ဝတ်ပြု 1:4Judson Bibleပူဇော်သောနွား၏ခေါင်းပေါ်မှာ မိမိလက်ကိုတင်ရသဖြင့်၊ သူ၏အပြစ်ကို ဖြေမည်အကြောင်း လက်ခံတော်မူမည်။ အခန်းကိုကြည့်ပါ။ |
လွန်ကျူးခြင်းအမှုကို ဆီးတား၍ အပြစ်ကို တံဆိပ်ခတ်စေခြင်းငှာလည်းကောင်း၊ ဒုစရိုက်အပြစ်ကို ဖြေရှင်း၍ ထာဝရကုသိုလ်ကို သွင်းစေခြင်းငှာလည်းကောင်း ဗျာဒိတ်ရူပါရုံနှင့် အနာဂတ္တိဗျာဒိတ်တော်တို့ကို တံဆိပ်ခတ်၍၊ အလွန်သန့်ရှင်းသော အရပ်ဌာနကို လိမ်းစေခြင်းငှာလည်းကောင်း၊ သီတင်းခုနစ်ဆယ်ကို သင်၏ အမျိုးသားချင်းအဖို့နှင့် သင်၏ သန့်ရှင်းသောမြို့အဖို့ ဆုံးဖြတ်ခြင်းရှိ၏။
အာရုန်အားလည်း၊ သင်သည်ယဇ်ပလ္လင်သို့သွား၍ ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ သင်၏အပြစ်ဖြေရာယဇ်၊ မီးရှို့ရာယဇ်ကိုပူဇော်သဖြင့်၊ သင်နှင့်လူများအတွက် အပြစ်ဖြေခြင်းကိုပြုလော့။ လူများဆောင်ယူခဲ့သော ပူဇော်သကာကိုလည်းပူဇော်၍၊ သူတို့အတွက် အပြစ်ဖြေခြင်းကိုပြုလော့ဟူ၍လည်းကောင်းဆိုလေ၏။
ယဇ်ပုရောဟိတ်သည်၊ ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့အဖို့ အပြစ်ဖြေခြင်းကိုပြုရသဖြင့်၊ သူတို့သည် သတိလစ်၍ပြစ်မှားသောကြောင့်၊ ထိုအပြစ်ကို လွှတ်ရလိမ့်မည်။ သူတို့သည်လည်း သတိလစ်သောအပြစ်ကြောင့်၊ အပြစ်ဖြေရာယဇ်နှင့်တကွ၊ မီးဖြင့်ပြုသောပူဇော်သကာကို ထာဝရဘုရားထံတော်သို့ ဆောင်ခဲ့ရကြမည်။
ညီအစ်ကိုတို့၊ အသက်ရှင်ခြင်းလက္ခဏာ၊ သန့်ရှင်းခြင်းလက္ခဏာ၊ ဘုရားသခင်နှစ်သက်တော်မူဖွယ်သော လက္ခဏာနှင့် ပြည့်စုံသောယဇ်ကို သင်တို့သည် ပူဇော်၍၊ မိမိကိုယ်ခန္ဓာကို ဘုရားသခင်အား ဆက်ကပ်ခြင်းတည်းဟူသော သင်တို့ပြုအပ်သောဝတ်ကို ပြုမည်အကြောင်း၊ ဘုရားသခင်၏ ကရုဏာတော်ကို ထောက်ထား၍၊ သင်တို့ကို ငါတိုက်တွန်းနှိုးဆော်ပေ၏။-