Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ရှင်ယောဟန် 3:27

Judson Bible

ယော​ဟန်​က၊ ကောင်း​ကင်​ဘုံ​မှ ပေး​တော်​မ​မူ​လျှင် လူ​သည် အ​ဘယ်​အ​ရာ​ကို​မျှ မ​ခံ​နိုင်​ရာ။ ငါ​သည် ခ​ရစ်​တော်​မ​ဟုတ်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

27 ပူးပေါင်းရင်းမြစ်များ  

သင့်​ကို အ​မိ​ဝမ်း​ထဲ၌ ငါ​မ​ဖန်​ဆင်း​မီ သင့်​ကို​ငါ​သိ​ပြီ။ မ​ဖွား​မီ​က​ပင် သင့်​ကို ငါ​သန့်​ရှင်း​စေ၍၊ လူ​အ​မျိုး​မျိုး​တို့​အ​ဖို့၊ ပ​ရော​ဖက်​အ​ရာ၌ ခန့်​ထား​ပြီ​ဟု မိန့်​တော်​မူ​၏။

အ​ကျွန်ုပ်​သည် နောက်​တော်​သို့​လိုက်​သော ဆ​ရာ၏​အ​ရာ​ကို မ​ရှောင်​ပါ။ အ​မင်္ဂ​လာ​နေ့​ကို မ​တောင့်​တ​ပါ။ အ​ကျွန်ုပ်​ဟော​ပြော​ချက်​ကို ကိုယ်​တော်​သိ​တော်​မူ၏။ ကိုယ်​တော်​မျက်​မှောက်၌ ရှိ​ပါ၏။

ထာ​ဝ​ရ​ဘု​ရား​သည် နွား​ကျောင်း​ရာ​မှ ငါ့​ကို​နုတ်​ယူ၍၊ သင်​သွား​လော့။ ငါ၏​လူ ဣ​သ​ရေ​လ​အ​မျိုး​တွင် ပ​ရော​ဖက်​ပြု​လော့​ဟု မိန့်​တော်​မူ၏။

ငါ​ရွေး​ကောက်​သော​သူ၏ လှံ​တံ​သည် အ​ပွင့်​ပွင့်​လိမ့်​မည်။ ထို​သို့​ပြု​မှ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် သင်၌​အ​ပြစ်​တင်၍ မြည်​တမ်း​ခြင်း​ကို နောက်​တစ်​ဖန် ငါ​နား​မ​ငြီး​ရာ​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊

ယော​ဟန်၏ ဗ​တ္တိ​ဇံ​တ​ရား​သည် အ​ဘယ်​က​ဖြစ်​သ​နည်း။ ဘု​ရား​က ဖြစ်​သ​လော။ လူ​က​ဖြစ်​သ​လော​ဟု မေး​တော်​မူ၏။ ထို​သူ​တို့​သည် အ​ချင်း​ချင်း​ဆင်​ခြင်၍ ဘု​ရား​က​ဖြစ်​သည်​ဟု ငါ​တို့​ဖြေ​လျှင်၊ သင်​တို့​သည် ယော​ဟန်​ကို အ​ဘယ်​ကြောင့် မ​ယုံ​သ​နည်း​ဟု သူ​မေး​လေ​ဦး​မည်။-

တစ်​ဦး၌ အ​ခွက်​နှစ်​ဆယ်၊ တစ်​ဦး၌ အ​ခွက်​တစ်​ဆယ်​ကို အပ်​ပေး​ပြီး​မှ ချက်​ချင်း​သွား​လေ၏။-

ဥ​ပ​မာ​ကား၊ လူ​တစ်​ဦး​သည် အ​ခြား​သော​ပြည်​သို့ သွား​မည်​အ​ကြံ​ရှိ​သည်​နှင့် မိ​မိ​အိမ်​ကို ငယ်​သား​တို့ လက်​သို့​အပ်၍၊ သူ​တို့​ဆောင်​ရွက်​စ​ရာ​အ​မှု​ကို အ​သီး​အ​သီး ခွဲ​ခန့်​စီ​မံ၍၊ တံ​ခါး​မှူး​ကို စောင့်​နေ​စေ​ဟု မှာ​ထား​ပြီး​မှ သွား​သည်​ဖြစ်၍၊-

လူ​အ​များ​တို့​သည် အ​ထံ​တော်​သို့ ရောက်​လာ​လျှင်၊ ယော​ဟန်​သည် နိ​မိတ်​လ​က္ခ​ဏာ​ကို​မ​ပြ။ သို့​သော်​လည်း ဤ​သူ၏​အ​ကြောင်း​ကို ယော​ဟန်​ပြော​သ​မျှ မှန်​ပေ၏​ဟု ဆို​ကြ​သ​ဖြင့်၊-

ထို​ကြောင့် ငါ၏​ခ​မည်း​တော်​သည် အ​ခွင့်​ပေး​တော်​မ​မူ​လျှင်၊ အ​ဘယ်​သူ​မျှ ငါ​ထံ​သို့​မ​လာ​နိုင်​ဟု အ​ထက်​က ငါ​ဆို​ခဲ့​ပြီ​ဟု မိန့်​တော်​မူ၏။ ထို​သို​မိန့်​တော်​မူ​သည် အ​ကြောင်း​ဟူ​မူ​ကား၊ အ​ဘယ်​သူ​မ​ယုံ​ကြည်​သည်​ကို​လည်း​ကောင်း၊ အ​ဘယ်​သူ​သည် ကိုယ်​တော်​ကို အပ်​နှံ​မည်​ကို​လည်း​ကောင်း၊ ယေ​ရှု​သည် အ​စ​အ​ဦး၌ သိ​တော်​မူ၏။

ဘု​ရား​သ​ခင်​ချစ်​တော်​မူ၍၊ သန့်​ရှင်း​သူ​အ​ရာ၌ ခန့်​ထား​သော ရော​မ​မြို့​သူ​မြို့​သား​အ​ပေါင်း​တို့​ကို ကြား​လိုက်​ပါ၏။-

ထို​သို့​ပေး​တော်​မူ​သော ကျေး​ဇူး​တော်​အ​တိုင်း ငါ​တို့​သည် အ​သီး​သီး​အ​ပြား​ပြား​သော ဆု​များ​ကို​ခံ​ရ​သည်​ဖြစ်၍၊ ပ​ရော​ဖက်​အ​ရာ​ရှိ​လျှင်၊ ယုံ​ကြည်​ခြင်း၏​ပ​မာ​ဏ​ကို ရ​သည်​အ​တိုင်း ပ​ရော​ဖက်​ပြု​ကြ​ကုန်​အံ့။-

ဘု​ရား​သ​ခင်၏​အ​လို​တော်​အား​ဖြင့် ယေ​ရှု​ခ​ရစ်၏ တ​မန်​တော်​အ​ရာ၌ ခန့်​ထား​သော ငါ​ပေါ​လု​နှင့် ငါ့​ညီ​သုဿင်​သည်၊-

ဤ​အ​ခွင့်​ရှိ​သ​မျှ​တို့​ကို တစ်​ပါး​တည်း​သော ဝိ​ညာဉ်​တော်​သည် ပြု​ပြင်၍ လူ​အ​သီး​အ​သီး​တို့​အား အ​သီး​အ​သီး ခံ​ရ​သော​အ​ခွင့်​ကို အ​လို​တော်​ရှိ​သည်​အ​တိုင်း ဝေ​ငှ၍ ပေး​တော်​မူ၏။

သို့​သော်​လည်း ဘု​ရား​သ​ခင်၏​ကျေး​ဇူး​တော်​အား​ဖြင့်​သာ ငါ​ဖြစ်​သည်​အ​တိုင်း ငါ​ဖြစ်၏။ ငါ​ခံ​ရ​သော ကျေး​ဇူး​တော်​ကို​လည်း အ​ကျိုး​မဲ့​ခံ​ရ​သည်​မ​ဟုတ်။ အ​ခြား​သော တ​မန်​တော်​အ​ပေါင်း​တို့​ထက်၊ ငါ​သည် သာ၍ ကြိုး​စား​ခြင်း​ကို​ပြု၏။ ထို​သို့​ဆို​သော်​လည်း၊ ငါ​ကြိုး​စား​သည်​မ​ဟုတ်။ ငါ​နှင့်​အ​တူ​ရှိ​သော ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​သည် ကြိုး​စား​တော်​မူ၏။-

ပေါ​လု​ကား အ​ဘယ်​သူ​နည်း။ အာ​ပေါ​လု​ကား အ​ဘယ်​သူ​နည်း။ အ​ခြား​သော​သူ​မ​ဟုတ်၊ ထာ​ဝ​ရ​ဘု​ရား​သည် အ​သီး​အ​သီး​တို့​အား အ​ခွင့်​ပေး​သ​နား​တော်​မူ​သည်​နှင့် အ​ညီ၊ သင်​တို့​ကို ယုံ​ကြည်​ခြင်း​သို့ ရောက်​စေ​သော ဓ​မ္မ​ဆ​ရာ​ပေ​တည်း။-

ထို​မှ​တစ်​ပါး၊ အ​ဘယ်​သူ​သည် သင့်​ကို ထူး​ခြား​စေ​သ​နည်း။ သူ​တစ်​ပါး​လက်​မှ မ​ခံ​မ​ယူ​ဘဲ အ​လို​အ​လျောက်​ရ​သော အ​ရာ​တစ်​စုံ​တစ်​ခု​မျှ သင်၌​ရှိ​သ​လော။ သူ​တစ်​ပါး​လက်​မှ ခံ​ယူ​သည်​မှန်​လျှင်၊ မ​ခံ​မ​ယူ​သ​ကဲ့​သို့ အ​ဘယ်​ကြောင့် ဝါ​ကြွား​သ​နည်း။-

လူ​နှင့်​မ​စပ်​ဆိုင်၊ လူ၏​အ​ခွင့်​မ​ရှိ​ဘဲ​လျက်၊ ယေ​ရှု​ခ​ရစ်၏​အ​ခွင့်​နှင့်​လည်း​ကောင်း၊ ထို​သ​ခင်​ကို သေ​ခြင်း​မှ ထ​မြောက်​စေ​တော်​မူ​သော ခ​မည်း​တော် ဘု​ရား​သ​ခင်၏ အ​ခွင့်​နှင့် လည်း​ကောင်း၊ တ​မန်​တော်​ဖြစ်​သော ငါ​ပေါ​လု​မှ​စ၍၊-

ဘု​ရား​သ​ခင်၏​အ​လို​တော်​အား​ဖြင့်၊ ယေ​ရှု​ခ​ရစ်၏​တ​မန်​တော်​ဖြစ်​သော ငါ​ပေါ​လု​သည် ဧ​ဖက်​မြို့၌​နေ​သော သန့်​ရှင်း​သူ​တည်း​ဟူ​သော ယေ​ရှု​ခ​ရစ်​ကို ယုံ​ကြည်​သော​သူ​တို့​ကို ကြား​လိုက်​ပါ၏။-

ငါ​သည် ထို​သက်​သေ​ခံ​သော​သူ အ​ရာ၌​လည်း​ကောင်း၊ တ​မန်​တော် အ​ရာ၌​လည်း​ကောင်း၊ ယုံ​ကြည်​ခြင်း​တ​ရား​နှင့် သ​မ္မာ​တ​ရား​ကို တစ်​ပါး​အ​မျိုး​သား​တို့​အား ဟော​ပြော​သော​ဆ​ရာ အ​ရာ၌​လည်း​ကောင်း ခန့်​ထား​တော်​မူ​သော​သူ ဖြစ်​သည်​ဟု ငါ​ဆို​သော်၊ မု​သား​စ​ကား​ကို​မ​ဆို၊ မှန်​သော​စ​ကား​ကို​ဆို၏။

ကောင်းမြတ်​စုံ​လင်​သော ဆု​ကျေး​ဇူး​ရှိ​သ​မျှ​တို့​သည် အ​လင်း​တို့၏ အ​ဘ​ထံ​တော်​က သက်​ရောက်​သည်​ဖြစ်၍၊ အ​ထက်​အ​ရပ်​မှ လာ​ကြ၏။ ထို​အ​ဘသည် ရွေ့​လျော့​တိမ်း​ယိမ်း​ခြင်း​မ​ရှိ၊ ပြောင်း​လဲ​ခြင်း​အ​ရိပ်​နှင့် ကင်း​လွတ်​တော်​မူ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ