Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဝတ်​ပြု 16:5

Judson Bible

အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့ ဆိတ်​သ​ငယ်​နှစ်​ကောင်၊ မီး​ရှို့​ရာ​ယဇ်​ဖို့ သိုး​တစ်​ကောင်​ကို၊ ဣ​သ​ရေ​လ​အ​မျိုး​သား ပ​ရိ​သတ်​လက်​မှ ခံ​ယူ​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

နန်း​တော်​အ​ပြစ်၊ သန့်​ရှင်း​ရာ​ဌာ​န​တော်​အ​ပြစ်၊ ယု​ဒ​ပြည်​အ​ပြစ်​ဖြေ​ရာ ယဇ်​ပူ​ဇော်​စ​ရာ​ဖို့ နွား​ခု​နစ်​ကောင်၊ သိုး​ခု​နစ်​ကောင်၊ သိုး​သ​ငယ်​ခု​နစ်​ကောင်၊ ဆိတ်​ခု​နစ်​ကောင်​တို့​ကို ဆောင်​ခဲ့​ကြ၏။ အာ​ရုန်​သား ယဇ်​ပု​ရော​ဟိတ်​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏ ယဇ်​ပ​လ္လင်​ပေါ်​မှာ ပူ​ဇော်​စေ​ခြင်း​ငှာ မိန့်​တော်​မူ​သည်​အ​တိုင်း၊

ထို​အိမ်​တော်၏ အ​နု​မော​ဒ​နာ​ပွဲ​တွင် နွား​တစ်​ရာ၊ သိုး​ထီး​နှစ်​ရာ၊ သိုး​သ​ငယ်​လေး​ရာ​ကို​လည်း​ကောင်း၊ ဣ​သ​ရေ​လ​အ​မျိုး တစ်​ဆယ်​နှစ်​မျိုး​အ​လိုက် အ​မျိုး​သား​အ​ပေါင်း​တို့၏ အ​ပြစ်​ဖြေ​ရာ​ယဇ်​တည်း​ဟူ​သော ဆိတ်​ထီး တစ်​ဆယ်​နှစ်​ကောင်​ကို​လည်း​ကောင်း၊ ယဇ်​ပူ​ဇော်​ကြ၏။

သိုး၊ ဆိတ်​ကို မီး​ရှို့​ရာ​ယဇ်​ပြု​လို​လျှင်၊ အ​ပြစ်​မ​ပါ​သော အ​ထီး​ကို​ဆောင်​ခဲ့၍၊

ဘိ​သိက်​ခံ​သော​ယဇ်​ပု​ရော​ဟိတ်​သည် လူ​များ​ကို အ​ပြစ်​ထဲ​သို့​သွေး​ဆောင်၍ ကိုယ်​တိုင်​ပြစ်​မှား​လျှင်၊ ထို​အ​ပြစ်​အ​တွက် အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့​အ​ပြစ်​မ​ပါ၊ အ​သက်​ပျို​သော နွား​ထီး​ကို၊

ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့ နွား​ထီး​ကို​ဆောင်​ခဲ့၍၊ အာ​ရုန်​နှင့် သူ၏​သား​တို့​သည်၊ မိ​မိ​တို့​လက်​ကို နွား​ခေါင်း​ပေါ်​မှာ​တင်​ကြ၏။

သင်​သည် အာ​ရုန်​နှင့် သူ၏​သား​များ၊ အ​ဝတ်​များ၊ လိမ်း​ရန်​ဆီ၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့​နွား​ထီး၊ သိုး​ထီး​နှစ်​ကောင်၊ တ​ဆေး​မဲ့​မုန့်​တစ်​တောင်း​ကို​ယူ၍၊

အာ​ရုန်​အား၊ သင်​သည်​အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့ အ​ပြစ်​မ​ပါ​သော နွား​သ​ငယ်​တစ်​ကောင်၊ မီး​ရှို့​ရာ​ယဇ်​ဖို့ အ​ပြစ်​မ​ပါ​သော သိုး​ထီး​တစ်​ကောင်​ကို​ယူ၍ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌​ပူ​ဇော်​လော့။

အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့​လည်း၊ ဆိတ်​သ​ငယ်​တစ်​ကောင်​ကို ပူ​ဇော်​ရ​မည်။ ထို​သို့​အ​ပြစ်​ဖြေ​ခြင်း​ငှာ အ​ပြစ်​ဖြေ​ရာ​ယဇ်၊ အ​စဉ်​အ​မြဲ​ပြု​သော မီး​ရှို့​ရာ​ယဇ်၊ သူ၏​ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ သွန်း​လောင်း​ရာ​ပူ​ဇော်​သ​ကာ​မှ​တစ်​ပါး ထပ်၍​ပြု​ရ​မည်။

ဇာ​တိ​ပ​က​တိ​ကြောင့် ပ​ညတ်​တ​ရား​သည် အား​နည်း၍ မ​တတ်​နိုင်​သော​အ​မှု​ကို ဘု​ရား​သ​ခင်​ပြု​တော်​မူ​ခြင်း​ငှာ၊ အ​ပြစ်​နှင့်​ပြည့်​စုံ​သော ဇာ​တိ​ပ​က​တိ၏ သ​ဏ္ဌာန်​ကို​ဆောင်​သော မိ​မိ​သား​တော်​ကို စေ​လွှတ်​တော်​မူ၍၊ အ​ပြစ်​ဖြေ​ဖို့​ရာ ဇာ​တိ​ပ​က​တိ၌ အ​ပြစ်​ကို ဒဏ်​ပေး​တော်​မူ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ