Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်ယောဟန် 8:25

Judson Bible

ထို​သူ​တို့​က​လည်း သင်​သည်​အ​ဘယ်​သူ​နည်း​ဟု​မေး​လျှင်၊ ယေ​ရှု​က၊ ငါ​သည်​သင်​တို့​အား အ​စဉ်​ပြော​ဆို​သည်​အ​တိုင်း ငါ​ဖြစ်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

သင်​သည် ခ​ရစ်​တော်​မှန်​လျှင် ငါ​တို့​အား ပြော​လော့​ဟု​ဆို​ကြ၏။ ယေ​ရှု​က​လည်း၊ ငါ​ပြော​လျှင် သင်​တို့​သည် မ​ယုံ။-

ယု​ဒ​လူ​တို့​က၊ သင်​သည်​အ​ဘယ်​သူ​နည်း​ဟု ယော​ဟန်​ကို​မေး​မြန်း​စေ​ခြင်း​ငှာ ယဇ်​ပု​ရော​ဟိတ်​နှင့် လေ​ဝိ​လူ​တို့​ကို ယေ​ရု​ရှ​လင်​မြို့​မှ စေ​လွှတ်​သော​အ​ခါ၊ ယော​ဟန်​သည် သက်​သေ​ခံ​လေ​သည်​မှာ၊-

ထို​သူ​တို့​က​လည်း၊ သင်​သည် အ​ဘယ်​သူ​နည်း။ ငါ​တို့​ကို​စေ​လွှတ်​သော​သူ​တို့​အား ပြန်​လျှောက်​စ​ရာ ရှိ​စေ​ခြင်း​ငှာ၊ သင်​သည်​ကိုယ်​ကို အ​ဘယ်​သို့​ဆို​သ​နည်း​ဟု မေး​ပြန်​ကြ၏။-

ယု​ဒ​လူ​တို့​သည် ကိုယ်​တော်​ကို​ဝန်း​ရံ၍၊ သင်​သည် အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး ငါ​တို့​ကို ယုံ​မှား​စေ​မည်​နည်း။ ခ​ရစ်​တော်​မှန်​လျှင် အ​တည့်​အ​လင်း​ပြော​ပါ​ဟု ဆို​ကြ၏။-

ယေ​ရှု​အား၊ သင်​သည် အ​ဘယ်​က​ဖြစ်​သ​နည်း​ဟု​မေး​လျှင်၊ တစ်​ခွန်း​ကို​မျှ ပြန်​တော်​မ​မူ၊-

တစ်​ဖန်​တုံ​ယေ​ရှု​က၊ ငါ​သည် ဤ​လော​က၏​အ​လင်း​ဖြစ်၏။ ငါ့​နောက်​သို့ လိုက်​သော​သူ​သည် မှောင်​မိုက်၌ မ​သွား​မ​လာ။ အ​သက်၏​အ​လင်း​ကို​ရ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။-

ထို​ကြောင့်​သင်​တို့​သည် ကိုယ်​အ​ပြစ်၌ သေ​ကြ​လိမ့်​မည်​ဟု ငါ​ဆို၏။ ငါ​သည် ဤ​မည်​သော​သူ​ဖြစ်​သည်​ကို သင်​တို့​သည်​မ​ယုံ​လျှင်၊ ကိုယ်​အ​ပြစ်၌ သေ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။-

သင်​တို့​အ​မှု၌ ငါ​ပြော​ဆို​စီ​ရင်​စ​ရာ များ​စွာ​ရှိ၏။ သို့​သော်​လည်း ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​သူ​သည် သ​စ္စာ​နှင့် ပြည့်​စုံ​တော်​မူ၏။ သူ၏​အ​ထံ​တော်၌ ငါ​ကြား​သ​မျှ​ကို​သာ ဤ​လော​က၌ ငါ​ဟော​ပြော​သည်​ဟု မိန့်​တော်​မူ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ