Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှောလမုန်သီချင်း။ 1:6

Judson Bible

ငါ​သည် နေ​ပူ​ကို​ခံ၍ မည်း​သော​အ​ဆင်း​ရှိ​သော​ကြောင့်၊ ငါ့​ကို မ​ကြည့်​ရှု​ကြ​ပါ​နှင့်။ ငါ့​မိ​ခင်၏​သား​သ​မီး​တို့​သည် ငါ့​ကို မ​နာ​လို​သော​စိတ်​ရှိ၍၊ စ​ပျစ်​ဥ​ယျာဉ်​တို့​ကို စောင့်​စေ​ကြ၏။ ကိုယ်​ဥ​ယျာဉ်​ကို မ​စောင့်​ရ​ပါ။

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

အ​ဆင်း​မည်း​လျက် အ​ရိုး​ပူ​လောင်​လျက်​ရှိ၏။

ကိုယ်​ညီ​အစ်​ကို​တို့​တွင်၊ လူ​စိမ်း​ဖြစ်​ခဲ့​ပါ​ပြီ။ တစ်​မိ​တည်း​သော ပေါက်​ဖော်​တို့​တွင်၊ တစ်​ကျွန်း​တစ်​နိုင်​ငံ​သား ဖြစ်​ခဲ့​ပါ​ပြီ။

သင်၏​ညီ​အစ်​ကို၊ အ​ဘ၏​အိမ်​သူ​အိမ်​သား​တို့​ပင် သင့်​ကို​သ​စ္စာ​ဖျက်၍၊ သင့်​နောက်​သို့ အော်​ဟစ်​လျက် လိုက်​ကြ၏။ သူ​တို့​သည် ကောင်း​သော​စ​ကား​ကို ပြော​သော်​လည်း​မ​ယုံ​နှင့်။

ငါ၏​လူ​မျိုး သ​တို့​သ​မီး​သည်​နာ​သော​ကြောင့်၊ ငါ​လည်း​နာ​ရ၏။ ကြမ်း​တမ်း​သော​အ​ဝတ်​ကို ဝတ်​လျက်၊ မိန်း​မော​တွေ​ဝေ​လျက် နေ​ရ၏။

ယ​ခု​မူ​ကား၊ သူ​တို့​အ​ဆင်း​သည် မှောင်​မိုက်​ထက်​မည်း​သည်​ဖြစ်၍ လမ်း၌​မ​ထင်​ရှား။ သူ​တို့​အ​ရေ​သည် အ​ရိုး၌​ကပ်၍ ထင်း​ကဲ့​သို့ သွေ့​ခြောက်​လေ၏။

အ​ကြောင်း​မူ​ကား၊ သား​သည် အ​ဘ၏​အ​သ​ရေ​ကို ဖျက်​လိမ့်​မည်။ သ​မီး​သည် အ​မိ​ကို​လည်း​ကောင်း၊ ချွေး​မ​သည် ယော​က္ခ​မ​ကို​လည်း​ကောင်း ရန်​ဘက်​ပြု​လိမ့်​မည်။ ကိုယ်​အိမ်​သူ​အိမ်​သား​တို့​သည်​လည်း ကိုယ်​ရန်​သူ​ဖြစ်​ကြ​လိမ့်​မည်။

လူ​အ​ပေါင်း​တို့​သည်​လည်း ငါ၏​နာ​မ​ကြောင့် သင်​တို့​ကို မုန်း​ကြ​လိမ့်​မည်။ အ​ကြင်​သူ​သည် အ​ဆုံး​တိုင်​အောင် တည်​ကြည်၏။ ထို​သူ​သည် ကယ်​တင်​ခြင်း​သို့ ရောက်​လိမ့်​မည်။

တ​ပည့်​သည် ဆ​ရာ​ကဲ့​သို့​လည်း​ကောင်း၊ ကျွန်​သည်​သ​ခင်​ကဲ့​သို့​လည်း​ကောင်း ဖြစ်​လျှင် သင့်​လောက်​ပေ၏။ အိမ်​ရှင်​ကို ဗေ​လ​ဇေ​ဗု​လ​ဟု ခေါ်​ဝေါ်​ကြ​လျှင်၊ အိမ်​သူ​အိမ်​သား​တို့​ကို သာ၍ ခေါ်​ဝေါ်​ကြ​လိမ့်​မည်။-

နေ​ထွက်​သော​အ​ခါ ပူ​လောင်​သည်​ဖြစ်၍ အ​မြစ်​မ​စွဲ​သော​ကြောင့် ညှိုး​နွမ်း​ပျက်​စီး​ခြင်း​သို့ ရောက်​ကြ၏။-

ထို​သို့​ပြန်​ကြ​စဉ်၊ တ​ပည့်​တော်​များ၏​စိတ်​နှ​လုံး​ကို မြဲ​မြံ​ခိုင်​ခံ့​စေ​သ​ဖြင့်၊ ယုံ​ကြည်​ခြင်း၌ တည်​ကြည်​မည်​အ​ကြောင်း နှိုး​ဆော်​ချီ​ပင့်၍၊ ငါ​တို့​သည် များ​ပြား​သော​ဆင်း​ရဲ​ဒု​က္ခ​ကို​ခံ၍ ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​သို့ ဝင်​ရ​ကြ​မည်​ဟု ဟော​ပြော​ပြ​ညွှန်​ကြ၏။-

ထို​အ​ခါ ဇာ​တိ​ပ​က​တိ​အား​ဖြင့် ဖွား​သော​သား​သည် ဝိ​ညာဉ်​တော်​အား​ဖြင့် ဖွား​သော​သား​ကို ညှ​ဥ်း​ဆဲ​သ​ကဲ့​သို့၊ ထို​နည်း​တူ ယ​ခု​ပင်​ဖြစ်၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ