Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်မာကု 9:4

Judson Bible

မော​ရှေ​နှင့် ဧ​လိ​ယ​သည် ထင်​ရှား၍ ယေ​ရှု​နှင့်​အ​တူ စ​ကား​ပြော​လျက်​ရှိ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

ယော​ဟန်​မ​ရောက်​မီ​တိုင်​အောင် ပ​ည​တ္တိ​ကျမ်း၊ အ​နာ​ဂ​တ္တိ​ကျမ်း ရှိ​သ​မျှ​တို့​သည် ဆုံး​မ​ဩ​ဝါ​ဒ​ပေး​ကြ၏။-

အ​ဝတ်​တော်​လည်း ပြောင်​လက်​လျက်၊ ဤ​မြေ​ပေါ်၌ အ​ဘယ်​ခ​ဝါ​သည်​မျှ မ​တတ်​နိုင်​အောင် မိုး​ပွင့်​ကဲ့​သို့ အ​လွန်​ဖြူ​လျက်​ရှိ၏။-

ထို​အ​ခါ ပေ​တ​ရု​က အ​ရှင်​ဘု​ရား၊ ဤ​အ​ရပ်၌ နေ​ဖွယ်​ကောင်း​ပါ၏။ ကိုယ်​တော်​ဖို့ တဲ​တစ်​ဆောင်၊ မော​ရှေ​ဖို့​တစ်​ဆောင်၊ ဧ​လိ​ယ​ဖို့​တစ်​ဆောင်၊ တဲ​သုံး​ဆောင်​ကို အ​ကျွန်ုပ်​တို့ ဆောက်​လုပ်​ပါ​ရ​စေ​ဟု လျှောက်​လေ၏။-

ထို​အ​ခါ မော​ရှေ၏​ကျမ်း​စာ​မှ​စ၍ ပ​ရော​ဖက်​တို့၏ ကျမ်း​စာ​များ၌ ကိုယ်​တော်​ကို​ရည်​မှတ်၍ ရေး​ထား​သ​မျှ​သော ကျမ်း​စာ​ချက်​အ​နက်​ကို ရှင်း​လင်း​စွာ ဖော်​ပြ​တော်​မူ၏။-

တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊ မော​ရှေ၏ ပ​ည​တ္တိ​ကျမ်း​စာ၌​လည်း​ကောင်း၊ ပ​ရော​ဖက်​တို့၏ ကျမ်း​စာ၌​လည်း​ကောင်း၊ ဆာ​လံ​ကျမ်း​စာ၌​လည်း​ကောင်း၊ ငါ့​ကို​ရည်​မှတ်၍ ရေး​ထား​သ​မျှ​သော​အ​ချက်​တို့​သည် ပြည့်​စုံ​ရ​မည်​ဟု ငါ​သည် သင်​တို့​နှင့်​အ​တူ ရှိ​စဉ်​အ​ခါ သင်​တို့​အား ဟော​ပြော​သော​အ​ကြောင်း​အ​ရာ​တို့​ကား ဤ​အ​ကြောင်း​အ​ရာ​ပေ​တည်း​ဟု မိန့်​တော်​မူ၏။-

လူ​အ​ချို့​က၊ ကိုယ်​တော်​သည် ဗ​တ္တိ​ဇံ​ဆ​ရာ ယော​ဟန်​ဖြစ်​သည် ဟူ၍​လည်း​ကောင်း၊ အ​ချို့​က၊ ဧ​လိ​ယ​ဖြစ်​သည် ဟူ၍​လည်း​ကောင်း၊ အ​ချို့​က၊ ရှေး​ပ​ရော​ဖက် တစ်​ပါး​ပါး​ထ​ပြန်​သည် ဟူ၍​လည်း​ကောင်း ဆို​ကြ​ပါ၏​ဟု လျှောက်​ကြ​သော်၊-

ကျမ်း​စာ​အား​ဖြင့် ထာ​ဝ​ရ​အ​သက်​ကို​ရ​မည်​ဟု စိတ်​ထင်​နှင့် သင်​တို့​သည် ကျမ်း​စာ​ကို​စေ့​စေ့​ကြည့်​ရှု​ကြ၏။ ထို​ကျမ်း​စာ​ပင် ငါ၏​သက်​သေ​ဖြစ်၏။-

ငါ​သည် ထို​သူ​ကို ကိုး​ကွယ်​ခြင်း​ငှာ သူ၏ ခြေ​ရင်း၌ ပျပ်​ဝပ်၏။ သူ​က​လည်း၊ မ​ပြု​ပါ​နှင့်၊ ငါ​ကား သင်၏ လုပ်​ဘော်​ဆောင်​ဖက် ဖြစ်၏။ ယေ​ရှု၏ သက်​သေ​ခံ​တော်​မူ​ချက်​ကို ဆောင်​သော သင်၏ ညီ​အစ်​ကို​တို့၏ လုပ်​ဘော်​ဆောင်​ဖက်​လည်း ဖြစ်၏။ ဘု​ရား​သ​ခင်​ကို ကိုး​ကွယ်​လော့။ အ​ကြောင်း​မူ​ကား၊ ပ​ရော​ဖက်​ဟော​သော စ​ကား​ချက်​သ​ဘော​သည် ယေ​ရှု၏​သက်​သေ ဖြစ်​သ​တည်း​ဟု ငါ့​အား​ပြော​ဆို၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ