Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဝတ်​ပြု 1:5

Judson Bible

ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​၌ ထို​နွား​ကို​သတ်​ပြီး​လျှင်၊ အာ​ရုန်၏​သား​ယဇ်​ပု​ရော​ဟိတ်​တို့​သည် အ​သွေး​ကို​ယူ၍၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​အ​နား ယဇ်​ပ​လ္လင်​အ​ပေါ်၌ ပတ်​လည်​ဖျန်း​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

25 ပူးပေါင်းရင်းမြစ်များ  

ပ​သ​ခါ​သိုး​သ​ငယ်​ကို​သတ်၍၊ ယဇ်​ပု​ရော​ဟိတ်​တို့​သည် အ​သွေး​ကို လက်​နှင့်​ဖျန်း​လျက်၊ လေ​ဝိ​သား​တို့​သည် အ​ရေ​ကို​ခွာ​လျက် ပြု​ကြ၏။

ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​နား​မှာ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ထို​နွား​ကို​သတ်​ရ​မည်။

ထို​သိုး​ကို​သတ်​ပြီး​လျှင် အ​သွေး​ကို​ယူ၍ ယဇ်​ပ​လ္လင်​အ​ပေါ်​နား​ပတ်​လည်၌ ဖျန်း​ရ​မည်။

ယဇ်​ကောင်​ရှို့​ရာ​ပ​လ္လင်​ကို​လည်း၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​ရှေ့၌ တည်​ထား​ရ​မည်။

ထို​အ​တူ သူ​သည် အ​များ​သော​လူ​မျိုး​တို့​ကို သန့်​ရှင်း​စေ​လိမ့်​မည်။ ရှေ့​တော်၌ ရှင်​ဘု​ရင်​တို့​သည် မိ​မိ​တို့​နှုတ်​ကို​ပိတ်၍ နေ​ရ​ကြ​လိမ့်​မည်။ သူ​တစ်​ပါး မ​ပြ​ဖူး​သော​အ​ရာ​ကို သူ​တို့​သည် မြင်​ကြ​လိမ့်​မည်။ မ​ကြား​ဖူး​သော​အ​ရာ​ကို​လည်း နား​လည်​ကြ​လိမ့်​မည်။

သင်​တို့​အ​ပေါ်​မှာ သန့်​ရှင်း​သော​ရေ​ကို ဖျန်း​သ​ဖြင့်၊ သင်​တို့​ကို ခပ်​သိမ်း​သော အ​ညစ်​အ​ကြေး​မှ​စ၍ ခပ်​သိမ်း​သော ရုပ်​တု​တို့​နှင့် ကင်း​စင်​စေ​မည်။

တစ်​ဖန် အ​ချင်း​လူ​သား၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​အ​တိုင်း၊ မီး​ရှို့​ရာ​ယဇ်​ကို​ပူ​ဇော်၍ အ​သွေး​ကို​ဖျန်း​ဖို့​ရာ၊ ယဇ်​ပ​လ္လင်​ကို​တည်​သော​နေ့၌ ကျင့်​ရ​သော​တ​ရား​ဟူ​မူ​ကား၊

ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ယဇ်​ပ​လ္လင်​မြောက်​ဘက်​နား​မှာ သတ်​ပြီး​လျှင်၊ အာ​ရုန်၏​သား ယဇ်​ပု​ရော​ဟိတ်​တို့​သည်၊ အ​သွေး​ကို ယဇ်​ပ​လ္လင်​အ​ပေါ်၌ ပတ်​လည်​ဖျန်း​ရ​မည်။

ယဇ်​ပု​ရော​ဟိတ်​သည်၊ ယဇ်​ပ​လ္လင်​သို့​ဆောင်​ခဲ့၍၊ ခေါင်း​ကို လိမ်​ဖြတ်​ပြီး​လျှင် ယဇ်​ပ​လ္လင်​ပေါ်​မှာ မီး​ရှို့​ရ​မည်။ အ​သွေး​ကို ယဇ်​ပ​လ္လင်​နား​မှာ ညှစ်​ရ​မည်။

ထို​နောက် လူ​များ​နှင့်​ဆိုင်​သော အ​ပြစ်​ဖြေ​ရာ​ယဇ်​ဆိတ်​ကို​သတ်၍၊ အ​သွေး​ကို ကု​လား​ကာ​အ​တွင်း​သို့​ဆောင်​ခဲ့​ပြီး​လျှင်၊ နွား​အ​သွေး​ကို ဖျန်း​သ​ကဲ့​သို့၊ သေ​တ္တာ​ဖုံး​အ​ပေါ်၌​လည်း​ကောင်း၊ ရှေ့၌​လည်း​ကောင်း ဖျန်း​ရ​မည်။

အ​ကြောင်း​မူ​ကား၊ ကိုယ်​ခ​န္ဓာ​အ​သက်​သည် အ​သွေး၌​တည်၏။ သင်​တို့​ပြု​သော​အ​ပြစ်​ကို ဖြေ​စေ​ခြင်း​ငှာ၊ ထို​အ​သွေး​ကို​သင်​တို့​အား ယဇ်​ပ​လ္လင်​ပေါ်​မှာ ငါ​ပေး​ပြီ။ လူ​အ​ပြစ်​ကို​ဖြေ​သော​အ​ရာ​ကား၊ အ​သွေး​ဖြစ်​သ​တည်း။

ဆိတ်​ခေါင်း​ပေါ်​မှာ​မိ​မိ​လက်​ကို​တင်၍၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​ရှေ့​မှာ သတ်​ပြီး​လျှင်၊ အာ​ရုန်၏​သား​တို့​သည် အ​သွေး​ကို​ယဇ်​ပ​လ္လင်​အ​ပေါ်၌ ပတ်​လည်​ဖျန်း​ရ​မည်။

ပူ​ဇော်​သော​နွား၏​ခေါင်း​ပေါ်​မှာ မိ​မိ​လက်​ကို​တင်၍၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​နား​မှာ​သတ်​ပြီး​လျှင်၊ အာ​ရုန်၏​သား​ယဇ်​ပု​ရော​ဟိတ်​တို့​သည်၊ အ​သွေး​ကို ယဇ်​ပ​လ္လင်​အ​ပေါ်၌ ပတ်​လည်​ဖျန်း​ရ​မည်။

ပူ​ဇော်​သော​သိုး၏​ခေါင်း​ပေါ်​မှာ မိ​မိ​လက်​ကို​တင်၍ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​ရှေ့​မှာ​သတ်​ပြီး​လျှင်၊ အာ​ရုန်၏​သား​တို့​သည် အ​သွေး​ကို​ယဇ်​ပ​လ္လင်​အ​ပေါ်၌ ပတ်​လည်​ဖျန်း​ရ​မည်။

အ​ပြစ်​ဖြေ​ရာ​ယဇ်​ပြု​သော ဆိတ်​ခေါင်း​ပေါ်​မှာ မိ​မိ​လက်​ကို​တင်၍ မီး​ရှို့​ရာ​ယဇ်​ကောင်​ကို​သတ်​ရာ​အ​ရပ်၌ ထို​ဆိတ်​ကို​သတ်​ရ​မည်။

အ​ပြစ်​ဖြေ​ရာ​ယဇ်​ပြု​သော သိုး​ခေါင်း​ပေါ်​မှာ မိ​မိ​လက်​ကို​တင်၍ မီး​ရှို့​ရာ​ယဇ်​ကောင်​ကို​သတ်​ရာ​အ​ရပ်၌ အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖြစ်​စေ​ခြင်း​ငှာ သတ်​ရ​မည်။

တစ်​ဖန် ယဇ်​ပု​ရော​ဟိတ်​သည်၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​အ​တွင်း၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​မှာ​ရှိ​သော နံ့​သာ​ပေါင်း​မွှေး​ကို မီး​ရှို့​ရာ​ပ​လ္လင်​ဦး​ချို​တို့၌ နွား​အ​သွေး​ကို​ထည့်၍၊ ကြွင်း​သော​အ​သွေး​ကို၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​ရှေ့၌​ရှိ​သော မီး​ရှို့​ရာ​ယဇ်​ပ​လ္လင်​ခြေ​ရင်း​နား​မှာ သွန်​ရ​မည်။

ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​သို့ အ​ဘယ်​ပူ​ဇော်​သ​ကာ​ပါ​လျက် ချဉ်း​ကပ်၍၊ အ​မြင့်​ဆုံး​သော ဘု​ရား​သ​ခင့်​ရှေ့​တော်၌ ကိုး​ကွယ်​ရ​မည်​နည်း။ မီး​ရှို့​ရာ​ယဇ်​နှင့် အ​ခါ​လည်​သော နွား​သ​ငယ်​တို့​ကို ဆောင်​လျက် ချဉ်း​ကပ်​ရ​မည်​လော။

နွား​သား​ဦး၊ သိုး​သား​ဦး၊ ဆိတ်​သား​ဦး​သည် သန့်​ရှင်း​သော​ကြောင့်​မ​ရွေး​ရ။ သူ၏​အ​သွေး​ကို ယဇ်​ပ​လ္လင်​ပေါ်​မှာ​ဖျန်း​ရ​မည်။ ဆီ​ဥ​ကို​လည်း ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ မွှေး​ကြိုင်​သော​အ​နံ့​ရှိ​စေ၍၊ မီး​ဖြင့်​ပူ​ဇော်​သ​ကာ​ပြု​ရ​မည်။

ယဇ်​ပု​ရော​ဟိတ် မည်​သည်​ကား၊ နေ့​တိုင်း​ဝတ်​ပြု​လျက်၊ အ​ပြစ်​ကို မ​ဖြေ​နိုင်​သော​ယဇ်​ကို အ​ထပ်​ထပ် အ​ဖန်​ဖန် ပူ​ဇော်​လျက်​ရပ်​နေ​ရ၏။-

ပ​ဋိ​ညာဉ်​တ​ရား​သစ်၏ အာ​မ​ခံ​တည်း​ဟူ​သော ယေ​ရှု​ထံ​တော်​သို့​လည်း​ကောင်း၊ အာ​ဗေ​လ၏​အ​သွေး ပြော​ဆို​သော​အ​ရာ​ထက် သာ၍ မြတ်​သော​အ​ရာ​ကို ပြော​ဆို​သော ဖျန်း​ဆွတ်​ခြင်း၏ အ​သွေး​ထံ​သို့​လည်း​ကောင်း ရောက်​ကြ၏။

နွား​ကို​သတ်၍ သူ​ငယ်​ကို ဧ​လိ​ထံ​သို့​သွင်း​လျက်၊ ဟ​န္န​က၊ ကျွန်​မ၏​သ​ခင်၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ