Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ရှင်ယောဟန် 3:29

Judson Bible

မင်္ဂ​လာ​ဆောင်​သ​တို့​သ​မီး​ကို ရ​သော​သူ​သည် မင်္ဂ​လာ​ဆောင်​လု​လင်​ဖြစ်၏။ မင်္ဂ​လာ​ဆောင်​လု​လင်၏ အ​နား​မှာ​နေ၍ သူ၏​စ​ကား​ကို​ကြား​ရ​သော အ​ဆွေ​ခင်​ပွန်း​သည် ထို​စ​ကား​သံ​ကို​ကြား​သော​အား​ဖြင့် ဝမ်း​မြောက်​ခြင်း​ရှိ၏။ ထို​နည်း​တူ ငါ၏​ဝမ်း​မြောက်​ခြင်း ပြည့်​စုံ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

27 ပူးပေါင်းရင်းမြစ်များ  

ဇိ​အုန်​သ​တို့​သ​မီး​တို့၊ လက်​ထပ်​မင်္ဂ​လာ​ဆောင်​သော​နေ့၊ နှ​လုံး​တော်​ရွှင်​လန်း​သော​နေ့၌ မယ်​တော်​တင်​သော ဦး​ရစ်​သ​ရ​ဖူ​ကို ဆောင်း​တော်​မူ​သော ရှော​လ​မုန်​မင်း​ကြီး​ကို သွား၍​ဖူး​မြင်​ကြ​လော့။

ငါ​နှ​မ၊ ငါ့​ခင်​ပွန်း၊ ငါ့​ဥ​ယျာဉ်​ထဲ​သို့ ငါ​ဝင်​လာ​ပြီ။ ငါ့​မု​ရန်​နှင့် နံ့​သာ​မျိုး​ကို ခံ​ယူ​ပြီ။ ငါ့​ပျား​ရည်​နှင့် ပျား​လ​ပို့​ကို စား​ရ​ပြီ။ ငါ့​နို့​နှင့် စ​ပျစ်​ရည်​ကို သောက်​ရ​ပြီ။ ငါ့​အ​ဆွေ​တို့၊ စား​ကြ​လော့။ ငါ့​မိတ်​ဆွေ​တို့၊ သောက်​ကြ။ ဝ​စွာ​သောက်​ကြ​လော့။

အ​ကြောင်း​မူ​ကား၊ သင့်​ကို ဖန်​ဆင်း​သော​သူ​သည် သင်၏​လင် ဖြစ်​တော်​မူ၏။ နာ​မ​တော်​ကား၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​တည်း။ သင့်​ကို​ရွေး​နုတ်​သော​သူ​သည် ဣ​သ​ရေ​လ​အ​မျိုး၌ သန့်​ရှင်း​သော​ဘု​ရား ဖြစ်​တော်​မူ၏။ မြေ​ကြီး​တစ်​ပြင်​လုံး​ကို အ​စိုး​ရ​သော​ဘု​ရား​ဟူ၍ ခေါ်​ရ​ကြ၏။

သို့​ပြု​လျှင်၊ သူ၏​ချမ်း​သာ​ခြင်း​သား​မြတ်​ကို​စို့၍ ဝ​ကြ​လိမ့်​မည်။ သူ၏​စည်း​စိမ်​ကြွယ်​ဝ​ခြင်း​အ​ထဲ​က ထုတ်​ယူ၍ မွေ့​လျော်​ကြ​လိမ့်​မည်။

အော်​ဟစ်​ရ​မည်​အ​ရာ​ဟူ​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​က၊ လယ်​မ​လုပ်​သော​တော​အ​ရပ်၌ သင်​သည် ငါ့​နောက်​သို့ လိုက်​သော​အ​ခါ၊ အ​သက်​အ​ရွယ်​နု​ငယ်၍ ခံ​ရ​သော​ကျေး​ဇူး​ကို​လည်း​ကောင်း၊ ထိမ်း​မြား​ပေး​စား​ခြင်း​နှင့် ယှဉ်​သော ချစ်​ခြင်း​မေ​တ္တာ​ကို​လည်း​ကောင်း ငါ​အောက်​မေ့၏။

တစ်​ဖန် ငါ​သည်​လျှောက်​သွား၍ သင့်​ကို​မြင်​သော​အ​ခါ၊ သင်၌ ချစ်​လို​ဖွယ်​သော အ​ချိန်​အ​ရွယ်​ရှိ​သော​ကြောင့်၊ ငါ​သည် ကိုယ်​အ​ဝတ်​စွန်း​ကို ဖြန့်၍၊ သင်၌ အ​ချည်း​စည်း​ရှိ​ခြင်း​ကို ဖုံး​အုပ်၏။ ကျိန်​ဆို​ခြင်း​ကို​လည်း ပြု၍၊ သင်​နှင့် ပ​ဋိ​ညာဉ်​ဖွဲ့​သ​ဖြင့်၊ သင်​သည် ငါ၏​ခင်​ပွန်း ဖြစ်​လေ၏။

ငါ​သည် ကိုယ်​အ​ဖို့ သင့်​ကို အ​စဉ်​အ​မြဲ​သိမ်း​ယူ​မည်။ ဖြောင့်​မတ်​ခြင်း၊ တ​ရား​သ​ဖြင့် စီ​ရင်​ခြင်း၊ ချစ်​သ​နား​စုံ​မက်​ခြင်း​နှင့် အ​ညီ ကိုယ်​အ​ဖို့ သင့်​ကို​သိမ်း​ယူ​မည်။

ကောင်း​ကင်​နိုင်​ငံ​တော်​သည် မိ​မိ​သား​အ​ဖို့ ထိမ်း​မြား​မင်္ဂ​လာ​ဆောင်​ပွဲ​ကို စီ​ရင်​သော မင်း​ကြီး​နှင့် တူ၏။-

ထို​အ​ခါ ကောင်း​ကင်​နိုင်​ငံ​တော်​သည်​ကား၊ မင်္ဂ​လာ​ဆောင်​လု​လင်​ကို ခ​ရီး​ဦး​ကြို​ပြု​အံ့​သော​ငှာ မီး​ခွက်​ကို ကိုင်​ယူ၍ ထွက်​သွား​သော သ​တို့​သ​မီး တစ်​ကျိပ်​နှင့် တူ၏။-

ယေ​ရှု​က​လည်း မင်္ဂ​လာ​ဆောင်​လု​လင်​သည် မိ​မိ​အ​ပေါင်း​အ​ဖော်​တို့​နှင့် အ​တူ​ရှိ​စဉ်​အ​ခါ သူ​တို့​သည် စိတ်​မ​သာ ညည်း​တွား​တတ်​ကြ​သ​လော။ မင်္ဂ​လာ​ဆောင်​လု​လင်​ကို သူ၏​အ​ပေါင်း​အ​ဖော်​တို့​နှင့် ခွာ၍ ယူ​သွား​သော အ​ချိန်​ကာ​လ ရောက်​လိမ့်​မည်။ ထို​အ​ခါ သူ​တို့​သည် အ​စာ​ရှောင်​ကြ​လိမ့်​မည်။-

မိ​မိ​အိမ်​သို့​ရောက်​သော​အ​ခါ အ​ဆွေ​ခင်​ပွန်း အိမ်​နီး​ချင်း​များ​ကို​ခေါ်၍၊ ပျောက်​သော​သိုး​ကို ငါ​တွေ့​ပြီ။ ငါ​နှင့်​အ​တူ ဝမ်း​မြောက်​ကြ​လော့​ဟု ဆို​တတ်​သည် မ​ဟုတ်​လော။-

သင်​တို့၌ ငါ​ဝမ်း​မြောက်​စ​ရာ​အ​ကြောင်း တည်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သင်​တို့ ဝမ်း​မြောက်​စ​ရာ​အ​ကြောင်း စုံ​လင်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ဤ​စ​ကား​ကို သင်​တို့​အား​ငါ​ဟော​ပြော၏။-

ယ​ခု​တိုင်​အောင် ငါ၏​နာ​မ​ကို​အ​မှီ​ပြု၍ သင်​တို့​သည် အ​ဘယ်​ဆု​ကို​မျှ မ​တောင်း​ကြ​သေး။ သင်​တို့​သည် ဝမ်း​မြောက်​စ​ရာ​အ​ကြောင်း စုံ​လင်​စေ​ခြင်း​ငှာ တောင်း​ကြ​လော့။ ထို​သို့​တောင်း​လျှင် ရ​ကြ​လိမ့်​မည်။

ယ​ခု​တွင် အ​ကျွန်ုပ်​သည် ကိုယ်​တော်​ထံ​သို့​သွား​ရ​မည်​ဖြစ်၍၊ ဤ​သူ​တို့​သည် အ​ကျွန်ုပ်​ကို အ​မှီ​ပြု​သ​ဖြင့် ဝမ်း​မြောက်​ခြင်း​နှင့် ပြည်​စုံ​မည်​အ​ကြောင်း၊ ဤ​စ​ကား​ကို ဤ​လော​က၌ အ​ကျွန်ုပ်​ပြော​ပါ၏။-

ထို​သ​ခင်​သည် တိုး​ပွား​ခြင်း​ရှိ​ရ​မည်။ ငါ​မူ​ကား ဆုတ်​ယုတ်​ခြင်း​ရှိ​ရ​မည်။

အ​ကြောင်း​မူ​ကား၊ ငါ​သည် သင်​တို့​ကို သီ​လ​နှင့်​ပြည့်​စုံ​သော သ​တို့​သ​မီး​က​ညာ​ကဲ့​သို့ ခ​ရစ်​တော်​အား ဆက်​အံ့​သော​ငှာ၊ သင်​တို့​ကို လင်​တစ်​ဦး​နှင့် ထိမ်း​မြား​ဆောင်​နှင်း​ပြီး​သော​ကြောင့် ဘု​ရား​သ​ခင်၏ အ​လို​တော်​အ​တိုင်း စိုး​ရိမ်​သော​စိတ်​နှင့် သင်​တို့​ကို စောင့်​ရှောက်​လျက် နေ၏။-

သင်​တို့​သည် အ​ချင်း​ချင်း​ချစ်​ကြ၍၊ စိတ်​မ​ကွဲ​ပြား​ဘဲ တစ်​လုံး​တစ်​ဝ​တည်း ကြံ​စည်​ခြင်း​နှင့်​တ​ကွ၊ သ​ဘော​တ​ညီ​တ​ညွတ်​တည်း ရှိ​သော​အား​ဖြင့်၊ ငါ​ဝမ်း​မြောက်​စ​ရာ​အ​ကြောင်း​ကို စုံ​လင်​စေ​ကြ​လော့။-

သင်​တို့၏ ဝမ်း​မြောက်​စ​ရာ​အ​ကြောင်း စုံ​လင်​စေ​ခြင်း​ငှာ​လည်း၊ ဤ​အ​ရာ​များ​ကို ငါ​တို့​သည် ရေး​လိုက်​ကြ၏။

သင်​တို့​အား ငါ​ရေး​စ​ရာ​အ​ကြောင်း အ​များ​ရှိ​သော်​လည်း၊ စ​က္ကူ​ပေါ်၌ မင်​နှင့်​ရေး​ခြင်း​ငှာ အ​လို​မ​ရှိ၊ သင်​တို့​ဆီ​သို့ ငါ​လာ၍၊ အ​ချင်း​ချင်း အား​ရ​ဝမ်း​မြောက်​ခြင်း စုံ​လင်​မည်​အ​ကြောင်း၊ သင်​တို့​နှင့် နှုတ်​ဆက်၍ စ​ကား​ပြော​မည်​ဟု မျှော်​လ​င့်​လျက်​နေ၏။-

နောက်​ဆုံး​သော ဘေး​ဒဏ်​ခု​နစ်​ပါး​နှင့် ပြည့်​သော ဖ​လား​ခု​နစ်​လုံး​ကို ဆောင်​သော ကောင်း​ကင်​တ​မန် ခု​နစ်​ပါး​တွင် တစ်​ပါး​သည် လာ​ပြီး​လျှင် ငါ့​ကို​နှုတ်​ဆက်၍၊ လာ​ခဲ့​ပါ။ သိုး​သ​ငယ်၏ ခင်​ပွန်း​တည်း​ဟူ​သော မင်္ဂ​လာ​ဆောင်​သ​တို့​သ​မီး​ကို ငါ​ပြ​မည်​ဟု ပြော​ဆို​လျက်၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ