မိဖုရားခြောက်ကျိပ်၊ မောင်းမမိဿံရှစ်ကျိပ်၊ အပျိုတော်အတိုင်းမသိ ရှိကြ၏။
ရှောလမုန်မင်းကြီးသည် ဖာရောဘုရင်၏သမီးမှတစ်ပါး၊ ဣသရေလအမျိုးသားမဟုတ်သော မောဘအမျိုး၊ အမ္မုန်အမျိုး၊ ဧဒုံအမျိုး၊ ဇိဒုန်အမျိုး၊ ဟိတ္တိအမျိုးသား မိန်းမအများတို့ကိုချစ်တတ်၏။
မင်းသမီးဖြစ်သော ခင်ပွန်းခုနစ်ရာ၊ မောင်းမမိဿံသုံးရာရှိ၍၊ သူတို့သည် စိတ်နှလုံးတော်ကိုလွဲစေကြ၏။
ရောဗောင်သည် ခင်ပွန်း တစ်ဆယ်ရှစ်ယောက်၊ မောင်းမမိဿံ ခြောက်ဆယ်တို့ကိုသိမ်းယူ၍၊ သားနှစ်ဆယ်ရှစ်ယောက်၊ သမီးခြောက်ဆယ်တို့ကို ရသည်တွင်၊ အဗရှလုံသမီးမာခါကို အခြားသောခင်ပွန်း မောင်းမမိဿံအပေါင်းတို့ထက် သာ၍ချစ်သောကြောင့်၊
ဇာနှင့်ကာလျက် ရှင်ဘုရင်ထံသို့ ဆောင်ခဲ့ရ၏။ နောက်လိုက်သော အပေါင်းအဖော် အပျိုတော်များကိုလည်း၊ ကိုယ်တော်ထံသို့ သွင်းရလိမ့်မည်။
အပြည်ပြည်သော မင်းသမီးတို့သည် မောင်းမမိဿံအဝင်ဖြစ်၍၊ လက်ယာတော်ဘက်မှာ ဩဖိရရွှေ တန်ဆာဆင်သော မြောက်သားတော်နေရာဖြစ်ပါ၏။
ကိုယ်တော်၌ မွှေးကြိုင်သော နံ့သာဆီကဲ့သို့၊ နာမတော်သည် သွန်းလောင်းသော နံ့သာဆီဖြစ်ပါ၏။ ထိုကြောင့် သတို့သမီးကညာတို့သည် ကိုယ်တော်ကို ချစ်ကြပါ၏။
ထိုနောက်မှ ငါကြည့်လျှင်၊ အသီးအသီး ဘာသာစကားကို ပြောသော လူအမျိုးအနွယ်ခပ်သိမ်းတို့ အထဲမှထွက်၍၊ အဘယ်သူမျှ မရေတွက်နိုင်သော လူများအပေါင်းတို့သည် ဖြူသောဝတ်လုံကို ဝတ်ဆင်လျက်၊ စွန်ပလွံခက်ကိုကိုင်လျက်၊ ပလ္လင်တော်ရှေ့၊ သိုးသငယ် ရှေ့မှာရပ်နေကြ၏။-