Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှောလမုန်သီချင်း။ 1:5

Judson Bible

အို​ယေ​ရု​ရှ​လင်​မြို့​သ​မီး​တို့၊ ငါ​သည် ကေ​ဒ​တဲ​ကဲ့​သို့ မည်း​သော​အ​ဆင်း​ရှိ​သော်​လည်း၊ ရှော​လ​မုန်​မင်း၏​ကု​လား​ကာ​ကဲ့​သို့ တင့်​တယ်​သေး၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

29 ပူးပေါင်းရင်းမြစ်များ  

ငါ​သည် မေ​ရှက်​ပြည်၌ တည်း​ခို၍၊ ကေ​ဒါ​တဲ၌​နေ​ရ​သည်​အ​ရာ​မှာ အ​မင်္ဂ​လာ​ရှိ၏။

အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​လူ​စု​ကို နှစ်​သက်​တော်​မူ၏။ စိတ်​နှိမ့်​ချ​သော​သူ​တို့​ကို ကယ်​တင်​ခြင်း​အား​ဖြင့် အ​သ​ရေ​တင့်​တယ်​စေ​တော်​မူ၏။

အ​ပြည်​ပြည်​သော မင်း​သ​မီး​တို့​သည် မောင်း​မ​မိဿံ​အ​ဝင်​ဖြစ်၍၊ လက်​ယာ​တော်​ဘက်​မှာ ဩ​ဖိ​ရ​ရွှေ တန်​ဆာ​ဆင်​သော မြောက်​သား​တော်​နေ​ရာ​ဖြစ်​ပါ၏။

အ​ကျွန်ုပ်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​ကျေး​ဇူး​တော်​သည် အ​ကျွန်ုပ်​အ​ပေါ်​သို့ ရောက်​ပါ​စေ​သော။ အ​ကျွန်ုပ်​တို့​ပြု​သော​အ​မှု​တို့​ကို​လည်း၊ အ​ကျွန်ုပ်​တို့​အ​ဖို့ မြဲ​မြံ​စေ​တော်​မူ​ပါ။

တောင်​ပေါ်၌ ခို​လှုံ​ရာ​ကျောက်​ကြား​တွင်​ရှိ​သော ငါ၏​ချိုး​ငှက်၊ သင်၏​မျက်​နှာ​ကို​မြင်​ပါ​ရ​စေ။ သင်၏​စ​ကား​သံ​ကို ကြား​ပါ​ရ​စေ။ သင်၏​စ​ကား​သံ​သည် ချို၏။ သင်၏​မျက်​နှာ​လည်း လှ၏။

ယေ​ရု​ရှ​လင်​မြို့​သ​မီး​တို့၊ ငါ​ချစ်​သော​သ​တို့​သ​မီး​သည် အ​လို​လို မ​နိုး​မီ​တိုင်​အောင်၊ မ​လှုပ်​မ​နှိုး​မည်​အ​ကြောင်း၊ တော၌ ကျင်​လည်​သော သ​မင်​ဒ​ရယ်​များ​ကို​တိုင်​တည်၍ သင်​တို့​ကို ငါ​မှာ​ထား၏။

ကွန်း​စင်​တိုင်​တို့​ကို ငွေ​ဖြင့်​လည်း​ကောင်း၊ အောက်​ပိုင်း​ကို ရွှေ​ဖြင့်​လည်း​ကောင်း၊ ထိုင်​ရန်​ဖုံ​ကို နီ​မောင်း​သော က​မ္ဗ​လာ​ဖြင့်​လည်း​ကောင်း ပြီး​စေ​တော်​မူ၏။ အ​တွင်း​ကို​မူ​ကား၊ ယေ​ရု​ရှ​လင်​မြို့​သ​မီး​တို့​သည် မေ​တ္တာ​နှင့် ချယ်​လှယ်​ကြ​ပြီ။

ယေ​ရု​ရှ​လင်​မြို့​သ​မီး​တို့၊ ငါ​ချစ်​သော​သ​တို့​သ​မီး​သည် အ​လို​လို မ​နိုး​မီ​တိုင်​အောင်၊ မ​လှုပ်​မ​နှိုး​မည်​အ​ကြောင်း၊ တော၌ ကျင်​လည်​သော​သ​မင်​ဒ​ရယ်​များ​ကို တိုင်​တည်၍၊ သင်​တို့​ကို​ငါ​မှာ​ထား၏။

နှုတ်​ခမ်း​သည်​လည်း နီ​ထွေး​သော​ကြိုး​နှင့် တူ၏။ စ​ကား​သံ​လည်း သာ​ယာ​ပေ၏။ နား​ပန်း​ဆံ​ကြား​မှာ ပါး​တို့​သည် သ​လဲ​သီး​ယှက်​နှင့် တူ​ကြ၏။

နှုတ်​တော်​သည် အ​လွန်​ချို​ပေ၏။ တစ်​ကိုယ်​လုံး၌ ချစ်​ဖွယ်​သော ဂုဏ်​တော်​အ​ပေါင်း​တို့​နှင့် ပြည့်​စုံ​တော်​မူ၏။ ယေ​ရု​ရှ​လင်​မြို့​သ​မီး​တို့၊ ဤ​သူ​သည် ငါ​ချစ်​ရာ​သ​ခင်၊ ငါ့​မိတ်​ဆွေ ဖြစ်​တော်​မူ​သ​တည်း။

အို​ယေ​ရု​ရှ​လင်​မြို့​သ​မီး​တို့၊ သင်​တို့​သည် ငါ​ချစ်​ရာ​သ​ခင်​ကို တွေ့​လျှင်၊ သူ့​ကို​ငါ​ချစ်၍ နာ​နေ​ကြောင်း​ကို ကြား​ပြော​ကြ​ပါ​ဟု၊ ငါ​မှာ​ထား​တောင်း​ပန်​ပါ၏။

ငါ​ချစ်​သော​နှ​မ၊ သင်​သည် တိ​ရ​ဇ​မြို့​ကဲ့​သို့ လှ၏။ ယေ​ရု​ရှ​လင်​မြို့​ကဲ့​သို့ တင့်​တယ်၏။ စစ်​မျက်​နှာ​ကဲ့​သို့ ကြောက်​မက်​ဖွယ် ဖြစ်၏။

ယေ​ရု​ရှ​လင်​မြို့​သ​မီး​တို့၊ ငါ​ချစ်​သော သ​တို့​သ​မီး​သည် အ​လို​လို​မ​နိုး​မီ​တိုင်​အောင်၊ မ​လှုပ်​မ​နှိုး​မည်​အ​ကြောင်း၊ တော၌​ကျင်​လည်​သော သ​မင်​ဒ​ရယ်​များ​ကို တိုင်​တည်၍ သင်​တို့​ကို ငါ​မှာ​ထား၏။

ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား​မိန့်​တော်​မူ​သည်​ကား၊ အ​ခ​စား​သော​သူ​ရေ​တွက်​သည်​အ​တိုင်း၊ တစ်​နှစ်​တွင် ကေ​ဒါ​မြို့၏ ဘုန်း​အ​သ​ရေ​ရှိ​သ​မျှ​ကွယ်​ပျောက်၍၊

ထာ​ဝ​ရ​ဘု​ရား၏​ကျွန်​သည် အ​ညွန့်​ကဲ့​သို့​လည်း​ကောင်း၊ သွေ့​ခြောက်​သော​မြေ၌ ပေါက်​သော​အ​တက်​ကဲ့​သို့​လည်း​ကောင်း၊ ရှေ့​တော်၌ ကြီး​ပွား၏။ ပ​မာ​ဏ​ပြု​စ​ရာ အ​ဆင်း​တင့်​တယ်​ခြင်း​မ​ရှိ။ ချစ်​လို​ဖွယ်​သော မျက်​နှာ​လ​က္ခ​ဏာ​နှင့် မ​ပြည့်​စုံ။

ကေ​ဒါ​ပြည်၏ သိုး​စု​အ​ပေါင်း​တို့​သည် သင့်​ထံ​မှာ စု​ဝေး​ကြ​လိမ့်​မည်။ န​ဗာ​ယုတ်​ပြည်၏ ဆိတ်​တို့​သည် သင်၏​အ​မှု​ကို ဆောင်​ရွက်၍၊ နှစ်​သက်​ဖွယ်​သော​လ​က္ခ​ဏာ​နှင့် ငါ၏​ယဇ်​ပ​လ္လင်​ပေါ်​သို့ တက်​ကြ​လိမ့်​မည်။ ငါ့​ဘုန်း ထင်​ရှား​ရာ​ဗိ​မာန်​ကို ငါ​သည် သာ၍​ဘုန်း​ပွင့်​စေ​မည်။

ထာ​ဝ​ရ​ဘု​ရား​ကြောင့် ငါ​သည် အ​လွန်​ဝမ်း​မြောက်၍၊ ငါ၏​ဘု​ရား​သ​ခင်​ကြောင့် ငါ့​ဝိ​ညာဉ်​သည် ရွှင်​လန်း​မည်။ အ​ကြောင်း​မူ​ကား၊ မင်္ဂ​လာ​ဆောင်​လု​လင်​သည် ပေါင်း​သ​ရ​ဖူ​ကို ဆောင်း​သ​ကဲ့​သို့​လည်း​ကောင်း၊ မင်္ဂ​လာ​ဆောင်​သ​တို့​သ​မီး​သည် တန်​ဆာ​ဆင်​သ​ကဲ့​သို့​လည်း​ကောင်း၊ ကယ်​တင်​ခြင်း​အ​ဝတ်​တန်​ဆာ​နှင့် ငါ့​ကို​ဝတ်​ဆင်​စေ၍၊ ဖြောင့်​မတ်​ခြင်း​ဝတ်​လုံ​နှင့် ခြုံ​တော်​မူ​ပြီ။

ငါ​သည် ကိုယ်​အ​သ​ရေ​ကို သင်၌ အပ်​ပေး​သော​ကြောင့်၊ သင်​သည် လှ​သော​အ​ဆင်း​နှင့် စုံ​လင်၍၊ အ​တိုင်း​တိုင်း​အ​ပြည်​ပြည်၌ ကျော်​စော​လေ၏။

အာ​ရပ်​ပြည်​နှင့် ကေ​ဒါ​မင်း​အ​ပေါင်း​တို့​သည် သင်​လုပ်​သော ဥ​စ္စာ​ကို​ရ​ခြင်း​ငှာ သိုး​သ​ငယ်၊ သိုး​ထီး၊ ဆိတ်​များ​တို့​နှင့် ဖ​လှယ်၍ ကုန်​သွယ်​ကြ၏။

တ​ပည့်​သည် ဆ​ရာ​ကဲ့​သို့​လည်း​ကောင်း၊ ကျွန်​သည်​သ​ခင်​ကဲ့​သို့​လည်း​ကောင်း ဖြစ်​လျှင် သင့်​လောက်​ပေ၏။ အိမ်​ရှင်​ကို ဗေ​လ​ဇေ​ဗု​လ​ဟု ခေါ်​ဝေါ်​ကြ​လျှင်၊ အိမ်​သူ​အိမ်​သား​တို့​ကို သာ၍ ခေါ်​ဝေါ်​ကြ​လိမ့်​မည်။-

မင်း​ကြီး​သည် ပွဲ၌​လျောင်း​သော​သူ​တို့​ကို ကြည့်​ရှု​ခြင်း​ငှာ ဝင်​တော်​မူ​သော​အ​ခါ၊ မင်္ဂ​လာ​ဆောင်​ပွဲ၏ အ​ဝတ်​ကို​မ​ဝတ်​သော သူ​တစ်​ယောက်​ကို​မြင်​လျှင်၊-

အို ယေ​ရု​ရှ​လင်​မြို့၊ ယေ​ရု​ရှ​လင်​မြို့၊ သင်​သည် ပ​ရော​ဖက်​တို့​ကို သတ်​မြဲ​ရှိ၏။ သင်​ရှိ​ရာ​သို့ စေ​လွှတ်​သော​သူ​တို့​ကို​လည်း ကျောက်​ခဲ​နှင့် ပစ်​မြဲ​ရှိ၏။ ကြက်​မ​သည် မိ​မိ​သား​ငယ်​တို့​ကို အ​တောင်​အောက်၌ စု​ရုံး​သ​ကဲ့​သို့ သင်၏​သား​တို့​ကို စု​ရုံး​စေ​ခြင်း​ငှာ ကြိမ်​ဖန်​များ​စွာ ငါ​အ​လို​ရှိ၏။ သင်​မူ​ကား အ​လို​မ​ရှိ။-

အ​ဘ​က၊ မြတ်​သော​ဝတ်​လုံ​ကို ယူ​ခဲ့၍ သူ့​ကို​ခြုံ​ကြ၊ သူ၏​လက်၌ လက်​စွပ်​တန်​ဆာ​ကို ဆင်​ကြ။-

သ​ခင်​ယေ​ရှု​ခ​ရစ်​ကို ယူ​တင်​ဝတ်​ဆောင်​ကြ​လော့။ ကိုယ်​ကာ​ယ၏​တပ်​မက်​ခြင်း​အ​လို​ငှာ မ​ကြံ​စည်​ကြ​နှင့်။

အ​ဘယ်​ကြောင့်​နည်း​ဟူ​မူ​ကား၊ ဘု​ရား​သ​ခင်​သည် အ​ပြစ်​နှင့် ကင်း​စင်​သော​သူ​ကို ငါ​တို့​အ​တွက်​ကြောင့် အ​ပြစ်​ရှိ​သော​သူ ဖြစ်​စေ​တော်​မူ၏။ အ​ကြောင်း​မူ​ကား၊ ငါ​တို့​သည် ထို​သူ​အား​ဖြင့် ဘု​ရား​သ​ခင့်​ရှေ့​တော်၌ ဖြောင့်​မတ်​သော​သူ ဖြစ်​မည်​အ​ကြောင်း​တည်း။

အ​ပေါ်​မှာ​ရှိ​သော ယေ​ရု​ရှ​လင်​မြို့​မူ​ကား၊ ခပ်​သိမ်း​သော ငါ​တို့၏ အ​မိ​တည်း​ဟူ​သော ကျွန်​မ မ​ဟုတ်​သော မိန်း​မ​ဖြစ်​သ​တည်း။-

ထို​အ​သင်း​တော်​သည် သန့်​ရှင်း​လျက် အ​ပြစ်​ကင်း​လျက်​ရှိ​သည် ဖြစ်၍၊ အ​ညစ်​အ​ကြေး​တင်​ခြင်း၊ အ​ရေ​တွန့်​ခြင်း​မှ စ​သည်​တို့​နှင့် လွတ်​လပ်​သ​ဖြင့်၊ အ​သ​ရေ​တင့်​တယ်​လျက် ရှိ​သော အ​သင်း​တော်​ကို ခ​ရစ်​တော်​သည် မိ​မိ​အား ဆက်​သ​အံ့​သော​ငှာ၊ နှုတ်​က​ပတ်​တော်​ရေ၌ ဆေး​ကြော ခြင်း​အား​ဖြင့် စင်​ကြယ်​သန့်​ရှင်း စေ​မည်​အ​ကြောင်း၊ ထို​အ​သင်း​တော်​အ​ဖို့ အ​လို​ငှာ ကိုယ်​ကို​ကိုယ်​စွန့်​တော်​မူ၏။-

ဘု​ရား​သ​ခင်၏ သား​တော်​ဟု ခေါ်​ဝေါ်​ခြင်း​အ​ခွင့်​ကို ငါ​တို့​သည်​ရ​မည်​အ​ကြောင်း၊ ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို အ​ဘယ်​မျှ​လောက် ချစ်​တော်​မူ​သည်​ကို ကြည့်​ရှု​ဆင်​ခြင်​ကြ​လော့။ လော​ကီ​သား​တို့​သည် ဘု​ရား​သ​ခင်​ကို မ​သိ​သော​ကြောင့်၊ ငါ​တို့​ကို​လည်း မ​သိ​ကြ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ