Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်ယောဟန် 4:30

Judson Bible

သူ​တို့​သည် မြို့​ထဲ​မှ​ထွက်၍ အ​ထံ​တော်​သို့ သွား​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

မိုး​တိမ်​ကဲ့​သို့​လည်း​ကောင်း၊ မိ​မိ​တို့​အိမ်​သို့​ပျံ​သော ချိုး​များ​ကဲ့​သို့​လည်း​ကောင်း ပျံ​လာ​သော ဤ​သူ​တို့​ကား၊ အ​ဘယ်​သူ ဖြစ်​ကြ​လိမ့်​မည်​နည်း။

ထို​နည်း​တူ နောက်​ကျ​သော​သူ​တို့​သည် အ​ရင်​ကျ​ကြ​လိမ့်​မည်။ အ​ရင်​ကျ​သော​သူ​တို့​သည် နောက်​ကျ ကြ​လိမ့်​မည်။ ခေါ်​တော်​မူ​သော​သူ အ​များ​ရှိ​သော်​လည်း၊ ရွေး​ကောက်​တော်​မူ​သော​သူ နည်း​သည်​ဟု မိန့်​တော်​မူ၏။-

အ​ကျွန်ုပ်​ပြု​ဖူး​သ​မျှ​သော အ​မှု​အ​ရာ​တို့​ကို ထုတ်​ဖော်​သော​သူ​ကို လာ၍​ကြည့်​ကြ​ပါ။ ထို​သူ​သည် ခ​ရစ်​တော်​မှန်​လိမ့်​မည်​လော​ဟု လူ​များ​တို့​အား ပြော​ဆို​သော်၊-

မ​ရောက်​မီ​တွင် တ​ပည့်​တော်​တို့​က၊ အ​ရှင်​ဘု​ရား၊ အ​စာ​ကို​သုံး​ဆောင်​တော်​မူ​ပါ​ဟု တောင်း​ပန်​ကြ​လျှင်၊-

ရှ​မာ​ရိ​မိန်း​မ​က၊ အ​ကျွန်ုပ်​ပြု​ဖူး​သ​မျှ​သော အ​မှု​အ​ရာ​တို့​ကို သူ​သည်​ထုတ်​ဖော်​ပြီ​ဟု သက်​သေ​ခံ​သော စ​ကား​ကြောင့်၊ ထို​မြို့၌​နေ​သော ရှ​မာ​ရိ​လူ​အ​များ​တို့​သည် ယေ​ရှု​ကို​ယုံ​ကြည်​ကြ၏။-

ထို​ကြောင့် အ​ကျွန်ုပ်​သည် ကိုယ်​တော်​ထံ​သို့ အ​လျင်​အ​မြန်​စေ​လွှတ်၍၊ ကိုယ်​တော်​သည် ကြွ​လာ​သော​အား​ဖြင့် ကောင်း​မွန်​စွာ​ပြု​ပါ​ပြီ။ သို့​ဖြစ်၍ ဘု​ရား​သ​ခင်​သည် ကိုယ်​တော်၌​မှာ​ထား​တော်​မူ​သ​မျှ​ကို နား​ထောင်​ခြင်း​ငှာ၊ ယ​ခု​အ​ကျွန်ုပ်​တို့​ရှိ​သ​မျှ​သည် ဘု​ရား​သ​ခင်​ရှေ့​တော်၌ အ​သင့်​နေ​ကြ​ပါ​သည်​ဟု ကော်​နေ​လိ ပြော​ဆို၏။

လူ​များ​တို့​သည် တ​ရား​ဇ​ရပ်​မှ ထွက်​သွား​ကြ​စဉ်၊ ထို​အ​ကြောင်း​အ​ရာ​တို့​ကို မိ​မိ​တို့​အား နောက်​ဥ​ပုသ်​နေ့၌ ဟော​ပြော​ပါ​မည်​အ​ကြောင်း တောင်း​ပန်​ကြ၏။-

ထို​ကြောင့် ဘု​ရား​သ​ခင်၏ ကယ်​တင်​တော်​မူ​ခြင်း ကျေး​ဇူး​တော်​ကို တစ်​ပါး​အ​မျိုး​သား​တို့​အား ပေး​လိုက်​သည်​ဖြစ်၍၊ သူ​တို့​သည်​နား​ထောင်​မည်​အ​ရာ​ကို သင်​တို့ သိ​မှတ်​ကြ​လော့​ဟု၊-

ထို​မှ​တစ်​ပါး၊ ပ​ညတ်​တ​ရား​သည် တစ်​ဖန်​ဝင်​သ​ဖြင့် ပြစ်​မှား​သော​အ​ပြစ် ပွား​များ၏။ သို့​သော်​လည်း အ​ပြစ်​ပွား​များ​သည်​အ​ရာ​မှာ ကျေး​ဇူး​တော်​သာ၍ ကြွယ်​ဝ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ