Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဝတ်​ပြု 16:6

Judson Bible

အာ​ရုန်​သည် မိ​မိ​နှင့်​ဆိုင်​သော မိ​မိ​အ​ပြစ်​ဖြေ​ရာ​ယဇ်​နွား​ကို​ပူ​ဇော်၍၊ မိ​မိ​အ​ဖို့​နှင့် မိ​မိ​အိမ်​သူ​များ​အ​ဖို့ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ပွဲ​ခံ​သော​နေ့​ရက် လွန်​သော​အ​ခါ၊ ယော​ဘ​သည် သူ​တို့​ကို​ခေါ်၍ သန့်​ရှင်း​စေ​ပြီး​လျှင် နံ​နက်​စော​စော​ထ၍ သူ​တို့​အ​ရေ​အ​တွက်​အ​တိုင်း မီး​ရှို့​သော​ယဇ်​ကို ပူ​ဇော်​လေ့​ရှိ၏။ အ​ကြောင်း​မူ​ကား၊ ငါ့​သား​တို့​သည် မှား​ယွင်း၍ စိတ်​နှ​လုံး​ထဲ၌ ဘု​ရား​သ​ခင်​ကို စွန့်​ပယ်​ကြ​ပြီ​လော​ဟု ယော​ဘ​အောက်​မေ့၏။ ထို​သို့ ယော​ဘ​သည် အ​စဉ်​ပြု​မြဲ​ရှိ၏။

အ​မှု​တော်​ကို​ဆောင်၍ ငါ့​ထံ​သို့ ချဉ်း​ကပ်​သော လေ​ဝိ​အ​မျိုး၊ ဇာ​ဒုတ်​သား ယဇ်​ပု​ရော​ဟိတ်​တို့​အား အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့၊ ပျို​သော​နွား​ထီး​တစ်​ကောင်​ကို အပ်​ရ​မည်။

ခု​နစ်​ရက်​စေ့​သော​နောက် အ​ဋ္ဌ​မ​နေ့၌​လည်း​ကောင်း၊ ထို​နေ့​မှ​စ၍​လည်း​ကောင်း၊ ယဇ်​ပု​ရော​ဟိတ်​တို့​သည် ယဇ်​ပ​လ္လင်​ပေါ်​မှာ သင်​တို့​မီး​ရှို့​ရာ​ယဇ်​များ​နှင့် မိတ်​သ​ဟာ​ယ​ယဇ်​များ​ကို ပူ​ဇော်​ရ​ကြ​မည်။ ငါ​သည်​လည်း၊ သင်​တို့​လက်​ခံ​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

အာ​ရုန်​သည် သန့်​ရှင်း​ရာ​ဌာ​န​တော်​အ​ထဲ​သို့ အ​ဘယ်​သို့​ဝင်​ရ​မည်​နည်း​ဟူ​မူ​ကား၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့ အ​သက်​ပျို​သော​နွား​ထီး​တစ်​ကောင်၊ မီး​ရှို့​ရာ​ယဇ်​ဖို့ သိုး​ထီး​တစ်​ကောင်​ပါ​ရ​မည်။

ဆိတ်​နှစ်​ကောင်​ကို​လည်း​ယူ၍ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​နား၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဆက်​ရ​မည်။

အာ​ရုန်​အား​လည်း၊ သင်​သည်​ယဇ်​ပ​လ္လင်​သို့​သွား၍ ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ သင်၏​အ​ပြစ်​ဖြေ​ရာ​ယဇ်၊ မီး​ရှို့​ရာ​ယဇ်​ကို​ပူ​ဇော်​သ​ဖြင့်၊ သင်​နှင့်​လူ​များ​အ​တွက် အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​လော့။ လူ​များ​ဆောင်​ယူ​ခဲ့​သော ပူ​ဇော်​သ​ကာ​ကို​လည်း​ပူ​ဇော်၍၊ သူ​တို့​အ​တွက် အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​လော့​ဟူ၍​လည်း​ကောင်း​ဆို​လေ၏။

အ​ခြား​သော ယဇ်​ပု​ရော​ဟိတ်​မင်း​တို့​သည် ကိုယ်​အ​ပြစ်​ကြောင့်​လည်း​ကောင်း၊ လူ​များ​အ​ပြစ်​ကြောင့်​လည်း​ကောင်း၊ နေ့​တိုင်း ယဇ်​ပူ​ဇော်​ရ​သ​ကဲ့​သို့၊ ထို​သ​ခင်​သည် ယဇ်​ပူ​ဇော်​စ​ရာ​အ​ကြောင်း မ​ရှိ၊ အ​ဘယ်​ကြောင့်​နည်း​ဟူ​မူ​ကား၊ မိ​မိ​ကိုယ်​ကို တစ်​ခါ​တည်း ယဇ်​ပူ​ဇော်၍ ထို​အ​မှု​ကို ပြီး​စီး​စေ​တော်​မူ​ပြီ။-

ငါ​တို့​အ​ဖို့ ထာ​ဝ​ရ​ရွေး​နုတ်​ခြင်း ကျေး​ဇူး​ကို​ခံ​ရ၍ ဆိတ်​အ​သွေး၊ နွား​က​လေး​အ​သွေး​နှင့် မ​ဟုတ်၊ မိ​မိ​အ​သွေး​တော်​နှင့် သန့်​ရှင်း​ရာဌာ​န​ထဲ​သို့ တစ်​ခါ​တည်း ဝင်​တော်​မူ၏။-

ဒု​တိ​ယ​တဲ​တော်​အ​တွင်း​သို့ ယဇ်​ပု​ရော​ဟိတ်​မင်း​တစ်​ပါး​တည်း​သာ မိ​မိ​အ​ပြစ်​ကြောင့်​လည်း​ကောင်း၊ လူ​များ​အ​ပြစ်​ကြောင့်​လည်း​ကောင်း၊ ပူ​ဇော်​သော​အ​သွေး​ကို​ဆောင်၍ တစ်​နှစ်​လျှင် တစ်​ခါ​တည်း သာ​ဝင်​ရ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ