Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်ယောဟန် 3:28

Judson Bible

ခ​ရစ်​တော်​ရှေ့၌ စေ​လွှတ်​သော​သူ​ဖြစ်​သည်​ဟု ငါ​ဆို​သည်​ကို သင်​တို့​သည် ငါ၏​သက်​သေ​ဖြစ်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ကြည့်​ရှု​လော့။ ငါ​သွား​ရာ​လမ်း​ကို ပြင်​ရ​သော ငါ၏​တ​မန်​ကို ငါ​စေ​လွှတ်​မည်။ သင်​တို့​ရှာ​သော​သ​ခင်၊ သင်​တို့​တောင့်​တ​သော ပ​ဋိ​ညာဉ်​တ​မန်​တော်​သည် မိ​မိ​ဗိ​မာန်​တော်​သို့ ချက်​ချင်း​လာ​လိမ့်​မည်။ ကြည့်​ရှု​လော့။ ထို​သ​ခင်​လာ​လိမ့်​မည်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ပ​ရော​ဖက်​ဟေ​ရှာ​ယ ဟော​ဖူး​သည်​ကား၊ တော၌​ဟစ်​ကျော်​သော​သူ၏ အ​သံ​မှာ၊ ထာ​ဝ​ရ​ဘု​ရား ကြွ​တော်​မူ​ရာ​လမ်း​ကို ပြင်​ကြ​လော့။ လမ်း​ခ​ရီး​တော်​ကို ဖြောင့်​စေ​ကြ​လော့ ဟူ​သော​အ​ချက်၌ ထို​ယော​ဟန်​ကို ဆို​လို​သ​တည်း။

အ​ချင်း​သူ​ငယ်၊ သင်​သည်​လည်း အ​မြင့်​ဆုံး​သော​ဘု​ရား၏ ပ​ရော​ဖက်​ဟု ခေါ်​ဝေါ်​ခြင်း​ကို ခံ​ရ​လိမ့်​မည်။-

ငါ​သည် ခ​ရစ်​တော်​မ​ဟုတ်​ဟု ထိမ်​ဝှက်​ခြင်း​မ​ရှိ။ အ​တည့်​အ​လင်း ပြော​ဆို၏။-

ယော​ဟန်​က​လည်း၊ ငါ​သည်​ပ​ရော​ဖက်​ဟေ​ရှာ​ယ ဟော​ပြော​သည်​နှင့်​အ​ညီ၊ ထာ​ဝ​ရ​ဘု​ရား၏ လမ်း​ခ​ရီး​တော်​ကို ဖြောင့်​စေ​ကြ​လော့​ဟု တော၌ ဟစ်​ကြော်​သော​သူ၏​အ​သံ​ဖြစ်​သည်​ဟု ဆို၏။-

ထို​သူ​တို့​က​လည်း၊ သင်​သည် ခ​ရစ်​တော်​မ​ဟုတ်၊ ဧ​လိ​ယ​မ​ဟုတ်၊ ဤ​မည်​သော ပ​ရော​ဖက်​မ​ဟုတ်​သည်​မှန်​လျှင် အ​ဘယ်​ကြောင့် ဗ​တ္တိ​ဇံ​ကို​ပေး​သ​နည်း​ဟု မေး​ပြန်​ကြ၏။-

ထို​သူ​သည် ငါ့​နောက်​ကြွ​လာ​သော်​လည်း ငါ့​ထက်​သာ၍​ကြီး​မြတ်၏။ ထို​သူ၏​ခြေ​နင်း​တော်​ကြိုး​ကို​မျှ ဖြည်​ခြင်း​ငှာ ငါ​မ​ထိုက်​ဟု ပြန်​ပြော၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ