Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်ယောဟန် 4:32

Judson Bible

သင်​တို့​မ​သိ​သော စား​စ​ရာ​သည် ငါ့၌​ရှိ​သည်​ဟု မိန့်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ထား​တော်​မူ​သော ပ​ညတ်​တို့​ကို ငါ​မ​ပယ်။ နှုတ်​တော်​ထွက်​စ​ကား​တို့​ကို ငါ​ရင်​ခွင်၌ သို​ထား​ပါ၏။

မိန့်​တော်​မူ​ချက်​တို့​သည် အ​ကျွန်ုပ်​အာ​ခေါင်၌ အ​လွန်​ချို​ကြ​ပါ၏။ ခံ​တွင်း​ထဲ​မှာ ပျား​ရည်​ထက်​သာ၍ ချို​ကြ​ပါ​၏။

ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​သော​သူ​တို့​သည် ကိုယ်​တော်​မြတ်​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​ရ​သော​အ​ခွင့်​နှင့် ပ​ဋိ​ညာဉ်​တ​ရား​တော်​ကို သိ​ရ​သော​အ​ခွင့်​ရှိ​ကြ၏။

အိပ်​ရာ​ပေါ်​မှာ ကိုယ်​တော်​ကို အောက်​မေ့၍၊ ညဉ့်​ယံ​တို့၌ ကိုယ်​တော်​ကို ဆင်​ခြင်​လျက်​နေ​သော​အ​ခါ၊ ဆီ​ဥ​ကို​လည်း​ကောင်း၊ ဆူ​သော​အ​သား​ကို​လည်း​ကောင်း စား၍​ဝ​သ​ကဲ့​သို့၊ အ​ကျွန်ုပ်၏​ဝိ​ညာဉ်​သည်​ဝ၍ ရွှင်​လန်း​သော​နှုတ်​ခမ်း​နှင့် အ​ကျွန်ုပ်၏​နှုတ်​သည် ကိုယ်​တော်​ကို ချီး​မွမ်း​ပါ​မည်။

စိတ်​နှ​လုံး​သည် မိ​မိ​ဒု​က္ခ​ကို​သိ၏။ စိတ်​နှ​လုံး​ရွှင်​လန်း​ခြင်း​အ​ကြောင်း​ကို​လည်း သူ​တစ်​ပါး မ​ဆိုင်​တတ်။

လူ​သည် မိ​မိ​နှုတ်၏​အ​သီး​နှင့် ဝမ်း​ပြည့်​ရ၏။ မိ​မိ​နှုတ်​ခမ်း​တို့၏​စီး​ပွား​နှင့် ဝ​ရ၏။

မိ​မိ​စိတ်​ဝိ​ညာဉ်​ခံ​ရ​သော ဝေ​ဒ​နာ၏​အ​ကျိုး​ကို မိ​မိ​မြင်၍ အား​ရ​လိမ့်​မည်။ ထို​ဖြောင့်​မတ်​သော ငါ၏​ကျွန်​ကို​သိ​ကျွမ်း​ခြင်း​အား​ဖြင့်၊ သူ​သည် အ​များ​သော​သူ​တို့​ကို ဖြောင့်​မတ်​ရာ၌ တည်​စေ​လိမ့်​မည်။ သူ​တို့၏​အ​ပြစ်​ကို ကိုယ်​တိုင်​ဆောင်​ရွက်​ရ၏။

ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​တွေ့​သော နှုတ်​က​ပတ်​တော်​စ​ကား​ကို ခံ​ယူ​ပါ​ပြီ။ နှုတ်​က​ပတ်​တော်​သည် အ​ကျွန်ုပ် ဝမ်း​မြောက်​ရွှင်​လန်း​စ​ရာ​အ​ကြောင်း ဖြစ်​ပါ၏။ နာ​မ​တော်​ဖြင့် အ​ကျွန်ုပ်​ကို ခေါ်​ဝေါ်​ပါ၏။

မ​ရောက်​မီ​တွင် တ​ပည့်​တော်​တို့​က၊ အ​ရှင်​ဘု​ရား၊ အ​စာ​ကို​သုံး​ဆောင်​တော်​မူ​ပါ​ဟု တောင်း​ပန်​ကြ​လျှင်၊-

ထို​ကြောင့်​တ​ပည့်​တော်​တို့​က၊ တစ်​စုံ​တစ်​ယောက်​သော​သူ​သည် စား​စ​ရာ​ကို ပို့​ပြီ​လော​ဟု အ​ချင်း​ချင်း မေး​မြန်း​ကြ​လျှင်၊-

ယေ​ရှု​က၊ ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​သူ၏ အ​လို​တော်​ကို​ဆောင်​ခြင်း၊ သူ၏​အ​မှု​တော်​ကို ပြီး​စီး​ခြင်း​အ​မှု​သည် ငါ့​စား​စ​ရာ​ဖြစ်၏။-

ထို​သို့​သင်​တို့​သည်​လည်း အ​လုပ်​လုပ်၍ အား​နည်း​သော သူ​တို့​ကို မ​စ​ရ​မည်​ကို​လည်း​ကောင်း၊ အ​စွန့်​အ​ကြဲ​ခံ​ခြင်း​အ​ရာ​ထက် စွန့်​ကြဲ​ခြင်း အ​ရာ​သည်​သာ၍ မင်္ဂ​လာ​ရှိ​သည်​ဟု သ​ခင်​ယေ​ရှု​မိန့်​တော်​မူ​သော စ​ကား​တော်​ကို အောက်​မေ့​ရ​မည်​ကို​လည်း​ကောင်း၊ အ​ရာ​ရာ၌ သင်​တို့​အား ငါ​ပြ​သ​ပြီ​ဟု၊-

ဝိ​ညာဉ်​တော်​သည် အ​သင်း​တော်​တို့​အား အ​ဘယ်​သို့ မိန့်​တော်​မူ​သည်​ကို၊ နား​ရှိ​သော​သူ​မည်​သည်​ကား ကြား​ပါ​စေ။ အ​ကြင်​သူ​သည် အောင်​မြင်၏။ ဝှက်​ထား​သော မ​န္န​ကို​လည်း​ကောင်း၊ ကျောက်​ဖြူ​လက်​ဖွဲ့​ကို​လည်း​ကောင်း၊ ထို​ကျောက်​ပေါ်၌ အ​က္ခ​ရာ​တင်​သော နာ​မ​သစ်​ကို​လည်း​ကောင်း ထို​သူ​အား ငါ​ပေး​မည်။ ထို​ကျောက်​ကို ရ​သော​သူ​မှ​တစ်​ပါး အ​ဘယ်​သူ​မျှ ထို​နာ​မ​ကို မ​သိ​နိုင်​ရာ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ