နားပန်းဆံကြားမှာ ပါးတို့သည် သလဲသီးရှက်နှင့် တူကြ၏။
သင်သည် အဆင်းလှပေ၏။ ငါချစ်သောနှမ၊ အလွန်လှပေ၏။ ဗျာပါဆံကြားမှာ ချိုးမျက်စိနှင့် ပြည့်စုံ၏။ ဆံပင်သည်လည်း ဂိလဒ်တောင်ပေါ်မှ ဆင်းလာသော ဆိတ်စုကဲ့သို့ဖြစ်၏။
နှုတ်ခမ်းသည်လည်း နီထွေးသောကြိုးနှင့် တူ၏။ စကားသံလည်း သာယာပေ၏။ နားပန်းဆံကြားမှာ ပါးတို့သည် သလဲသီးယှက်နှင့် တူကြ၏။