Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်ယောဟန် 4:31

Judson Bible

မ​ရောက်​မီ​တွင် တ​ပည့်​တော်​တို့​က၊ အ​ရှင်​ဘု​ရား၊ အ​စာ​ကို​သုံး​ဆောင်​တော်​မူ​ပါ​ဟု တောင်း​ပန်​ကြ​လျှင်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

သူ့​ရှေ့​မှာ​စား​စ​ရာ​ကို​ထည့်​သော​အ​ခါ၊ သူ​က၊ ကျွန်ုပ်​သည် ကိုယ်​အ​မှု​ကို​မ​ပြော​မီ​မ​စား​လို​ပါ​ဟု​ဆို​လျှင်၊ ပြော​ပါ​ဟု​ဆို၏။

ဈေး၌ ရို​သေ​စွာ နှုတ်​ဆက်​ခြင်း​ကို​လည်း​ကောင်း၊ အ​ရှင်​ဘု​ရား အ​ရှင်​ဘု​ရား​ဟု လူ​များ​ခေါ်​ဝေါ်​ခြင်း​ကို​လည်း​ကောင်း နှစ်​သက်​ကြ၏။-

သင်​တို့​မူ​ကား အ​ရှင်​ဘု​ရား​ဟု ခေါ်​ဝေါ်​ခြင်း​ကို မ​ခံ​ကြ​နှင့်။ ခ​ရစ်​တော်​တည်း​ဟူ​သော သင်​တို့​ဥ​ပ​ဇ္ဈာယ်​ဆ​ရာ တစ်​ပါး​တည်း​ရှိ၏။ သင်​တို့​အ​ပေါင်း​သည် ညီ​အစ်​ကို​ချင်း ဖြစ်​ကြ၏။-

ကိုယ်​တော်​ကို အပ်​နှံ​မည့်​သူ ယု​ဒ​ရှ​ကာ​ရုတ်​က​လည်း၊ အ​ရှင်​ဘု​ရား၊ အ​ကျွန်ုပ်​လော​ဟု မေး​လျှောက်​လျှင်၊ သင်​ဆို​သည်​အ​တိုင်း မှန်​သည်​ဟု ပြန်​ပြော​တော်​မူ၏။

ကိုယ်​တော်​ရင်း​သို့ ချက်​ချင်း​ချဉ်း​ကပ်၍ အ​ရှင်​ဘု​ရား၊ မင်္ဂ​လာ​ရှိ​ပါ​စေ​သော​ဟု ဆို​လျက် နမ်း​လေ၏။-

ပေ​တ​ရု​သည် သ​တိ​ရ​လျှင်၊ အ​ရှင်​ဘု​ရား ကြည့်​တော်​မူ​ပါ။ ကျိန်​တော်​မူ​သော သင်္ဘော​သ​ဖန်း​ပင်​သည် သွေ့​ခြောက်​ပါ​ပြီ​တ​ကား​ဟု လျှောက်​လေ၏။-

သူ​သည် ရောက်​လျှင် ကိုယ်​တော်​ရင်း​သို့​ချက်​ချင်း ချဉ်း​ကပ်၍ အ​ရှင်​ဘု​ရား၊ အ​ရှင်​ဘု​ရား​ဟု​ဆို​လျက် နမ်း​လေ၏။-

ထို​အ​ခါ ပေ​တ​ရု​က အ​ရှင်​ဘု​ရား၊ ဤ​အ​ရပ်၌ နေ​ဖွယ်​ကောင်း​ပါ၏။ ကိုယ်​တော်​ဖို့ တဲ​တစ်​ဆောင်၊ မော​ရှေ​ဖို့​တစ်​ဆောင်၊ ဧ​လိ​ယ​ဖို့​တစ်​ဆောင်၊ တဲ​သုံး​ဆောင်​ကို အ​ကျွန်ုပ်​တို့ ဆောက်​လုပ်​ပါ​ရ​စေ​ဟု လျှောက်​လေ၏။-

ယေ​ရှု​သည်​လှည့်၍ ထို​သူ​တို့ လိုက်​ကြ​သည်​ကို မြင်​တော်​မူ​လျှင်၊ အ​ဘယ်​အ​လို​ရှိ​သ​နည်း​ဟု မေး​တော်​မူ၏။ ထို​သူ​တို့​က၊ ရ​ဗ္ဗိ၊ ကိုယ်​တော်​သည် အ​ဘယ်​မှာ​နေ​တော်​မူ​သ​နည်း​ဟု မေး​လျှောက်​ကြ၏။ ရ​ဗ္ဗိ၊ အ​နက်​ကား၊ အ​ရှင်​ဘု​ရား​ဟု ဆို​လို​သ​တည်း။-

အ​ရှင်​ဘု​ရား၊ ကိုယ်​တော်​သည် ဘု​ရား​သ​ခင်၏​သား​တော် ဖြစ်​တော်​မူ၏၊ ဣ​သ​ရေ​လ​လူ​တို့၏ ရှင်​ဘု​ရင်​လည်း ဖြစ်​တော်​မူ၏​ဟု နာ​သ​နေ​လ​လျှောက်​လေ၏။-

တ​ပည့်​တော်​တို့​က၊ အ​ရှင်​ဘု​ရား၊ ယု​ဒ​လူ​တို့​သည် ယ​ခု​ပင် ကိုယ်​တော်​ကို​ခဲ​နှင့်​ပစ်​ခြင်း​ငှာ ရှာ​ကြံ​လျက်​ပင် ထို​အ​ရပ်​သို့ တစ်​ဖန် ကြွ​တော်​မူ​ဦး​မည်​လော​ဟု လျှောက်​ကြ၏။-

ည​အ​ခါ ယေ​ရှု​ထံ​တော်​သို့​လာ၍၊ အ​ရှင်​ဘု​ရား၊ ကိုယ်​တော်​သည်​ပြ​တော်​မူ​သော ဤ​နိ​မိတ်​လ​က္ခ​ဏာ​တို့​ကို ဘု​ရား​သ​ခင်၏​အ​ခွင့်​မ​ရှိ​လျှင် အ​ဘယ်​သူ​မျှ မ​ပြ​နိုင်​သည်​ကို အ​ကျွန်ုပ်​တို့​သည်​ထောက်၍၊ ကိုယ်​တော်​သည် ဘု​ရား​သ​ခင့်​အ​ထံ​တော်​မှ ကြွ​လာ​တော်​မူ​သော ဆ​ရာ​ဖြစ်​ကြောင်း​ကို သိ​ကြ​ပါ၏​ဟု​လျှောက်​သော်၊-

ယော​ဟန်​ထံ​သို့​လာ၍၊ အ​ရှင်​ဘု​ရား၊ ယော်​ဒန်​မြစ်​တစ်​ဖက်၌ ကိုယ်​တော်​နှင့်​တ​ကွ​ရှိ၍၊ ကိုယ်​တော် သက်​သေ​ပေး​သော​သူ​သည် ဗ​တ္တိ​ဇံ​ကို​ပေး​လျက်​နေ၏။ ထို​သူ​ထံ​သို့ လူ​အ​ပေါင်း​တို့​သည် ရောက်​ကြ​ပါ၏​ဟု လျှောက်​လျှင်၊-

သူ​တို့​သည် မြို့​ထဲ​မှ​ထွက်၍ အ​ထံ​တော်​သို့ သွား​ကြ၏။-

သင်​တို့​မ​သိ​သော စား​စ​ရာ​သည် ငါ့၌​ရှိ​သည်​ဟု မိန့်​တော်​မူ၏။-

အိုင်​တစ်​ဖက်၌​တွေ့​လျှင်၊ အ​ရှင်​ဘု​ရား၊ အ​ဘယ်​သော​အ​ခါ ဤ​အ​ရပ်​သို့ ကြွ​လာ​တော်​မူ​သ​နည်း​ဟု မေး​လျှောက်​ကြ၏။-

တ​ပည့်​တော်​တို့​က၊ အ​ရှင်​ဘု​ရား၊ ဤ​သူ​သည် အ​ဘယ်​သူ၏​အ​ပြစ်​ကြောင့် မျက်​စိ​ကန်း​သ​နည်း။ ကိုယ်​အ​ပြစ်​ကြောင့် ကန်း​သ​လော။ မိ​ဘ​အ​ပြစ်​ကြောင့် ကန်း​သ​လော​ဟု မေး​လျှောက်​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ