Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ရှင်ယောဟန် 8:26

Judson Bible

သင်​တို့​အ​မှု၌ ငါ​ပြော​ဆို​စီ​ရင်​စ​ရာ များ​စွာ​ရှိ၏။ သို့​သော်​လည်း ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​သူ​သည် သ​စ္စာ​နှင့် ပြည့်​စုံ​တော်​မူ၏။ သူ၏​အ​ထံ​တော်၌ ငါ​ကြား​သ​မျှ​ကို​သာ ဤ​လော​က၌ ငါ​ဟော​ပြော​သည်​ဟု မိန့်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

ယ​ခု​မှ​စ၍ ငါ​သည်​သင်​တို့​ကို ကျွန်​ဟူ၍​မ​ခေါ်။ ကျွန်​မူ​ကား၊ ကိုယ်​သ​ခင်​ပြု​သော​အ​မှု​ကို မ​သိ။ သင်​တို့​ကို အ​ဆွေ​ဟူ၍​ငါ​ခေါ်၏။ အ​ကြောင်း​မူ​ကား၊ ငါ​သည် ခ​မည်း​တော်​ထံ၌ ကြား​သ​မျှ​သော​အ​ရာ​တို့​ကို သင်​တို့​အား ငါ​ပြ​သ၏။-

သင်​တို့​အား ငါ​ပြော​စ​ရာ​စ​ကား အ​များ​ရှိ​သော်​လည်း၊ သင်​တို့​သည် ယ​ခု​မ​ခံ​နိုင်​ကြ။-

အ​ကြောင်း​မူ​ကား၊ အ​ကျွန်ုပ်​အား ပေး​တော်​မူ​သ​မျှ​သော​အ​ရာ​တို့​ကို သူ​တို့​အား​အ​ကျွန်ုပ်​ပေး၍ သူ​တို့​သည် ခံ​ယူ​သ​ဖြင့်၊ အ​ကျွန်ုပ်​သည် အ​ထံ​တော်​မှ​ကြွ​လာ​သည်​ကို အ​တပ်​သိ​ကြ​သည်​နှင့် ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို စေ​လွှတ်​တော်​မူ​သည်​ကို ယုံ​ကြ​ပါ၏။-

ယေ​ရှု​က​လည်း၊ ငါ​သည်​လော​က၌ ထင်​ရှား​စွာ​ဟော​ပြော​ပြီ။ ယု​ဒ​လူ​အ​ပေါင်း​တို့ စည်း​ဝေး​ရာ တ​ရား​ဇ​ရပ်၌​လည်း​ကောင်း၊ ဗိ​မာန်​တော်၌​လည်​ကောင်း၊ အ​စဉ်​မ​ပြတ် ဆုံး​မ​ဩ​ဝါ​ဒ​ပေး​ပြီ။ မ​ထင်​ရှား​ဘဲ အ​လျှင်း​မ​ဟော​မ​ပြော။-

ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ ငါ​တို့​သည် ကိုယ်​သိ​သော​အ​ရာ​ကို ပြော၏၊ ကိုယ်​မြင်​သော​အ​ရာ​ကို သက်​သေ​ခံ၏။ သို့​သော်​လည်း ငါ​တို့၏​သက်​သေ​ခံ​ချက်​ကို သင်​တို့​သည် မ​ခံ​မ​ယူ​ကြ။-

ယေ​ရှု​က​လည်း၊ ငါ​ဟော​သော​ဒေ​သ​နာ​သည် ငါ၏​ဒေ​သ​နာ​မ​ဟုတ်။ ငါ့​ကို​စေ​လွှတ်​တော်​မူ​သော သူ၏​ဒေ​သ​နာ​ဖြစ်၏။-

ယေ​ရှု​က​လည်း၊ သင်​တို့​သည် ငါ့​ကို​သိ​ကြ၏။ ငါ​သည် အ​ဘယ်​က ဖြစ်​သည်​ကို​လည်း သိ​ကြ၏။ သို့​သော်​လည်း ငါ​သည် ကိုယ်​အ​လို​အ​လျောက် လာ​သည်​မ​ဟုတ်။ ငါ့​ကို စေ​လွှတ်​တော်​မူ​သော​သူ​သည် သ​စ္စာ​နှင့်​ပြည့်​စုံ​တော်​မူ၏။ ထို​သူ​ကို သင်​တို့​မ​သိ​ကြ။-

ထို​သူ​တို့​က​လည်း သင်​သည်​အ​ဘယ်​သူ​နည်း​ဟု​မေး​လျှင်၊ ယေ​ရှု​က၊ ငါ​သည်​သင်​တို့​အား အ​စဉ်​ပြော​ဆို​သည်​အ​တိုင်း ငါ​ဖြစ်၏။-

ခ​မည်း​တော်​ကို​ရည်​မှတ်၍ မိန့်​တော်​မူ​သည်​ကို ထို​သူ​တို့​သည် မ​ရိပ်​မိ​ကြ။-

ဘု​ရား​သ​ခင့် အ​ထံ​တော်၌ ကြား​ရ​သော​သ​စ္စာ​တ​ရား​ကို သင်​တို့​အား ဟော​ပြော​သော​သူ​တည်း​ဟူ​သော ငါ့​ကို​သတ်​အံ့​သော​ငှာ သင်​တို့​သည် ယ​ခု​ရှာ​ကြံ​ကြ၏။ အာ​ဗြ​ဟံ​သည် ထို​နည်း​တူ​ကျင့်​သည်​မ​ဟုတ်။-

ဘု​ရား​သ​ခင်​သည် သ​စ္စာ​နှင့်​ပြည့်​စုံ​တော်​မူ​သ​ကဲ့​သို့၊ သင်​တို့​ဆီ​သို့ ငါ​တို့​ပေး​လိုက်​သော စ​ကား​သည် ဟုတ်​မှန်၏ ဟူ၍​လည်း​ကောင်း၊ မ​ဟုတ်​မ​မှန် ဟူ၍​လည်း​ကောင်း၊ မ​ဆို​လို။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ