ရှောလမုန်သီချင်း။ 6:9Judson Bibleငါ့ချိုး၊ ငါ၏စုံလင်သူသည် ငါ၌တစ်ပါးတည်းရှိ၏။ ဖွားမြင်သောမိခင်၌ အချစ်ဆုံးသောသမီးဖြစ်၏။ လူမျိုးသမီးတို့သည် သူ့ကိုမြင်၍ ကောင်းချီးပေးကြ၏။ မိဖုရားများနှင့် မောင်းမမိဿံများတို့သည် ချီးမွမ်းကြ၏။ အခန်းကိုကြည့်ပါ။ |
အိုဣသရေလအမျိုး၊ သင်သည် မင်္ဂလာရှိ၏။ ထာဝရဘုရားကယ်တင်တော်မူသောအမျိုး၊ သင်နှင့်အဘယ်သူ တူသနည်း။ ထိုဘုရားသည် သင့်ကို ကွယ်ကာသောဒိုင်းလွှား၊ သင့်ကို ချီးမြှောက်သော ဓားလက်နက်ဖြစ်တော်မူ၏။ သင်၏ရန်သူတို့သည် သင့်ရှေ့မှာရှုံး၍၊ သင်သည် သူတို့၏မြင့်မြတ်သောအရပ်တို့၌ နင်းရလိမ့်မည်ဟု မြွက်ဆို၏။