Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ရှင်ယောဟန် 8:24

Judson Bible

ထို​ကြောင့်​သင်​တို့​သည် ကိုယ်​အ​ပြစ်၌ သေ​ကြ​လိမ့်​မည်​ဟု ငါ​ဆို၏။ ငါ​သည် ဤ​မည်​သော​သူ​ဖြစ်​သည်​ကို သင်​တို့​သည်​မ​ယုံ​လျှင်၊ ကိုယ်​အ​ပြစ်၌ သေ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

ဘု​ရား​သ​ခင်​က​လည်း၊ ငါ​ဖြစ်​သည်​အ​တိုင်း​ငါ​ဖြစ်၏​ဟူ၍​လည်း​ကောင်း၊ ငါ​ဖြစ်​သည်​ဟု အ​မည်​ရှိ​သော​သူ​သည်၊ ငါ့​ကို​သင်​တို့​ရှိ​ရာ​သို့​စေ​လွှတ်​တော်​မူ​ပြီ​ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ပြန်​ပြော​လော့​ဟူ၍​လည်း​ကောင်း၊ မော​ရှေ​အား​မိန့်​တော်​မူ၏။

ငါ့​ကို​ပြစ်​မှား​သော​သူ​မူ​ကား၊ မိ​မိ​အ​သက်​ဝိ​ညာဉ်​ကို ပြစ်​မှား၏။ ငါ့​ကို​မုန်း​သော​သူ​အ​ပေါင်း​တို့​သည် သေ​ခြင်း​ကို ချစ်​ကြ၏။

အ​များ​သော​သူ​တို့​က၊ ငါ​သည် ခ​ရစ်​တော်​ဖြစ်၏​ဟု ဆို​လျက်၊ ငါ၏​အ​ယောင်​ကို​ဆောင်၍ ပေါ်​လာ​သ​ဖြင့် လူ​အ​များ​တို့​ကို လှည့်​ဖြား​ကြ​လိမ့်​မည်။-

အ​များ​သော​သူ​တို့​က၊ ငါ​သည် ဤ​မည်​သော​သူ​ဖြစ်၏​ဟု ဆို​လျက်၊ ငါ၏​အ​ယောင်​ကို​ဆောင်၍ ပေါ်​လာ​သ​ဖြင့်၊ လူ​များ​တို့​ကို လှည့်​ဖြား​ကြ​လိမ့်​မည်။-

ယုံ​ကြည်၍ ဗ​တ္တိ​ဇံ​ကို​ခံ​သော​သူ​သည် ကယ်​တင်​တော်​မူ​ခြင်း​သို့ ရောက်​လ​တ္တံ့။ မ​ယုံ​ကြည်​သော​သူ​မူ​ကား အ​ပြစ်​စီ​ရင်​ခြင်း​ကို ခံ​ရ​လ​တ္တံ့။-

ကိုယ်​တော်​က၊ သင်​တို့​သည် လှည့်​ဖြား​ခြင်း​သို့ မ​လိုက်​မ​ပါ​မည်​အ​ကြောင်း သ​တိ​ပြု​ကြ​လော့။ အ​များ​သော​သူ​တို့​က၊ ငါ​သည် ဤ​မည်​သော​သူ​ဖြစ်၏။ အ​ချိန်​ကာ​လ​လည်း ရောက်​လာ​ပြီ​ဟု​ဆို​လျက် ငါ၏​အ​ယောင်​ကို ဆောင်၍ ပေါ်​လာ​ကြ​လိမ့်​မည်။ ထို​သူ​တို့​နောက်​သို့ မ​လိုက်​ကြ​နှင့်။-

ထို​အ​မှု​အ​ရာ​ရောက်​သော​အ​ခါ ငါ​သည် ဤ​မည်​သော​သူ​ဖြစ်​သည်​ကို သင်​တို့​သည် ယုံ​ကြည်​စေ​ခြင်း​ငှာ၊ မ​ရောက်​မီ ယ​ခု​ပင် သင်​တို့​အား​ငါ​ပြော​နှင့်​ပြီ။-

သား​တော်​ကို​ယုံ​ကြည်​သော​သူ​သည် အ​ပြစ်​စီ​ရင်​ခြင်း​ကို မ​ခံ​ရ။ မ​ယုံ​ကြည်​သော​သူ​မူ​ကား၊ ဘု​ရား​သ​ခင်၌ တစ်​ပါး​တည်း​သော​သား​တော်​ကို မ​ယုံ​ကြည်​သော​ကြောင့် ယ​ခု​ပင် အ​ပြစ်​စီ​ရင်​ခြင်း​ကို​ခံ​ရ၏။-

သား​တော်​ကို ယုံ​ကြည်​သော​သူ​သည် ထာ​ဝ​ရ​အ​သက်​ကို​ရ၏။ သား​တော်​ကို ပယ်​သော​သူ​မူ​ကား အ​သက်​ကို မ​တွေ့​ရ။ ထို​သူ၏​အ​ပေါ်၌ ဘု​ရား​သ​ခင်၏ အ​မျက်​တော်​တည်​နေ​သည်​ဟု ယော​ဟန်​ဟော​လေ၏။

ယေ​ရှု​က​လည်း၊ သင်​နှင့်​စ​ကား​ပြော​သော​ငါ​သည် မေ​ရှိ​ယ​ပင်​ဖြစ်​သည်​ဟု မိန့်​တော်​မူ၏။

တစ်​ဖန်​ယေ​ရှု​က၊ ငါ​သည်​သွား​ရ​မည်။ သင်​တို့​သည် ငါ့​ကို​ရှာ​ကြ​လိမ့်​မည်။ ကိုယ်​အ​ပြစ်၌​လည်း သေ​ကြ​လိမ့်​မည်။ ငါ​သွား​ရာ​အ​ရပ်​သို့ သင်​တို့​မ​ရောက်​နိုင်​ကြ​ဟု မိန့်​တော်​မူ၏။-

ထို​သူ​တို့​က​လည်း သင်​သည်​အ​ဘယ်​သူ​နည်း​ဟု​မေး​လျှင်၊ ယေ​ရှု​က၊ ငါ​သည်​သင်​တို့​အား အ​စဉ်​ပြော​ဆို​သည်​အ​တိုင်း ငါ​ဖြစ်၏။-

ထို​ကြောင့်​ယေ​ရှု​က၊ သင်​တို့​သည် လူ​သား​ကို မြှောက်​ထား​သော​အ​ခါ၊ ငါ​သည် ဤ​မည်​သော​သူ​ဖြစ်​သည်​ကို​လည်း​ကောင်း၊ ငါ​သည် ကိုယ်​အ​လို​အ​လျောက် အ​ဘယ်​အ​မှု​ကို​မျှ​မ​ပြု​ဘဲ၊ ငါ့​ခ​မည်း​တော်​သည် ငါ့​အား နည်း​ပေး​တော်​မူ​သည်​အ​တိုင်း ငါ​ဟော​ပြော​သည်​ကို​လည်း​ကောင်း သင်​တို့​သည် သိ​ကြ​လိမ့်​မည်။-

ယေ​ရှု​က​လည်း၊ ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ အာ​ဗြ​ဟံ​မ​ဖြစ်​မီ ငါ​ဖြစ်၏​ဟု မိန့်​တော်​မူ၏။-

ထို​သ​ခင်၏ နာ​မ​တော်​မှ​တစ်​ပါး ငါ​တို့​ကို ကယ်​တင်​နိုင်​သော နာ​မ​တစ်​စုံ​တစ်​ခု​မျှ ကောင်း​ကင်​အောက် လူ​တို့​တွင် မ​ပေါ်​မ​ရှိ​ဟု ပေ​တ​ရု​သည် ထို​သူ​တို့​အား မြွက်​ဆို၏။

သင်​တို့​သည် မိန့်​တော်​မူ​သော​သူ၏ စ​ကား​တော်​ကို မ​ငြင်း​မ​ပယ်​မည်​အ​ကြောင်း သ​တိ​ပြု​ကြ​လော့။ မြေ​ကြီး​ပေါ်​မှာ ဗျာ​ဒိတ်​တော်​ကို ဆင့်​ဆို​သော​သူ၏​စ​ကား​ကို ငြင်း​ပယ်​သော​သူ​တို့​သည် အ​ပြစ်​မ​လွတ်​ရ​သည်​မှန်​လျှင်၊ ထို​မျှ​မ​က၊ ကောင်း​ကင်​ဘုံ​က မိန့်​တော်​မူ​သော​သူ၏ စ​ကား​ကို ငါ​တို့​သည် နား​မ​ထောင်​ဘဲ​နေ​လျှင်၊ သာ၍​ကြီး​စွာ​သော​အ​ပြစ်​နှင့် အ​ဘယ်​သို့ ကင်း​လွတ်​နိုင်​မည်​နည်း။-

အ​စ​အ​ဦး၌ သ​ခင်​ဘု​ရား​ဟော​တော်​မူ၍ ဒေ​သ​နာ​စ​ကား​တော်​ကို ကြား​ရ​သော​သူ​တို့​သည်၊ ယုံ​လောက်​သော သက်​သေ​အား​ဖြင့် ငါ​တို့​အား​ဆင့်​ဆို၍ ဟော​ပြော​သော၊ ဤ​မျှ​လောက် ကြီး​စွာ​သော ကယ်​တင်​တော်​မူ​ခြင်း​တ​ရား​ကို ငါ​တို့​သည် နား​မ​ထောင်​ဘဲ​နေ​လျှင်၊ အ​ပြစ်​ဒဏ်​နှင့် အ​ဘယ်​သို့ လွတ်​ကြ​လိမ့်​မည်​နည်း။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ