Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှောလမုန်သီချင်း။ 1:8

Judson Bible

မိန်း​မ​တ​ကာ​တို့​ထက် အ​ဆင်း​လှ​သော​အစ်​မ၊ သင်​သည်​မ​သိ​လျှင်၊ သိုး​များ​ခြေ​ရာ​သို့ လိုက်​သွား၍၊ သိုး​ထိန်း​တဲ​များ​အ​နား​မှာ သင်၏​သိုး​သ​ငယ်​တို့​ကို ကျွေး​မွေး​ပါ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

25 ပူးပေါင်းရင်းမြစ်များ  

ပြည်​တော်၌​နေ​သော​သန့်​ရှင်း​သူ​နှင့် ထူး​ဆန်း​သော​သူ​တို့​ကို​သာ နှစ်​သက်​ပါ၏။

သို့​ပြု​လျှင် သင်​လှ​သော​အ​ဆင်း​ကို ရှင်​ဘု​ရင်​သည် နှစ်​လို​စုံ​မက်​တော်​မူ​မည်။ သူ​သည် သင်၏​အ​ရှင်​ဖြစ်​သော​ကြောင့် သူ့​ကို​ကိုး​ကွယ်​လော့။

ရှင်​ဘု​ရင်၏​သ​မီး​တော်​သည် အ​တွင်း၌ ဂုဏ်​အ​သ​ရေ​သက်​သက်​ရှိ၏။ ရွှေ​ဖြင့်​ချယ်​လှယ်​သော အ​ဝတ်​တန်​ဆာ​ကို​ဆင်၏။

ငါ့​စ​ကား​ကို​ကြား၍ ငါ့​တံ​ခါး​နား​မှာ နေ့​တိုင်း​စောင့်​လျက်၊ တံ​ခါး​တိုင်​နား​မှ​မျှော်​လင့်​လျက်​နေ​သော သူ​သည် မင်္ဂ​လာ​ရှိ၏။

ငါ​ချစ်​သော​နှ​မ၊ သင်​သည် အ​ဆင်း​လှ​ပေ၏။ အ​လွန်​လှ​ပေ၏။ ချိုး​မျက်​စိ​နှင့် ပြည့်​စုံ၏။

ငါ​ချစ်​ရာ​သ​ခင်​သည် ခေါ်၍​ပြော​သည်​ကား၊ ငါ​ချစ်​သော​နှ​မ၊ ငါ၏​မိန်း​မ​လှ၊ ထ၍​လာ​ခဲ့​ပါ။

သင်​သည် အ​ဆင်း​လှ​ပေ၏။ ငါ​ချစ်​သော​နှ​မ၊ အ​လွန်​လှ​ပေ၏။ ဗျာ​ပါ​ဆံ​ကြား​မှာ ချိုး​မျက်​စိ​နှင့် ပြည့်​စုံ၏။ ဆံ​ပင်​သည်​လည်း ဂိ​လဒ်​တောင်​ပေါ်​မှ ဆင်း​လာ​သော ဆိတ်​စု​ကဲ့​သို့​ဖြစ်၏။

ငါ့​နှ​မ၊ ငါ့​ခင်​ပွန်း၊ သင်၏​မေ​တ္တာ​သည် အ​လွန်​ချို​ပေ၏။ သင်၏​မေ​တ္တာ​သည် စ​ပျစ်​ရည်​ထက် အ​ထူး​သ​ဖြင့် ကောင်း​ပေ၏။ သင်း​ထုံ​သော နံ့​သာ​ဆီ​သည် နံ့​သာ​မျိုး​တ​ကာ​တို့​ထက် အ​ထူး​သ​ဖြင့် မွှေး​ကြိုင်​ပေ၏။

ငါ​ချစ်​သော​နှ​မ၊ သင်​သည် အ​ပြစ်​တစ်​စုံ​တစ်​ခု​မျှ မ​ရှိ။ တစ်​ကိုယ်​လုံး​လှ​ပေ၏။

မိန်း​မ​တ​ကာ​တို့​ထက် အ​ဆင်း​လှ​သော​အစ်​မ၊ သင်​ချစ်​ရာ​သ​ခင်​သည် အ​ခြား​တစ်​ပါး​သော ချစ်​ရာ​သ​ခင်​ထက် အ​ဘယ်​သို့ သာ​သ​နည်း။ အ​ကျွန်ုပ်​တို့​ကို ထို​သို့​မှာ​ထား​တောင်း​ပန်​ရ​မည်​အ​ကြောင်း၊ သင်​ချစ်​ရာ​သ​ခင်​သည် အ​ခြား​တစ်​ပါး​သော ချစ်​ရာ​သ​ခင်​ထက် အ​ဘယ်​သို့​သာ​သ​နည်း။

မိန်း​မ​တ​ကာ​တို့​ထက် အ​ဆင်း​လှ​သော​အစ်​မ၊ သင်​ချစ်​ရာ​သ​ခင်​သည် အ​ဘယ်​အ​ရပ်​သို့ ကြွ​တော်​မူ​သ​နည်း။ အ​ကျွန်ုပ်​တို့​သည် သင်​နှင့်​အ​တူ သူ့​ကို​ရှာ​ရ​မည်​အ​ကြောင်း၊ သင်​ချစ်​ရာ​သ​ခင်​သည် အ​ဘယ်​အ​ရပ်​သို့ လွှဲ​သွား​တော်​မူ​သည်​ကို ပြော​ပါ။

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ လမ်း​နား​မှာ​ရပ်၍ ကြည့်​ရှု​ကြ​လော့။ ရှေး​လမ်း​ဟောင်း​တို့​ကို ရှာ​ဖွေ​လျက်၊ ကောင်း​သော​လမ်း​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း​ဟု မေး​မြန်း၍၊ ထို​လမ်း​သို့​လိုက်​ကြ​လော့။ သို့​ပြု​လျှင်၊ စိတ်​နှ​လုံး​သက်​သာ​ကြ​လိမ့်​မည်။ သို့​ရာ​တွင်၊ ငါ​တို့​သည် မ​လိုက်​ဟု ပြန်​ပြော​ကြ၏။

နံ​နက်​စာ​ကို စား​ကြ​သည်​နောက်၊ ယေ​ရှု​က၊ ယော​န၏​သား ရှိ​မုန်၊ ဤ​သူ​တို့​သည် ငါ့​ကို ချစ်​သည်​ထက် သင်​သည်​သာ၍​ချစ်​သ​လော​ဟု ရှိ​မုန်​ပေ​တ​ရု​အား မေး​တော်​မူ​လျှင်၊ ဟုတ်​ပါ၏​သ​ခင်။ ကိုယ်​တော်​ကို အ​ကျွန်ုပ်​ချစ်​သည်​ကို ကိုယ်​တော်​သိ​တော်​မူ၏​ဟု လျှောက်​သော်၊ ငါ၏​သိုး​သ​ငယ်​တို့​ကို ကျွေး​မွေး​လော့​ဟု မိန့်​တော်​မူ၏။-

ငါ​သည်​ခ​ရစ်​တော်၏ နည်း​တူ​ကျင့်​သ​ကဲ့​သို့ သင်​တို့​လည်း ငါ့​နည်း​တူ ကျင့်​ကြ​လော့။

ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တ​ရား​တော်​ကို သင်​တို့​အား ဟော​ပြော၍၊ သင်​တို့​ကို​အုပ်​သော​သူ​တို့​ကို အောက်​မေ့​ကြ​လော့။ သူ​တို့​သည် အ​ဘယ်​သို့​ကျင့်​ကြံ​ပြု​မူ၍ စု​တေသည်​ကို စေ့​စေ့​ဆင်​ခြင်​လျက်၊ သူ​တို့၏​ယုံ​ကြည်​ခြင်း​ကို မီ​အောင်​လိုက်​ကြ​လော့။-

ငါ​တို့​အ​ဘ​အာ​ဗြ​ဟံ​သည်၊ မိ​မိ​သား​ဣ​ဇာက်​ကို ယဇ်​ပ​လ္လင်​ပေါ်​မှာ တင်​လှူ​ပူ​ဇော်​သော​အ​ခါ၊ အ​ကျင့်​အား​ဖြင့် ဖြောင့်​မတ်​ရာ​သို့ ရောက်​သည်​မ​ဟုတ်​လော။-

ထို​နည်း​တူ၊ ပြည့်​တန်​ဆာ​ရာ​ခပ်​သည်၊ တ​မန်​တို့​ကို​လက်​ခံ​ပြီး​မှ အ​ခြား​သော​လမ်း​ဖြင့် လွှတ်​လိုက်၍၊ အ​ကျင့်​အား​ဖြင့် ဖြောင့်​မတ်​ရာ​သို့ ရောက်​သည်​မ​ဟုတ်​လော။-

ငါ့​ညီ​အစ်​ကို​တို့၊ ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​တော်​ကို အ​မှီ​ပြု၍ ဟော​ပြော​သော ပ​ရော​ဖက်​တို့​သည် ဆင်း​ရဲ​ဒု​က္ခ​တွေ့​ခြင်း၊ သည်း​ခံ​ခြင်း၏ ပုံ​သက်​သေ​ကို ပြ​ကြ​ပြီ​ဟု မှတ်​ကြ​လော့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ