Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှောလမုန်သီချင်း။ 5:5

Judson Bible

ငါ​ချစ်​ရာ​သ​ခင်​အား တံ​ခါး​ကို​ဖွင့်​အံ့​သော​ငှာ ထ​သော​အ​ခါ၊ ငါ့​လက်​မှ မု​ရန်​ဆီ၊ ငါ့​လက်​ချောင်း​တို့​မှ ပ​က​တိ​မု​ရန်​ဆီ​သည် တံ​ခါး​ကျင်​တိုင်​ပေါ်​မှာ စက်​စက်​ကျ​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ငါ​ချစ်​ရာ​သ​ခင်​သည် အ​ဆင်း​လှ၍၊ ချစ်​ဖွယ်​သော လ​က္ခ​ဏာ​နှင့် ပြည့်​စုံ​တော်​မူ၏။ ငါ​တို့​အိပ်​ရာ​ခင်း​သည် စိမ်း​သော​အ​ဆင်း​ရှိ၏။

မု​ရန်၊ လော​ဗန်​အ​စ​ရှိ​သော ကုန်​သည်​ရောင်း​တတ်​သော နံ့​သာ​မှုန့်​မျိုး​ကို​မီး​ရှို့၍၊ ထ​သော မီး​ခိုး​တိုင်​သ​ဏ္ဌာန်​ရှိ​လျက် တော​ထဲ​က​လာ​သော ထို​သူ​ကား၊ အ​ဘယ်​သူ​ဖြစ်​ပါ​လိမ့်​မည်​နည်း။ ရှော​လ​မုန်​မင်း၏ ယာဉ်​ပျံ​တော်​ကို ကြ​ည့်​ကြ​လော့။ သူ​ရဲ​ခြောက်​ကျိပ်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​သူ​ရဲ အ​ခြွေ​အ​ရံ​ရှိ​ကြ၏။

ပါး​တော်​တို့​သည် နံ့​သာ​တော၊ မွှေး​ကြိုင်​သော ပန်း​တော​ကဲ့​သို့​လည်း​ကောင်း၊ နှုတ်​ခမ်း​တော်​တို့​သည် ပ​က​တိ မု​ရန်​ဆီ​ယို​သော နှင်း​ပွင့်​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ကြ၏။

ငါ​သည် အိပ်​ပျော်​စဉ်၊ နှ​လုံး​နိုး​လျက်​ရှိ၏။ ငါ​ချစ်​ရာ​သ​ခင်၏​စ​ကား​သံ​ပေ။ ငါ့​နှ​မ၊ ငါ​ချစ်​သောအမိ၊ ငါ့​ချိုး၊ ငါ၏​စုံ​လင်​သူ၊ ငါ​အား​ဖွင့်​ပါ။ ငါ့​ခေါင်း​သည် နှင်း​နှင့်​လည်း​ကောင်း၊ ငါ့​ဆံ​ပင်​သည် ည၌​ကျ​တတ်​သော နှင်း​စက်​များ​နှင့်​လည်း​ကောင်း စို​ပြီ​ဟု​ဆို​လျက်၊ ခေါက်၍​နေ​တော်​မူ၏။

သ​ခင်​သည် မင်္ဂ​လာ​ဆောင်​ပွဲ​မှ ပြန်​လာ၍ တံ​ခါး​ကို​ခေါက်​သော​အ​ခါ ချက်​ချင်း​ဖွင့်​ခြင်း​ငှာ သ​ခင်​လာ​မည်​ကို​မျှော်​လ​င့်၍​နေ​သော ကျွန်​ကဲ့​သို့ ရှိ​နေ​ကြ​လော့။-

တိ​တု​ရောက်​လာ​ခြင်း​အား​ဖြင့်​သာ သက်​သာ​စေ​တော်​မူ​သည် မ​ဟုတ်။ တိ​တု​သည် သင်​တို့​ဆီ​မှာ​ရ​သော သက်​သာ​ခြင်း​အား​ဖြင့်​လည်း သက်​သာ​စေ​တော်​မူ၏။ အ​ဘယ်​သို့​နည်း ဟူ​မူ​ကား၊ သင်​တို့၏​တောင့်​တ​ခြင်း၊ ညည်း​တွား​ခြင်း၊ ငါ၏​အ​ကျိုး​အ​လို​ငှာ စေ​တ​နာ​စိတ်​အား​ကြီး​ခြင်း အ​ကြောင်း​အ​ရာ​များ​ကို သူ​သည် ငါ​တို့​အား ကြား​ပြော၏။ ထို​ကြောင့် ငါ​သည်​သာ၍ ဝမ်း​မြောက်​ခြင်း​ရှိ၏။-

ယုံ​ကြည်​ခြင်း​အား​ဖြင့် ခ​ရစ်​တော်​သည် သင်​တို့၏ စိတ်​နှ​လုံး​အ​ထဲ၌ ကျိန်း​ဝပ်​တော်​မူ​မည်​အ​ကြောင်း၊ ဘုန်း​တော်​ကြွယ်​ဝ​ပြည်​စုံ​ခြင်း​နှင့် ညီ​လျော်​စွာ သင်​တို့​အား ပေး​တော်​မူ၍၊ မေ​တ္တာ၌ စိုက်​ပျိုး​ခြင်း၊ တိုက်​မြစ်​လည်း​ကျ​တည်​ခြင်း ရှိ​သ​ဖြင့်၊-

ငါ​သည် တံ​ခါး​ရှေ့​မှာ​ရပ်၍ ခေါက်​လျက်​နေ၏။ အ​ကြင်​သူ​သည် ငါ၏​အ​သံ​ကို ကြား၍​တံ​ခါး​ကို​ဖွင့်​အံ့၊ ထို​သူ​ရှိ​ရာ​သို့​ငါ​ဝင်၍ သူ​နှင့်​အ​တူ စား​သောက်​မည်။ သူ​သည်​လည်း ငါ​နှင့်​အ​တူ စား​သောက်​ရ​လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ