ကျွန်မသည် အဝတ်ကိုချွတ်ပါပြီ။ အဘယ်ကြောင့် ဝတ်ပြန်ရမည်နည်း။ ခြေကိုလည်းဆေးပါပြီ။ တစ်ဖန်ညစ်အောင် အဘယ်ကြောင့် ပြုရပါမည်နည်း။
အကျွန်ုပ်သခင်တို့၊ ကိုယ်တော်တို့ကျွန်၏အိမ်သို့ဝင်၍ တစ်ညလုံးနေကြပါ။ ခြေကိုဆေးကြပါ။ နံနက်စောစောထ၍ ကြွသွားကြပါလော့ဟု ဆိုလေ၏။ ကောင်းကင်တမန်တို့က၊ ငါတို့သည်မဝင်၊ တစ်ညလုံးလမ်း၌နေတော့မည်ဟု ဆိုသော်လည်း၊
ပျင်းရိသောသူသည် အဘယ်အရာကိုမျှ တောင့်တ၍မရတတ်။ လုံ့လဝိရိယပြုသောသူမူကား၊ မိမိအလိုဆန္ဒ ပြည့်စုံရ၏။
ပျင်းရိသောသူက၊ အိမ်ပြင်မှာ ခြင်္သေ့ရှိ၏။ လမ်းသို့ထွက်လျှင် ငါသေလိမ့်မည်ဟု ဆိုတတ်၏။
အိမ်နီးချင်းကို ပေးစရာရှိလျက်ပင်၊ သွားတော့။ တစ်ဖန်လာဦးတော့။ နက်ဖြန်မှ ငါပေးမည်ဟု မပြောနှင့်။
မင်္ဂလာဆောင်လုလင်သည် မလာဘဲနေစဉ်၊ ထိုသတို့သမီးအပေါင်းတို့သည် ငိုက်၍ အိပ်ပျော်ကြ၏။-
အိမ်ရှင်ကလည်း၊ ငါ့ကိုမနှောင့်ယှက်နှင့်။ တံခါးပိတ်လျက်ရှိ၏။ ငါ့သားသမီးတို့သည် ငါနှင့် အိပ်လျက်ရှိကြ၏။ ငါထ၍ သင့်အားမပေးနိုင်ဟု အိမ်ထဲက ပြန်ပြောသည်အရာမှာ၊-