Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဝတ်​ပြု 16:4

Judson Bible

သန့်​ရှင်း​သော​ပိတ်​ချော​အင်္ကျီ၊ ပိတ်​ချော​ဘောင်း​ဘီ​ကို​ဝတ်၍၊ ပိတ်​ချော​ခါး​ပန်း​ကို စည်း​ရ​မည်။ ပိတ်​ချော​ဗောင်း​ကို​လည်း ဆောင်း​ရ​မည်။ ထို​အ​ဝတ်​တန်​ဆာ​တို့​သည် သန့်​ရှင်း​သော​ကြောင့်၊ ကိုယ်​ကို​ရေ​ချိုး​ပြီး​မှ ဝတ်​ဆင်​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

23 ပူးပေါင်းရင်းမြစ်များ  

သင်၏​အစ်​ကို​အာ​ရုန်၌ ဘုန်း​အ​သ​ရေ​ထင်​ပေါ်​စေ​ခြင်း​ငှာ၊ သန့်​ရှင်း​သော​အ​ဝတ်​ကို လုပ်၍​ပေး​ရ​မည်။

အာ​ရုန်​နှင့် သူ၏​သား​တို့​ကို၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တံ​ခါး​နား​သို့​ခေါ်​ခဲ့၍ ရေ​ချိုး​ရ​မည်။

အ​မှု​တော်​ကို​ထမ်း၍ ထာ​ဝ​ရ​ဘု​ရား​အား မီး​ရှို့​သော​ယဇ်​ကို ပူ​ဇော်​ခြင်း​ငှာ၊ ယဇ်​ပ​လ္လင်​အ​နား​သို့​ချဉ်း​ကပ်​သော်​လည်း​ကောင်း၊

အာ​ရုန်​နှင့် သူ၏​သား​တို့​ကို၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ​တံ​ခါး​နား​သို့​ခေါ်​ခဲ့၍ ရေ​ချိုး​ရ​မည်။

ထာ​ဝ​ရ​ဘု​ရား၏​ကျွန်​သည် အ​ညွန့်​ကဲ့​သို့​လည်း​ကောင်း၊ သွေ့​ခြောက်​သော​မြေ၌ ပေါက်​သော​အ​တက်​ကဲ့​သို့​လည်း​ကောင်း၊ ရှေ့​တော်၌ ကြီး​ပွား၏။ ပ​မာ​ဏ​ပြု​စ​ရာ အ​ဆင်း​တင့်​တယ်​ခြင်း​မ​ရှိ။ ချစ်​လို​ဖွယ်​သော မျက်​နှာ​လ​က္ခ​ဏာ​နှင့် မ​ပြည့်​စုံ။

လူ​များ​ရှိ​ရာ ပြင်​တံ​တိုင်း​သို့ ထွက်​သွား​သော​အ​ခါ၊ အ​မှု​တော်​ကို ဆောင်​စဉ်​တွင် ဝတ်​သော​အ​ဝတ်​ကို ချွတ်၍၊ သန့်​ရှင်း​သော​အ​ခန်း​တို့၌ ထား​ပြီး​လျှင်၊ အ​ခြား​သော​အ​ဝတ်​ကို ဝတ်​ရ​ကြ​မည်။ အ​ရင်​အ​ဝတ်​ကို​ဝတ်​လျက် လူ​များ​တို့​ကို မ​သန့်​ရှင်း​စေ​ရ​ကြ။

ထို​အ​ခါ လူ​ခြောက်​ယောက်​တို့​သည် အ​သီး​အ​သီး ကွပ်​မျက်​စ​ရာ လက်​နက်​ကို​ကိုင်​လျက်၊ တစ်​ယောက်​သည်​လည်း၊ ပိတ်​အ​ဝတ်​ကို​ဝတ်၍ နံ​ပါး၌ မင်​အိုး​ပါ​လျက်၊ မြောက်​မျက်​နှာ​ဘက် အ​ထက်​တံ​ခါး​လမ်း​ဖြင့် ဝင်၍၊ ကြေး​ဝါ​ပ​လ္လင်​အ​နား​မှာ ရပ်​နေ​ကြ၏။

တစ်​ဖန် အာ​ရုန်​သည် ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​ထဲ​သို့​ဝင်၍၊ သန့်​ရှင်း​ရာ​ဌာ​န​တော်​ထဲ​သို့ အ​ရင်​ဝင်​သော​အ​ခါ၊ ဝတ်​သော​ပိတ်​ချော​အ​ဝတ်​ကို​ချွတ်၍ ထို​အ​ရပ်၌​ထား​ရ​မည်။

သန့်​ရှင်း​ရာ​ဌာ​န၌ ကိုယ်​ကို​ရေ​ချိုး၍၊ မိ​မိ​အ​ဝတ်​ကို​ဝတ်​ပြီး​မှ တစ်​ဖန်​ထွက်​လာ၍၊ မိ​မိ​မီး​ရှို့​ရာ​ယဇ်၊ လူ​များ​မီး​ရှို့​ရာ​ယဇ်​ကို​ပူ​ဇော်​သ​ဖြင့်၊ မိ​မိ​အ​ဖို့​နှင့် လူ​များ​အ​ဖို့ အ​ပြစ်​ဖြေ​ခြင်း​ကို ပြု​ရ​မည်။

အ​ဘ​အ​ရာ၌ ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို​ဆောင်​စေ​ခြင်း​ငှာ၊ အ​ရင်​ယဇ်​ပု​ရော​ဟိတ်​လက်​မှ ဘိ​သိက်​နှင့်​တ​ကွ ယဇ်​ပု​ရော​ဟိတ်​အ​ရာ​ကို ခံ​သော​သူ​သည်၊ ထို​အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​ရ​မည်။ ထို​ယဇ်​ပု​ရော​ဟိတ်​သည် သန့်​ရှင်း​သော ပိတ်​ချော​အ​ဝတ်​ကို​ဝတ်၍၊

ယဇ်​ပု​ရော​ဟိတ်​သည် ပိတ်​အင်္ကျီ၊ ပိတ်​ဘောင်း​ဘီ​ကို​ဝတ်​လျက်၊ ယဇ်​ပ​လ္လင်​ပေါ်​မှာ​ကျွမ်း​လောင်​သော မီး​ရှို့​ရာ​ယဇ်​ပြာ​ကို​ကျုံး၍ ပ​လ္လင်​အ​နား​မှာ​ထား​ရ​မည်။

ပျောက်​သော​ဥ​စ္စာ​ကို တွေ့​သော​အ​ခါ၊ မု​သား​စ​ကား​ကို​ပြော၍ မ​ဟုတ်​မ​မှန်​ဘဲ ကျိန်​ဆို​သော်​လည်း​ကောင်း၊ ထို​သို့​သော ဒု​စ​ရိုက်​တစ်​စုံ​တစ်​ခု​ကို​ပြု၍ ထာ​ဝ​ရ​ဘု​ရား​ကို ပြစ်​မှား​မိ​လျှင်၊

ကောင်း​ကင်​တ​မန်​က​လည်း၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် သင်၏​အ​ပေါ်​မှာ သက်​ရောက်​တော်​မူ၍၊ အ​မြင့်​ဆုံး​သော​ဘု​ရား၏ တန်​ခိုး​အာ​နု​ဘော်​တော်​သည် သင့်​ကို​လွှမ်း​မိုး​လိမ့်​မည်။ ထို​အ​ကြောင်း​ကြောင့် ထို​သန့်​ရှင်း​သော​သား​သည်​လည်း ဘု​ရား​သ​ခင်၏​သား​တော်​ဟု ခေါ်​ဝေါ်​သ​မုတ်​ခြင်း​ကို ခံ​ရ​လိမ့်​မည်။

မိ​မိ​အ​သ​ရေ​ကို​စွန့်၍ အ​စေ​ခံ​ကျွန်၏​သ​ဏ္ဌာန်​ကို ယူ​ဆောင်​လျက်၊ လူ​ကဲ့​သို့​သော​အ​ဖြစ်၌ ဖွား​မြင်​ခြင်း​ကို ခံ​တော်​မူ၏။-

ငါ​တို့​သည် သ​စ္စာ​နှင့်​ပြည့်​စုံ​သော သ​ဘော​ရှိ၍၊ ဝိ​စိ​ကိ​စ္ဆာ​နှင့်​ကင်း​သော ယုံ​ကြည်​ခြင်း၌ တည်​လျက်၊ စိတ်​နှ​လုံး​ကို သံ​ဝေ​ဂ​တ​ရား​နှင့် လွတ်​အောင် ဖျန်း​ခြင်း၊ ကိုယ်​ကာ​ယ​ကို​လည်း ကြည်​သော​ရေ​ဖြင့် ဆေး​ကြော​ခြင်း​ရှိ​ပြီး​မှ၊ အ​ထံ​တော်​သို့ တိုး​ဝင်​ချဉ်း​ကပ်​ကြ​ကုန်​အံ့။-

ထို​သူ​ငယ်​တို့​သည် အ​သွေး​အ​သား​နှင့် ဆက်​ဆံ​ကြ​သော​ကြောင့်၊ ခ​ရစ်​တော်​သည် အ​သေ​ခံ​တော်​မူ​သော​အား​ဖြင့်၊ သေ​ခြင်း​တ​ရား​ကို အ​စိုး​ရ​သော​သူ​တည်း​ဟူ​သော မာရ်​နတ်၏​တန်​ခိုး​ကို ချိုး​ဖဲ့​ဖျက်​ဆီး​ခြင်း​ငှာ​လည်း​ကောင်း၊ သေ​ဘေး​ကို​ကြောက်၍ တစ်​သက်​လုံး ကျွန်​ခံ​ရ​သော သူ​တို့​ကို ကယ်​လွှတ်​ခြင်း​ငှာ​လည်း​ကောင်း၊ ထို​သူ​ငယ်​တို့၏ နည်း​တူ အ​သွေး​အ​သား​ကို ဆောင်​ယူ​တော်​မူ၏။-

ထို​သို့​သော ယဇ်​ပု​ရော​ဟိတ်​မင်း​သည် သန့်​ရှင်း​စင်​ကြယ်၍ အ​ညစ်​အ​ကြေး​နှင့် ကင်း​လွတ်​လျက် အ​ပြစ်​ရှိ​သော​သူ​တို့​နှင့် မ​ဆက်​ဆံ၊ ကောင်း​ကင်​သား​အ​ပေါင်း​တို့​ထက် မြင့်​မြတ်​သော​သူ​ဖြစ်၍၊ ငါ​တို့​နှင့် တော်​သင့်​တော်​မူ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ