကာ ရှိသမျှတို့ကို၊ သင့်အဘ၏အမျိုးအား ငါပေးသည်မဟုတ်လော။