Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဝတ်​ပြု 1:3

Judson Bible

နွား​ကို မီး​ရှို့​ရာ​ယဇ်​ပြု​လို​လျှင်၊ အ​ပြစ်​မ​ပါ​သော အ​ထီး​ကို​ဆောင်​ခဲ့၍၊ ထာ​ဝ​ရ​ဘု​ရား​စိတ်​တော်​နှင့်​တွေ့​ခြင်း​ငှာ၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​အ​နား​မှာ​ဆက်​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

79 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ အာ​ဗြ​ဟံ​သည်​မျှော်​ကြည့်၍၊ မိ​မိ​နောက်​မှာ ချုံ​ပုတ်၌ ချို​ညှိ​လျက်​ရှိ​သော​သိုး​ကို​မြင်​လေ၏။ ထို​သိုး​ကို​သွား၍​ယူ​ပြီး​လျှင်၊ မိ​မိ​သား​ကိုယ်​စား မီး​ရှို့​ရာ​ယဇ်​ပြု၍ ပူ​ဇော်​လေ၏။

သင်​သည် အ​လွန်​ချစ်​သော​တစ်​ယောက်​တည်း​သော သား​ဣ​ဇာက်​ကို​ယူ၍၊ မော​ရိ​ပြည်​သို့​သွား​လော့။ ငါ​ပြ​လ​တ္တံ့​သော​တောင်​ပေါ်​မှာ၊ သူ့​ကို​မီး​ရှို့​ရာ​ယဇ်​ပြု၍ ပူ​ဇော်​လော့​ဟု မိန့်​တော်​မူ၏။

အာ​ဗြ​ဟံ​က ငါ့​သား၊ ယဇ်​ရှို့​စ​ရာ​ဖို့ သိုး​သ​ငယ်​ကို ဘု​ရား​သ​ခင်​သည် မိ​မိ​အ​ဖို့​ပြင်​ဆင်​တော်​မူ​လိမ့်​မည်​ဟု ဆို​လေ၏။

နော​ဧ​သည်​လည်း၊ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ယဇ်​ပ​လ္လင်​ကို​တည်​ပြီး​မှ စင်​ကြယ်​သော​သား၊ စင်​ကြယ်​သော​ငှက်​အ​မျိုး​မျိုး​ထဲ​က​ယူ၍၊ ယဇ်​ပ​လ္လင်​ပေါ်​မှာ မီး​ရှို့​သော​ယဇ်​ကို ပူ​ဇော်​လေ၏။

စည်း​ဝေး​သော​သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​အား မီး​ရှို့​ရာ​ယဇ်​ပူ​ဇော်​စ​ရာ​ဖို့ ဆောင်​ခဲ့​သော ယဇ်​ပေါင်း​ကား၊ နွား​ခု​နစ်​ဆယ်၊ သိုး​တစ်​ရာ၊ သိုး​သ​ငယ်​နှစ်​ရာ​တည်း။

မော​ရှေ​ကျမ်း​စာ၌ ရေး​ထား​သည်​အ​တိုင်း၊ ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​စ​ရာ​ဖို့ လူ​များ​အ​ဆွေ​အ​မျိုး​အ​လိုက် အ​သီး​အ​သီး​တို့​အား ပေး​ဝေ​ခြင်း​ငှာ၊ မီး​ရှို့​ရာ​ယဇ်​များ​နှင့် နွား​များ​ကို ခွဲ​ထား​ကြ၏။

တန်​ခိုး​တော်​ပြ​သော နေ့​ရက်​ကာ​လ၌၊ ကိုယ်​တော်၏​လူ​တို့​သည် သန့်​ရှင်း​သော တန်​ဆာ​ကို​ဆင်​လျက်၊ ကြည်​ညို​သော​စေ​တ​နာ​စိတ်​ရှိ၍၊ လူ​ပျို​တော်​တို့​သည် နံ​နက်​ဝမ်း​ထဲ​က​ထွက်​သော ဆီး​နှင်း​ကဲ့​သို့ ဖြစ်​ကြ​ပါ​လိမ့်​မည်။

အ​ကျွန်ုပ်၏​ဘု​ရား​သ​ခင်၊ ကိုယ်​တော်၏​အ​လို​ကို ဆောင်​ရာ၌ အ​ကျွန်ုပ်​သည် အား​ရ​ဝမ်း​မြောက်​ပါ၏။ ကိုယ်​တော်၏ တ​ရား​သည်​လည်း အ​ကျွန်ုပ်​နှ​လုံး​ထဲ​မှာ​ရှိ​ပါ၏။

သိုး​သ​ငယ်​ဖြစ်​စေ၊ ဆိတ်​သ​ငယ်​ဖြစ်​စေ၊ သင်​တို့​ယူ​သော​အ​ကောင်​သည် အ​ပြစ်​မ​ပါ၊ အ​ခါ​လည်​သော အ​ထီး​ဖြစ်​ရ​မည်။

ဣ​သ​ရေ​လ​အ​မျိုး​သား​လူ​ပျို​တို့​ကို စေ​ခိုင်း​သည်​အ​တိုင်း၊ သူ​တို့​သည် နွား​များ​ကို​ယူ၍ ထာ​ဝ​ရ​ဘု​ရား​ရှေ့​မှာ မီး​ရှို့​သော​ယဇ်၊ မိတ်​သ​ဟာ​ယ​ယဇ်​ကို ပူ​ဇော်​ကြ၏။

သိုး​တစ်​ကောင်​လုံး​ကို ယဇ်​ပ​လ္လင်​ပေါ်​မှာ​မီး​ရှို့​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​အား မီး​ရှို့​သော​ယဇ်​ဖြစ်၏။ ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ဆက်​ကပ်၍၊ မွှေး​ကြိုင်​သော ပူ​ဇော်​သ​ကာ​ဖြစ်​၏။

အာ​ရုန်​နှင့် သူ၏​သား​တို့​ကို၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တံ​ခါး​နား​သို့​ခေါ်​ခဲ့၍ ရေ​ချိုး​ရ​မည်။

ထို​သို့ သင်​တို့​သား​စဉ်​မြေး​ဆက်​တို့​သည် သင်​နှင့်​ငါ​တွေ့၍ နှုတ်​ဆက်​ရာ​အ​ရပ်၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​နား​မှာ အ​စဉ်​မ​ပြတ်​မီး​ရှို့​သော​ယဇ်​ကို ပူ​ဇော်​ရ​ကြ​မည်။

နက်​ဖြန်​နံ​နက်​စော​စော လူ​တို့​သည်​ထ၍၊ မီး​ရှို့​ရာ​ယဇ်၊ မိတ်​သ​ဟာ​ယ​ယဇ်​တို့​ကို ပူ​ဇော်​ပြီး​မှ၊ စား​သောက်​လျက်​ထိုင်​နေ​ကြ၏။ နောက်​တစ်​ဖန် က​ခုန်​မြူး​ထူး​ခြင်း​ငှာ ထ​ကြ၏။

မိ​မိ​စိတ်​နှ​လုံး​နှိုး​ဆော်​သော​သူ၊ ကြည်​ညို​သော စေ​တ​နာ​စိတ်​သ​ဘော​ရှိ​သော​သူ အ​ပေါင်း​တို့​သည် ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​လုပ်​ဖို့​လည်း​ကောင်း၊ အ​မှု​တော်​ထမ်း​စ​ရာ​ဖို့​လည်း​ကောင်း၊ သန့်​ရှင်း​သော​အ​ဝတ်​ကို​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​အား လှူ​သော​အ​လှူ​ကို​ဆောင်​လျက် လာ​ကြ၏။

ထို​သို့​ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​ဖြင့်​မှာ​ထား​တော်​မူ​သော အ​လုပ်​အ​မျိုး​မျိုး​ရှိ​သ​မျှ​အ​ဖို့၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​တွင် ကြည်​ညို​သော စေ​တ​နာ​စိတ်​နှိုး​ဆော်​သော ယောက်ျား​မိန်း​မ​အ​ပေါင်း​တို့​သည်၊ ထာ​ဝ​ရ​ဘု​ရား​အား ကြည်​ညို​သော​စိတ်​နှင့် လှူ​ကြ၏။

သင်​တို့​တွင် ထာ​ဝ​ရ​ဘု​ရား​အား လှူ​သော​အ​လှူ​ကို ပြင်​ဆင်​ကြ​လော့။ ကြည်​ညို​သော​စေ​တ​နာ​စိတ် ရှိ​သ​မျှ​သော​သူ​တို့​သည်၊ ရွှေ၊ ငွေ၊ ကြေး​ဝါ၊

သန့်​ရှင်း​ရာ​ဌာ​န​နှင့် အ​မှု​တော်​ထမ်း​ရန် တန်​ဆာ​တို့​ကို​လုပ်​ကိုင်​စေ​ခြင်း​ငှာ၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ဆောင်​ခဲ့​သော​အ​လှူ​ရှိ​သ​မျှ​ကို ထို​သူ​တို့​သည် မော​ရှေ​လက်​မှ​ခံ​ကြ၏။ ကြည်​ညို​သော​စိတ်​နှင့် လှူ​သော​အ​လှူ​ကို နံ​နက်​တိုင်း​ထပ်၍ ဆောင်​ခဲ့​ကြ​သေး၏။

တစ်​နည်း​ကား၊ အ​လျား​ငါး​တောင်၊ အ​နံ​ငါး​တောင်​ရှိ၍ စ​တု​ရန်း​လေး​ထောင့်​ဖြစ်​သော မီး​ရှို့​ရာ​ယဇ်​ပ​လ္လင်​ကို အ​ကာ​ရှ​သား​နှင့်​လုပ်​လေ၏။ အ​မြင့်​လည်း သုံး​တောင်​ရှိ၏။

ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​ပူ​ဇော်​သော​ယဇ်​များ​ကို ငါ​သည်​အ​ဘယ်​သို့​ဆိုင်​သ​နည်း။ မီး​ရှို့​၍ ပူ​ဇော်​သော​သိုး​ကောင်၊ ဆူ​ဖြိုး​အောင်​ကျွေး​သော​တိ​ရ​စ္ဆာန်​တို့​၏​ဆီ​ဥ​နှင့် ငါ​ဝ​ပြီ။ နွား​နှင့် သိုး​သ​ငယ်၊ ဆိတ်​တို့​၏​အ​သွေး​ကို ငါ​မ​နှစ်​သက်။

အ​ကြောင်း​မူ​ကား၊ ငါ၏​သန့်​ရှင်း​သော​တောင်၊ အ​မြင့်​ဆုံး​သော ဣ​သ​ရေ​လ​တောင်​ပေါ်​မှာ ဣ​သ​ရေ​လ​အ​မျိုး​သား၊ ပြည်​သူ​ပြည်​သား​အ​ပေါင်း​တို့​သည် ငါ့​အား​ဝတ်​ပြု​ရ​ကြ​လိမ့်​မည်။ ငါ​သည်​လည်း​လက်​ခံ၍၊ ထို​အ​ရပ်၌ သင်​တို့​ပြု​သော​ပူ​ဇော်​သ​ကာ​များ၊ အ​ဦး​သီး​သော အ​သီး​တွင် ရွေး၍​ဆက်​ရ​သော အ​သီး​အ​နှံ​များ​နှင့်​တ​ကွ၊ သင်​တို့​သန့်​ရှင်း​သော အ​ရာ​ရှိ​သ​မျှ​တို့​ကို ငါ​တောင်း​မည်။

မီး​ရှို့​ရာ​ယဇ်၊ အ​ပြစ်​ဖြေ​ရာ​ယဇ်၊ ဒု​စ​ရိုက်​ဖြေ​ရာ ယဇ်​ကောင်​ကို သတ်​စ​ရာ​ဖို့၊ တံ​ခါး​မုခ်​အ​တွင်း တစ်​ဖက်​တစ်​ချက်၌ စား​ပွဲ​နှစ်​ခု​စီ ရှိ​ကြ၏။

သိုး၊ ဆိတ်​ကို မီး​ရှို့​ရာ​ယဇ်​ပြု​လို​လျှင်၊ အ​ပြစ်​မ​ပါ​သော အ​ထီး​ကို​ဆောင်​ခဲ့၍၊

အ​ဋ္ဌ​မ​နေ့၌​လည်း၊ အ​ပြစ်​မ​ရှိ၊ အ​ခါ​လည်​သော သိုး​သ​ငယ်​အ​ထီး​နှစ်​ကောင်၊ အ​မ​တစ်​ကောင်​ကို​လည်း​ကောင်း၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ဖို့၊ ဆီ​ရော​သော​မုန့်​ညက်​သုံး​ဩ​မဲ​နှင့် ဆီ​တစ်​လော​ဃ​ကို​လည်း​ကောင်း​ယူ​ပြီး​လျှင်၊

ဆိတ်​နှစ်​ကောင်​ကို​လည်း​ယူ၍ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​နား၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဆက်​ရ​မည်။

ထာ​ဝ​ရ​ဘု​ရား၏​တဲ​တော်​ရှေ့​တွင် ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​သ​ကာ​ပြု​ခြင်း​ငှာ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​သို့​မ​ဆောင်​ခဲ့​လျှင်၊ ထို​သူ​သည် အ​သက်​သတ်​သော အ​ပြစ်​ရှိ​သည်​ဟု​မှတ်​ရ​မည်။ အ​သက်​သတ်​သော ထို​သူ​ကို သူ၏​အ​မျိုး​မှ​ပယ်​ရှင်း​ရ​မည်။

ဣ​သ​ရေ​လ​အ​မျိုး​သား​ချင်း​ဖြစ်​စေ၊ သင်​တို့​တွင်​တည်း​နေ​သော တစ်​ပါး​အ​မျိုး​သား​ဖြစ်​စေ၊ မီး​ရှို့​ရာ​ယဇ်​အ​စ​ရှိ​သော အ​ခြား​သော​ယဇ်​တစ်​စုံ​တစ်​ခု​ကို ပူ​ဇော်​သော​အ​ခါ၊

ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​သ​ကာ​ပြု​ခြင်း​ငှာ၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ​တံ​ခါး​သို့ မ​ဆောင်​ခဲ့​လျှင်၊ ထို​သူ​ကို သူ၏​အ​မျိုး​မှ​ပယ်​ရှင်း​ရ​မည်​ဟု သူ​တို့​အား​ဆင့်​ဆို​ရ​မည်။

ကောက်​လှိုင်း​ကို​ချီ​လွှဲ​သော​နေ့၌ အ​ခါ​မ​လည် အ​ပြစ်​မ​ပါ​သော သိုး​သ​ငယ်​အ​ထီး​ကို ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ မီး​ရှို့​ရာ​ယဇ်​ပြု၍ ပူ​ဇော်​ရ​မည်။

ထို​မုန့်​နှင့်​တ​ကွ အ​ခါ​မ​လည်​အ​ပြစ်​မ​ပါ​သော သိုး​သ​ငယ်​ခု​နစ်​ကောင်၊ နွား​သ​ငယ်​အ​ထီး​တစ်​ကောင်၊ ဆိတ်​နှစ်​ကောင်​ကို​ဆက်၍၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ သွန်း​လောင်း​ရာ​ပူ​ဇော်​သ​ကာ​နှင့်​တ​ကွ၊ ထာ​ဝ​ရ​ဘု​ရား​အား​မွှေး​ကြိုင်​ရာ​ဖို့ မီး​ဖြင့်​ပြု​သော​ပူ​ဇော်​သ​ကာ​တည်း​ဟူ​သော မီး​ရှို့​ရာ​ယဇ်​ကို ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​ရ​မည်။

နွား​ကို​မိတ်​သ​ဟာ​ယ​ယဇ်​ပြု​လို​လျှင်၊ အ​ပြစ်​မ​ပါ​သော အ​ထီး​အ​မ တစ်​ကောင်​ကောင်​ကို၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဆက်​ရ​မည်။

ပ​ရိ​သတ်​တွင် အ​သက်​ကြီး​သော​သူ​တို့​သည်၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ မိ​မိ​တို့​လက်​ကို နွား​ခေါင်း​ပေါ်​မှာ​တင်၍၊ ထို​နွား​ကို ရှေ့​တော်၌​သတ်​ရ​ကြ​မည်။

မိ​မိ​ပြစ်​မှား​မိ​သော​အ​ပြစ်​ကို​သိ​သော​အ​ခါ၊ အ​ပြစ်​မ​ပါ​သော ဆိတ်​သ​ငယ်​အ​ထီး​ကို ပူ​ဇော်​သ​ကာ​ဖို့​ဆောင်​ခဲ့​ရ​မည်။

ဘိ​သိက်​ခံ​သော​ယဇ်​ပု​ရော​ဟိတ်​သည် လူ​များ​ကို အ​ပြစ်​ထဲ​သို့​သွေး​ဆောင်၍ ကိုယ်​တိုင်​ပြစ်​မှား​လျှင်၊ ထို​အ​ပြစ်​အ​တွက် အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့​အ​ပြစ်​မ​ပါ၊ အ​သက်​ပျို​သော နွား​ထီး​ကို၊

သိုး​သ​ငယ်​ကို အ​ပြစ်​ဖြေ​ရာ​ယဇ်​ပြု​လို​လျှင်၊ အ​ပြစ်​မ​ပါ​သော​အ​မ​ကို ဆောင်​ခဲ့​ရ​မည်။

တစ်​စုံ​တစ်​ယောက်​သော​သူ​သည် တ​ရား​ကို​မ​သိ၊ ထာ​ဝ​ရ​ဘု​ရား​နှင့် ဆိုင်​သော​အ​ရာ​တို့၌ လွန်​ကျူး​ပြစ်​မှား​မိ​လျှင်၊ ထို​ပြစ်​မှား​ခြင်း​အ​တွက် ဒု​စ​ရိုက်​ဖြေ​ရာ​ယဇ်​တည်း​ဟူ​သော အ​ပြစ်​မ​ပါ​သော​သိုး​ထီး​ကို​လည်း​ကောင်း၊ အ​ကျပ်​တော်​အ​လိုက် ချင့်​တွက်၍ ချိန်​သော​အ​လျော်​ငွေ​ကို​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​အ​ထံ​တော်​သို့ ဆောင်​ခဲ့​ရ​မည်။

ဒု​စ​ရိုက်​ဖြေ​ရာ​ယဇ်​ကို​ပြု​ခြင်း​ငှာ ချင့်​တွက်​သော​အ​လျော်​ငွေ​နှင့်​တ​ကွ၊ အ​ပြစ်​မ​ပါ​သော သိုး​ထီး​ကို​ဆောင်​ခဲ့​ရ​မည်။ တ​ရား​ကို​မ​သိ ပြစ်​မှား​မိ​သော်​လည်း၊ ကိုယ်​ပြစ်​မှား​မှန်း​ကို မ​သိ​သော​သူ​အ​ဖို့ ယဇ်​ပု​ရော​ဟိတ်​သည် အ​ပြစ်​ဖြေ​ခြင်း​ကို ပြု​လျှင်၊ ထို​သူ၏​အ​ပြစ်​လွတ်​လိမ့်​မည်။

တစ်​စုံ​တစ်​ယောက်​သော​သူ​သည် သူ​တစ်​ပါး​အပ်​နှံ​သော​ဥ​စ္စာ​အ​တွက် ပေါင်​ထား​သော​ဥ​စ္စာ​အ​တွက်၊ မိ​မိ​နှင့်​စပ်​ဆိုင်​သော​သူ​အား မု​သား​စ​ကား​ကို ပြော​သော်​လည်း​ကောင်း၊ သူ့​ဥ​စ္စာ​ကို အ​နိုင်​အ​ထက်​ယူ​သော်​လည်း​ကောင်း၊ မိ​မိ​နှင့်​စပ်​ဆိုင်​သော​သူ​ကို လှည့်​စား​သော်​လည်း​ကောင်း၊

တစ်​ဖန် မော​ရှေ​အား​ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည်​အာ​ရုန်​နှင့် သူ၏​သား​တို့​အား​ဆင့်​ဆို​ရ​သော မီး​ရှို့​ရာ ယဇ်​ပူ​ဇော်​ခြင်း​တ​ရား​ဟူ​မူ​ကား၊ ယဇ်​ကောင်​ကို ယဇ်​ပ​လ္လင်​ထင်း​မီး​ပေါ်​မှာ တစ်​ည​လုံး​နံ​နက်​တိုင်​အောင်​ရှိ​စေ၍၊ ယဇ်​ပ​လ္လင်​မီး​သည် အ​စဉ်​လောင်​ရ​မည်။

သို့​မ​ဟုတ် သ​စ္စာ​ပြု၍​ယဇ်​ပူ​ဇော်​သည်​ဖြစ်​စေ၊ ကိုယ်​အ​လို​အ​လျောက် ပူ​ဇော်​သည်​ဖြစ်​စေ၊ ပူ​ဇော်​သော​နေ့​ချင်း​တွင်၊ ယဇ်​အ​သား​ကို​စား၍ အ​ကြွင်း​ကို​လည်း နက်​ဖြန်​နေ့​စား​ရ​မည်။

ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ မီး​ရှို့​ရာ​ယဇ်​ပြု​သော သိုး​ထီး​ကို​လည်း​ဆောင်​ခဲ့၍၊ အာ​ရုန်​နှင့် သူ၏​သား​တို့​သည်၊ မိ​မိ​တို့​လက်​ကို သိုး​ခေါင်း​ပေါ်​မှာ​တင်​ကြ၏။

ဝမ်း​ထဲ၌​ရှိ​သော​အ​ရာ​နှင့် ခြေ​တို့​ကို​ဆေး​ကြော၍၊ သိုး​တစ်​ကောင်​လုံး​ကို ယဇ်​ပ​လ္လင်​ပေါ်​မှာ​မီး​ရှို့​လေ၏။ မွှေး​ကြိုင်​ရာ​ဖို့ မီး​ရှို့​သော​ယဇ်​ဖြစ်​သ​တည်း။ မီး​ဖြင့် ထာ​ဝ​ရ​ဘု​ရား​အား​ပြု​သော ပူ​ဇော်​သ​ကာ​ဖြစ်​သ​တည်း။

အာ​ရုန်​အား၊ သင်​သည်​အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖို့ အ​ပြစ်​မ​ပါ​သော နွား​သ​ငယ်​တစ်​ကောင်၊ မီး​ရှို့​ရာ​ယဇ်​ဖို့ အ​ပြစ်​မ​ပါ​သော သိုး​ထီး​တစ်​ကောင်​ကို​ယူ၍ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌​ပူ​ဇော်​လော့။

ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ အို ဓား၊ ငါ၏​သိုး​ထိန်း​တစ်​ဖက်၊ ငါ၏​အ​ပေါင်း​အ​ဖော်​ဖြစ်​သော​သူ တစ်​ဖက်၌ နိုး​လော့။ သိုး​ထိန်း​ကို ရိုက်​သတ်​လော့။ သို့​ပြု​လျှင်၊ သိုး​တို့​သည် ကွဲ​လွင့်​ရ​ကြ​လိမ့်​မည်။ သိုး​သ​ငယ်​တို့​အ​ပေါ်၌​လည်း ငါ​သည် ငါ့​လက်​ကို တင်​ဦး​မည်။

သ​စ္စာ​က​တိ​ထား​ပြီး​မှ မိ​မိ​သိုး​စု၌ အ​ထီး​ရှိ​လျက်​ပင်​လှည့်​စား၍၊ ထာ​ဝ​ရ​ဘု​ရား​အား ချို့​တဲ့​သော အ​ကောင်​ကို ယဇ်​ပူ​ဇော်​သော​သူ​သည် အ​မင်္ဂ​လာ​ရှိ​စေ​သ​တည်း။ ငါ​သည် ကြီး​မြတ်​သော ရှင်​ဘု​ရင်​ဖြစ်၏။ ငါ၏​နာ​မ​တော်​သည် လူ​အ​မျိုး​မျိုး​တို့​တွင် ကြောက်​မက်​ဖွယ်​ဖြစ်​ရ​မည်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

သ​စ္စာ​က​တိ​ရှိ၍ ပူ​ဇော်​သော်​လည်း​ကောင်း၊ အ​လို​လို​ပူ​ဇော်​သော်​လည်း​ကောင်း၊ ပွဲ​သ​ဘင်​ခံ၍ ပူ​ဇော်​သော်​လည်း​ကောင်း၊ မီး​ရှို့​ရာ​ယဇ်​အ​စ​ရှိ​သော အ​ခြား​သော​ယဇ်​ကို မီး​ဖြင့်​ပူ​ဇော်၍ သိုး​နွား​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ မွှေး​ကြိုင်​သော​အ​နံ့​ကို​ပြု​ခြင်း​ငှာ အ​လို​ရှိ​လျှင်၊

ထာ​ဝ​ရ​ဘု​ရား​အား​မီး​ရှို့​ရာ​ယဇ်၊ သ​စ္စာ​က​တိ​ရှိ၍​ပူ​ဇော်​သော​ယဇ်၊ မိတ်​သ​ဟာ​ယ​ယဇ်​ဖို့ နွား​ကို​ပြင်​ဆင်​လျှင်၊

အ​ပြစ်​မ​ပါ၊ တစ်​ခါ​မျှ​ထမ်း​ပိုး​မ​တင်၊ ကွက်​ကျား​ခြင်း​မ​ရှိ၊ အ​ဆင်း​နီ​သော နွား​မ​ပျို​ကို၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဆောင်​ခဲ့​မည်​အ​ကြောင်း ဆင့်​ဆို​လော့။

ဘု​ရား​သ​ခင်​သည် မု​သား​စ​ကား​ကို​ပြော​အံ့​သော​ငှာ လူ​ဖြစ်​တော်​မူ​သည်​မ​ဟုတ်။ နောင်​တ​ရ​အံ့​သော​ငှာ လူ​သား​ဖြစ်​တော်​မူ​သည်​မ​ဟုတ်။ မိန့်​တော်​မူ​ပြီး​မှ၊ စ​ကား​တော်​အ​တိုင်း မ​ပြု​ဘဲ​နေ​တော်​မူ​မည်​လော။ က​တိ​ထား​တော်​မူ​ပြီး​မှ၊ က​တိ​တော်​မ​တည်​ဘဲ နေ​တော်​မူ​မည်​လော။

တစ်​ဖန် ဗာ​လက်​မင်း​က၊ လာ​ပါ​တော့။ အ​ခြား​သော​အ​ရပ်​သို့ ဆောင်​သွား​ပါ​မည်။ ထို​အ​ရပ်၌ သူ​တို့​ကို​ငါ့​အ​ဖို့ ကျိန်​ဆဲ​စေ​ခြင်း​ငှာ ဘု​ရား​သ​ခင်​အ​လို​တော် ရှိ​ကောင်း​ရှိ​တော်​မူ​လိမ့်​မည်​ဟု ဗာ​လမ်​အား​ဆို​လျက်၊

ဗာ​လမ်​က​လည်း၊ မင်း​ကြီး​ပူ​ဇော်​သော မီး​ရှို့​ရာ​ယဇ်​နား​မှာ ရပ်​လော့။ ငါ​သည် အ​ခြား​တစ်​ပါး​သို့​သွား​ပါ​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို​ကြို​ဆို​ခြင်း​ငှာ ကြွ​လာ​ကောင်း ကြွ​လာ​တော်​မူ​လိမ့်​မည်။ ငါ့​အား​ပြ​တော်​မူ​သ​မျှ​ကို မင်း​ကြီး​အား ငါ​ကြား​ပြော​ပါ​မည်​ဟု ဗာ​လက်​မင်း​အား​ဆို​ပြီး​မှ ကုန်း​တစ်​ခု​ပေါ်​သို့ တက်​သွား၏။

ဗာ​လက်​မင်း​သည်​ပြု၍၊ ယဇ်​ပ​လ္လင်​တစ်​ခု​တစ်​ခု​အ​ပေါ်​မှာ နွား​တစ်​ကောင်​စီ​နှင့် သိုး​တစ်​ကောင်​စီ​ကို ပူ​ဇော်​လေ၏။

လ​ဆန်း​တစ်​ရက်​နေ့၌၊ အ​သက်​ပျို​သော နွား​ထီး​နှစ်​ကောင်၊ သိုး​ထီး​တစ်​ကောင်၊ အ​ခါ​လည်၊ အ​ပြစ်​မ​ပါ​သော သိုး​သ​ငယ်​ခု​နစ်​ကောင်​တို့​ကို၊ ထာ​ဝ​ရ​ဘု​ရား​အား မီး​ရှို့​ရာ​ယဇ်​ပြု၍ ပူ​ဇော်​ရ​မည်။

ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ပြု​သော​ယဇ်​တည်း​ဟူ​သော အ​သက်​ပျို​သော နွား​ထီး​နှစ်​ကောင်၊ သိုး​ထီး​တစ်​ကောင်၊ အ​ခါ​လည် အ​ပြစ်​မ​ပါ​သော သိုး​သ​ငယ်​ခု​နစ်​ကောင်​တို့​ကို မီး​ရှို့​ရာ​ယဇ်​ပြု၍ ပူ​ဇော်​ရ​မည်။

ထို​သို့​အ​စဉ်​အ​မြဲ​ပူ​ဇော်​သော မီး​ရှို့​ရာ​ယဇ်၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​မှ​တစ်​ပါး၊ သွန်း​လောင်း​ရာ​ပူ​ဇော်​သ​ကာ​နှင့်​တ​ကွ၊ အ​ပြစ်​မ​ပါ​သော ယဇ်​ကောင်​များ​တို့​ကို ထပ်၍​ပူ​ဇော်​ရ​မည်။

ပ​ထ​မ​နေ့၌ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ မွှေး​ကြိုင်​သော​အ​နံ့​နှင့် မီး​ဖြင့်​ပြု​သော မီး​ရှို့​ရာ​ယဇ်​ဖို့ အ​သက်​ပျို​သော နွား​ထီး​ဆယ်​သုံး​ကောင်၊ သိုး​ထီး​နှစ်​ကောင်၊ အ​ခါ​လည်​အ​ပြစ်​မ​ပါ​သော သိုး​သ​ငယ်​ဆယ်​လေး​ကောင်​တို့​ကို ပူ​ဇော်​ရ​မည်။

ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ မွှေး​ကြိုင်​သော​အ​နံ့​နှင့် မီး​ရှို့​ရာ​ယဇ်​ဖို့ အ​သက်​ပျို​သော နွား​ထီး​တစ်​ကောင်၊ သိုး​ထီး​တစ်​ကောင်၊ အ​ခါ​လည်​အ​ပြစ်​မ​ပါ​သော သိုး​သ​ငယ်​ခု​နစ်​ကောင်​တို့​ကို ပူ​ဇော်​ရ​မည်။

ကောင်း​ကင်​တ​မန်​က​လည်း၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် သင်၏​အ​ပေါ်​မှာ သက်​ရောက်​တော်​မူ၍၊ အ​မြင့်​ဆုံး​သော​ဘု​ရား၏ တန်​ခိုး​အာ​နု​ဘော်​တော်​သည် သင့်​ကို​လွှမ်း​မိုး​လိမ့်​မည်။ ထို​အ​ကြောင်း​ကြောင့် ထို​သန့်​ရှင်း​သော​သား​သည်​လည်း ဘု​ရား​သ​ခင်၏​သား​တော်​ဟု ခေါ်​ဝေါ်​သ​မုတ်​ခြင်း​ကို ခံ​ရ​လိမ့်​မည်။

ယေ​ရှု​ကြွ​တော်​မူ​သည်​ကို​မြင်​လျှင်၊ ဘု​ရား​သ​ခင်၏ သိုး​သ​ငယ်​ကို ကြည့်​လော့​ဟု​ဆို၏။-

ထို​ကြောင့် တစ်​ဖန်​ယေ​ရှု​က၊ ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ ငါ​သည် သိုး​ဝင်​သော​တံ​ခါး​ဝ ဖြစ်၏။-

ငါ​သည် တံ​ခါး​ဝ​ဖြစ်၏။ ငါ​ဖြင့်​ဝင်​သော​သူ​သည် ဘေး​နှင့် ကင်း​လွတ်​လျက် ထွက်​ဝင်၍ ကျက်​စား​ရာ​ကို တွေ့​ရ​လိမ့်​မည်။-

အ​ကြောင်း​မူ​ကား၊ စေ​တ​နာ​စိတ်​သည် အ​သင့်​ရှိ​လျှင်၊ မ​တတ်​နိုင်​သော​အ​မှု​ကို မ​ထောက်​ဘဲ၊ တတ်​နိုင်​သော​အ​မှု​ကို ထောက်၍ နှစ်​သက်​တော်​မူ​ဖွယ် ဖြစ်၏။-

လူ​တိုင်း ကိုယ်​အ​လို​အ​လျောက် လှူ​ရ၏။ နှ​မြော​သော​စိတ်​နှင့် မ​လှူ​ရ၊ မ​လှူ​ဘဲ​မ​နေ​ရ​ဟု စိတ်​ထင်​နှင့် မ​လှူ​ရ၊ အ​ကြောင်း​မူ​ကား၊ စေ​တ​နာ​စိတ်​နှင့် လှူ​သော​သူ​ကို​သာ ဘု​ရား​သ​ခင် နှစ်​သက်​တော်​မူ၏။-

ထို​သို့ ခ​ရစ်​တော်​အား​ဖြင့် ငါ​တို့​နှစ်​ဦး​သည် စိတ်​ဝိ​ညာဉ်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်၍၊ ခ​မည်း​တော်​ထံ​သို့ တိုး​ဝင်​ရ​မည်​အ​ခွင့်​ကို ရ​ကြ​ပြီ။

အ​သား​နှင့် အ​သွေး​ကို​ရော​နှော၍၊ မီး​ရှို့​ရာ​ယဇ်​တို့​ကို၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​ယဇ်​ပ​လ္လင်​ပေါ်​မှာ ပူ​ဇော်​ရ​မည်။ ယဇ်​ကောင်​အ​သွေး​ကို၊ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၏​ယဇ်​ပ​လ္လင်​ပေါ်​မှာ သွန်း​လောင်း၍၊ အ​သား​ကို​စား​ရ​မည်။

ထို​သိုး​နွား​တို့၌ ခြေ​ဆွံ့၊ မျက်​စိ​ကန်း​အ​စ​ရှိ​သော အင်္ဂါ​ချို့​တဲ့​ခြင်း​အ​ပြစ်၊ အ​ခြား​သော​အ​ပြစ် တစ်​စုံ​တစ်​ခု​ရှိ​လျှင်၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား ယဇ်​မ​ပူ​ဇော်​ရ။

အ​ပြစ်​ပါ​သော သိုး၊ နွား၊ ယုတ်​သော​လ​က္ခ​ဏာ​ပါ​သော သိုး၊ နွား​ကို၊ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား ယဇ်​မ​ပူ​ဇော်​ရ။ ထို​သို့​သော​ယဇ်​ကို သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် စက်​ဆုပ်​ရွံ​ရှာ​တော်​မူ၏။

ထို​သို့​သော ယဇ်​ပု​ရော​ဟိတ်​မင်း​သည် သန့်​ရှင်း​စင်​ကြယ်၍ အ​ညစ်​အ​ကြေး​နှင့် ကင်း​လွတ်​လျက် အ​ပြစ်​ရှိ​သော​သူ​တို့​နှင့် မ​ဆက်​ဆံ၊ ကောင်း​ကင်​သား​အ​ပေါင်း​တို့​ထက် မြင့်​မြတ်​သော​သူ​ဖြစ်၍၊ ငါ​တို့​နှင့် တော်​သင့်​တော်​မူ၏။-

ထို​မျှ​မ​က၊ အ​ပြစ်​ကင်း​သော ကိုယ်​တော်​ကို၊ ထာ​ဝ​ရ​ဝိ​ညာဉ်​တော် အား​ဖြင့်၊ ဘု​ရား​သ​ခင့်​ရှေ့၌ တင်​လှူ​ပူ​ဇော်​သော ခ​ရစ်​တော်၏​အ​သွေး​သည်၊ သေ​ခြင်း​နှင့် စပ်​ဆိုင်​သော​အ​ကျင့်​ကို ပယ်​ရှင်း၍၊ သင်​တို့​သည် အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်​ကို ဝတ်​ပြု​မည်​အ​ကြောင်း၊ သင်​တို့၌ ကိုယ်​ကို​ကိုယ်​သိ​သော စိတ်​ကို စင်​ကြယ်​စေ​ခြင်း​ငှာ၊ သာ၍​တတ်​နိုင်​တော်​မူ​သည် မ​ဟုတ်​လော။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ