Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှောလမုန်သီချင်း။ 5:4

Judson Bible

ငါ​ချစ်​ရာ​သ​ခင်​သည် လက်​တော်​ကို တံ​ခါး​ပေါက်​အ​ထဲ​သို့ သွင်း​တော်​မူ​သည်​ဖြစ်၍၊ သူ့​ကို​ချစ်​သ​နား​သော စိတ်​အား​ကြီး​သ​ဖြင့်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ညီ​ရင်း​ကို​မြင်​ရ​၍ ကြင်​နာ​သော​စိတ်​ရှိ​သော​ကြောင့် အ​လျင်​အ​မြန်​ထ​သွား​လေ၏။ ငို​ရာ​အ​ရပ်​ကို​ရှာ​သ​ဖြင့်၊ အိပ်​ခန်း​ထဲ​သို့​ဝင်၍ ငို​လေ​၏။

နော​ဧ​အ​သက်​ခြောက်​ရာ​စေ့​သော​နှစ်၊ ဒု​တိ​ယ​လ၊ ဆယ်​ခု​နစ်​ရက်​နေ့​တွင်၊ ကြီး​စွာ​သော နက်​နဲ​ရာ ရေ​ပေါက်​ရေ​တွင်း​တို့၏ အ​ဆီး​အ​တား​ရှိ​သ​မျှ​ကို​ပယ်​ရှင်း၍၊ မိုး​ကောင်း​ကင်​ပြွန်၀​များ​ကို ဖွင့်​သ​ဖြင့်၊

အ​သက်​ရှင်​သော​သူ​ငယ်၏​အ​မိ​သည် မိ​မိ​သား​ကို​အ​လွန်​သ​နား၍၊ အို​အ​ရှင်၊ အ​သက်​ရှင်​သော​သူ​ငယ်​ကို မ​သတ်​ပါ​နှင့်။ ဤ​မိန်း​မ​အား ပေး​တော်​မူ​ပါ​ဟု တောင်း​ပန်​လေ၏။ အ​ခြား​မိန်း​မ​က ငါ​မ​ပိုင်​စေ​နှင့်။ သင်​လည်း မ​ပိုင်​စေ​နှင့်။ ခွဲ​ပါ​လေ​စေ​ဟု ဆို၏။

တန်​ခိုး​တော်​ပြ​သော နေ့​ရက်​ကာ​လ၌၊ ကိုယ်​တော်၏​လူ​တို့​သည် သန့်​ရှင်း​သော တန်​ဆာ​ကို​ဆင်​လျက်၊ ကြည်​ညို​သော​စေ​တ​နာ​စိတ်​ရှိ၍၊ လူ​ပျို​တော်​တို့​သည် နံ​နက်​ဝမ်း​ထဲ​က​ထွက်​သော ဆီး​နှင်း​ကဲ့​သို့ ဖြစ်​ကြ​ပါ​လိမ့်​မည်။

ကျွန်​မ​ကို သွေး​ဆောင်​တော်​မူ​ပါ။ ကျွန်​မ​တို့​သည် နောက်​တော်​သို့ ပြေး၍​လိုက်​ကြ​ပါ​မည်။ အ​ရှင်​မင်း​ကြီး​သည် အိမ်​တော်​အ​တွင်း​ခန်း​ထဲ​သို့ ကျွန်​မ​ကို ဆောင်​ခဲ့​တော်​မူ​ပြီ။ ကျွန်​မ​တို့​သည် ကိုယ်​တော်​ကြောင့် ဝမ်း​မြောက်​ရွှင်​လန်း​ကြ​မည်။ မေ​တ္တာ​တော်​ကို စ​ပျစ်​ရည်​ထက် သာ၍​ချီး​မွမ်း​ကြ​မည်။ သ​တို့​သ​မီး​က​ညာ​တို့​သည် ကိုယ်​တော်​ကို မှန်​ကန်​စွာ ချစ်​ကြ​ပါ၏။

ဧ​ဖ​ရိမ်​သည် ငါ၏​ချစ်​သား​ဖြစ်​သ​လော။ ချစ်​ဖွယ်​သော သူ​ငယ်​ဖြစ်​သ​လော။ သူ၏​အ​ကြောင်း​ကို ငါ​ပြော​လေ​ရာ​ရာ၌ ငါ​သည် အ​လွန်​တ​ရာ အောက်​မေ့​လျက်​နေ၏။ ထို​ကြောင့်၊ ငါ​သည် သူ့​အ​တွက် စိတ်​ကြင်​နာ​ခြင်း​ရှိ၏။ အ​ကယ်​စင်​စစ် သူ့​ကို​ငါ​ကယ်​မ​သ​နား​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။

ထို​အ​ခါ နီ​မောင်း​သော​အ​ထည်​အ​လိပ်​ကို ရောင်း​သော သွာ​တိ​ရဲ​မြို့​သူ လု​ဒိ​အ​မည်​ရှိ​သော မိန်း​မ​တစ်​ယောက်​သည် ဘု​ရား​သ​ခင်​ကို ကိုး​ကွယ်​သော​သူ​ဖြစ်၍၊ တ​ရား​နာ​စဉ်​တွင် ပေါ​လု​ဟော​ပြော​သော​အ​ရာ​ကို မှီ​ဝဲ​ဆည်း​ကပ်​စေ​ခြင်း​ငှာ သူ၏​စိတ်​နှ​လုံး​ကို သ​ခင်​ဘု​ရား ဖွင့်​တော်​မူ၏။-

ထို​သို့​သင်​တို့၏ အ​ကျိုး​ကို​ပြု​စု​ချင်​သော စေ​တ​နာ​စိတ်​ကို ဘု​ရား​သ​ခင်​သည် တိ​တု​အား​လည်း ပေး​တော်​မူ​သော ကျေး​ဇူး​တော် ကြီး​လှ​ပေ၏။-

အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် အ​လို​ရှိ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ အ​ကျင့်​ကျင့်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သင်​တို့​အ​ထဲ၌ စေ​တ​နာ​တော်​အား​ဖြင့် ပြု​ပြင်​တော်​မူ​သော​သူ​ကား ဘု​ရား​သ​ခင်​ပေ​တည်း။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ