Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှောလမုန်သီချင်း။ 1:7

Judson Bible

ကျွန်​မ နှစ်​သက်​နှစ်​လို​ရာ​အ​ရှင်၊ ကိုယ်​တော်​သည် သိုး​များ​ကို အ​ဘယ်​မှာ ထိန်း​တော်​မူ​သည်​ကို​လည်း​ကောင်း၊ မွန်း​တည့်​ချိန်၌ အ​ဘယ်​မှာ အ​ရိပ်​ခို​စေ​တော်​မူ​သည်​ကို​လည်း​ကောင်း ပြ​တော်​မူ​ပါ။ ကျွန်​မ​သည် အ​ခြား​တစ်​ပါး​သော သိုး​ထိန်း​နောက်​သို့ အ​ဘယ်​ကြောင့် လမ်း​လွဲ၍​လိုက်​ရ​ပါ​အံ့​နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

33 ပူးပေါင်းရင်းမြစ်များ  

အစ်​ကို​များ​ကို​ရှာ၏။ အ​ဘယ်​မှာ​ထိန်း​ကြ​သည်​ကို ပြော​ပါ​ဟု​ဆို​သော်၊

ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တောင်း​ပန်​ခြင်း​အ​သံ​ကို ကြား၍၊

အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်၏​ခွန်​အား​ဗ​လ​တည်း​ဟူ​သော ကိုယ်​တော်​ကို အ​ကျွန်ုပ်​ချစ်​ပါ၏။

အ​ကျွန်ုပ်၏​ကျောက်​ဖြစ်​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ကို အ​ကျွန်ုပ်​အော်​ဟစ်​ပါ၏။ မ​ထူး​ဘဲ​နေ​တော်​မ​မူ​ပါ​နှင့်။ မ​ထူး​ဘဲ​နေ​တော်​မူ​လျှင်၊ အ​ကျွန်ုပ်​သည် သင်္ချိုင်း​တွင်း​ထဲ​သို့ ဆင်း​သော​သူ​ကဲ့​သို့ ဖြစ်​ရ​ပါ​မည်။

သိုး​စု​ကို ပို့​ဆောင်​သ​ကဲ့​သို့ ယော​သပ်​အ​မျိုး​ကို ပို့​ဆောင်​တော်​မူ​သော ဣ​သ​ရေ​လ​သိုး​ထိန်း​ကြီး၊ နား​ထောင်​တော်​မူ​ပါ။ ခေ​ရု​ဗိမ်​တွင် ကျိန်း​ဝပ်​တော်​မူ​သော​ဘု​ရား၊ ရောင်​ခြည်​တော်​ကို လွှတ်​တော်​မူ​ပါ။

ငါ​ချစ်​ရာ​သ​ခင်​ကို ငါ​ဆိုင်​ပေ၏။ ငါ့​ကို​လည်း သ​ခင်​ဆိုင်​ပေ၏။ နှင်း​တော၌ ကျက်​စား​တော်​မူ၏။

တော​ပင်​စု​ထဲ​မှာ ရှောက်​ချို​ပင်​ကဲ့​သို့ ငါ​ချစ်​ရာ​သ​ခင်​သည် လူ​မျိုး​သား​စု​ထဲ​မှာ ဖြစ်​တော်​မူ၏။ ငါ​သည် သူ၏​အ​ရိပ်​ဝယ် ပျော်​မွေ့​နေ​ထိုင်၍၊ မြိန်​စွာ​သော​အ​သီး​ကို စား​ရ၏။

ငါ​ချစ်​ရာ​သ​ခင်​သည် ဖြူ​သော​အ​ဆင်း၊ နီ​သော​အ​ဆင်း​နှင့် ပြည့်​စုံ၍၊ လူ​တစ်​သောင်း​တို့​တွင် အ​ထွတ်​အ​မြတ် ဖြစ်​တော်​မူ၏။

နှုတ်​တော်​သည် အ​လွန်​ချို​ပေ၏။ တစ်​ကိုယ်​လုံး၌ ချစ်​ဖွယ်​သော ဂုဏ်​တော်​အ​ပေါင်း​တို့​နှင့် ပြည့်​စုံ​တော်​မူ၏။ ယေ​ရု​ရှ​လင်​မြို့​သ​မီး​တို့၊ ဤ​သူ​သည် ငါ​ချစ်​ရာ​သ​ခင်၊ ငါ့​မိတ်​ဆွေ ဖြစ်​တော်​မူ​သ​တည်း။

အို​ယေ​ရု​ရှ​လင်​မြို့​သ​မီး​တို့၊ သင်​တို့​သည် ငါ​ချစ်​ရာ​သ​ခင်​ကို တွေ့​လျှင်၊ သူ့​ကို​ငါ​ချစ်၍ နာ​နေ​ကြောင်း​ကို ကြား​ပြော​ကြ​ပါ​ဟု၊ ငါ​မှာ​ထား​တောင်း​ပန်​ပါ၏။

ငါ​ချစ်​ရာ​သ​ခင်​သည် ဥ​ယျာဉ်​တော်၌ သစ်​သီး​ကို စား၍၊ နှင်း​ပွင့်​ကို ဆွတ်​ယူ​မည်​ဟု၊ ဥ​ယျာဉ်​တော်​တွင် နံ့​သာ​တော​သို့ ဆင်း​သွား​တော်​မူ​ပေ၏။

ငါ​ချစ်​ရာ​သ​ခင်​သည် ငါ့​ကို​ဆိုင်​တော်​မူ၏။ ငါ​သည်​လည်း သ​ခင်​ကို ဆိုင်​ပေ၏။ နှင်း​တော၌ ကျက်​စား​တော်​မူ၏။

ဥ​ယျာဉ်​တို့၌ နေ​သော​သူ၊ သင်၏​စ​ကား​သံ​ကို သင်၏ အ​ပေါင်း​အ​ဖော်​တို့​သည် နား​ထောင်​တတ်​ကြ၏။ ငါ​သည်​လည်း ကြား​ပါ​ရ​စေ။

ထို​မြို့၌ ကာ​လ​အ​စဉ်၊ လူ​မျိုး​အ​ဆက်​ဆက် အ​ဘယ်​သူ​မျှ​မ​နေ​ရ။ ထို​မြို့၌ အာ​ရပ်​လူ​သည် တဲ​ကို​မျှ​မ​ဆောက်​ရ။ သိုး​ထိန်း​တို့​သည် သိုး​ခြံ​ကို​မျှ မ​လုပ်​ရ​ကြ။

ည​အ​ခါ အ​ကျွန်ုပ်​သည် စိတ်​နှ​လုံး​နှင့် ကိုယ်​တော်​ကို တောင့်​တ​ပါ၏။ နံ​နက်​အ​ခါ အ​ကျွန်ုပ်​သည် အ​တွင်း​ဝိ​ညာဉ်​အား​ဖြင့် ကိုယ်​တော်​ကို​ရှာ​ပါ၏။ မြေ​ပေါ်​မှာ အ​မှု​ကို​စစ်​ကြော​စီ​ရင်​တော်​မူ​သော​အ​ခါ၊ လော​ကီ​သား​တို့​သည် တ​ရား​ကို​သင်​ကြ၏။

မိ​မိ​သိုး​စု​ကို သိုး​ထိန်း​ကဲ့​သို့ ကျွေး​မွေး​တော်​မူ​မည်။ သိုး​သ​ငယ်​တို့​ကို ချီ၍ ပိုက်​ပွေ့​တော်​မူ​မည်။ သား​ငယ်​ရှိ​သော သိုး​မ​တို့​ကို​လည်း ဖြည်း​ညင်း​စွာ ပို့​ဆောင်​တော်​မူ​မည်။

ငါ​ချစ်​ရာ​သ​ခင်၏ စ​ပျစ်​ဥ​ယျာဉ်​တော်​ကို​အ​ကြောင်း​ပြု၍၊ မေ​တ္တာ​သီ​ချင်း​ကို ရှေ့​တော်၌​ဆို​ပေ​အံ့။ မြေ​ကောင်း​သော​တောင်​ပေါ်​မှာ ငါ​ချစ်​ရာ​သ​ခင်၏ စ​ပျစ်​ဥ​ယျာဉ်​တော် တစ်​ဆူ​ရှိ၏။

ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ လူ​မ​ရှိ၊ တိ​ရ​စ္ဆာန်​မ​ရှိ၊ ဆိတ်​ညံ​သော ဤ​အ​ရပ်​တွင်၊ မြို့​ရွာ​ရှိ​သ​မျှ​တို့၌ သိုး​စု​ကို​ထိန်း​သော သိုး​ထိန်း​နေ​ရာ​ရှိ​လေ​ဦး​မည်။

ထို​သ​ခင်​သည် ရပ်၍ ထာ​ဝ​ရ​ဘု​ရား၏ အ​စွမ်း​သ​တ္တိ​နှင့်​လည်း​ကောင်း၊ မိ​မိ​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​တော် တန်​ခိုး​အာ​နု​ဘော်​နှင့်​လည်း​ကောင်း၊ မိ​မိ​သိုး​စု​ကို ကျွေး​မွေး​လိမ့်​မည်။ သူ​တို့​သည်​လည်း တည်​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ထို​သ​ခင်​သည် မြေ​ကြီး​စွန်း​တိုင်​အောင် အ​စိုး​ရ၍၊ ရန်​ငြိမ်း​ခြင်း​အ​ကြောင်း ဖြစ်​တော်​မူ​လိမ့်​မည်။

အ​ကြင်​သူ​သည် ငါ့​ကို​ချစ်​သည်​ထက် မိ​ဘ​ကို သာ၍​ချစ်၏။ ထို​သူ​သည် ငါ​နှင့်​မ​ထိုက်​မ​တန်။ အ​ကြင်​သူ​သည် ငါ့​ကို ချစ်​သည်​ထက် သား​သ​မီး​ကို သာ၍​ချစ်၏။ ထို​သူ​သည် ငါ​နှင့် မ​ထိုက်​မ​တန်။-

ငါ​သည် ကောင်း​သော​သိုး​ထိန်း​လည်း​ဖြစ်၏။ ကောင်း​သော​သိုး​ထိန်း​သည် သိုး​တို့​အ​ဖို့​အ​လို​ငှာ မိ​မိ​အ​သက်​ကို စွန့်​တတ်၏။-

ယေ​ရှု​က​လည်း၊ ယော​န၏​သား​ရှိ​မုန်၊ သင်​သည် ငါ့​ကို​ချစ်​သ​လော​ဟု တ​တိ​ယ​အ​ကြိမ်​မေး​တော်​မူ​လျှင်၊ သင်​သည်​ငါ့​ကို​ချစ်​သ​လော​ဟု သုံး​ကြိမ်​မြောက်​အောင် မေး​တော်​မူ​သော​ကြောင့် ပေ​တ​ရု​သည်​စိတ်​နာ​သ​ဖြင့်၊ သ​ခင်၊ ကိုယ်​တော်​သည် ခပ်​သိမ်း​သော​အ​ရာ​တို့​ကို သိ​တော်​မူ၏။ ကိုယ်​တော်​ကို အ​ကျွန်ုပ်​ချစ်​သည်​ကို ကိုယ်​တော်​သိ​တော်​မူ၏​ဟု လျှောက်​သော်၊ ယေ​ရှု​က၊ ငါ၏​သိုး​တို့​ကို ကျွေး​မွေး​လော့။-

ထို​သ​ခင်​ကို သင်​တို့​သည် မ​မြင်​ဖူး​သော်​လည်း ချစ်​ကြ၏။ ယ​ခု​မှာ​လည်း မ​မြင်​ဘဲ​လျက်၊ ယုံ​ကြည်​သော​အား​ဖြင့် ဘုန်း​အ​သ​ရေ​နှင့် စပ်​ဆိုင်​သော၊ ပြော၍​မ​မီ​နိုင်​သော ရွှင်​လန်း​ခြင်း​စိတ်​နှင့် ဝမ်း​မြောက်​ကြ​သည်​ဖြစ်၍၊-

သို့​ဖြစ်၍ ယုံ​ကြည်​ခြင်း​ရှိ​သော သင်​တို့၌​ကား ဘုန်း​အ​သ​ရေ​ရှိ၏။ နား​မ​ထောင်​သော သူ​တို့၌​ကား၊ တိုက်​ကို​တည်​လုပ်​သော​သူ​များ ပယ်​ထား​သော ကျောက်​သည် နောက်​တစ်​ဖန် တိုက်​ထောင့်​အ​ထွတ်​ဖျား​သို့ ရောက်​ပြန်၏။-

ထို​သူ​တို့​သည် ငါ​တို့​ထံ​မှ ထွက်​သွား​ကြ၏။ သို့​သော်​လည်း အ​ထက်​က ငါ​တို့​နှင့်​မ​စပ်​ဆိုင်​ကြ။ ငါ​တို့​နှင့်​စပ်​ဆိုင်​လျှင် ငါ​တို့​နှင့်​အ​တူ နေ​ကြ​လိမ့်​မည်။ ထို​သူ​အ​ပေါင်း​တို့​သည် ငါ​တို့​နှင့်​မ​စပ်​ဆိုင်​ကြောင်း​ကို ထင်​ရှား​စေ​ခြင်း​ငှာ၊ ငါ​တို့​ထံ​မှ ထွက်​သွား​ကြ၏။-

အ​ကြောင်း​မူ​ကား၊ ပ​လ္လင်​တော်​အ​တွင်း၌ ရှိ​သော သိုး​သ​ငယ်​သည် သူ​တို့​ကို​လုပ်​ကျွေး၍၊ အ​သက်​စမ်း​ရေ​တွင်း​သို့ လမ်း​ပြ​လိမ့်​မည်။ ဘု​ရား​သ​ခင်​သည်​လည်း သူ​တို့​မျက်​စိ၌ မျက်​ရည်​ရှိ​သ​မျှ​တို့​ကို သုတ်​တော် မူ​မည်​ဟု ဆို​လေ၏။-

ထို​သူ​က၊ ငါ့​စ​ပါး​ရိတ်​ခြင်း​အ​မှု မ​ပြီး​မီ​တိုင်​အောင်၊ ငါ့​လူ​တို့၌ မှီ​ဝဲ​လျက်​နေ​တော့​ဟု ဆို​ကြောင်း​ကို​လည်း မော​ဘ​အ​မျိုး​သ​မီး ရု​သ​သည် ကြား​ပြော​သော်၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ