Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်မာကု 9:5

Judson Bible

ထို​အ​ခါ ပေ​တ​ရု​က အ​ရှင်​ဘု​ရား၊ ဤ​အ​ရပ်၌ နေ​ဖွယ်​ကောင်း​ပါ၏။ ကိုယ်​တော်​ဖို့ တဲ​တစ်​ဆောင်၊ မော​ရှေ​ဖို့​တစ်​ဆောင်၊ ဧ​လိ​ယ​ဖို့​တစ်​ဆောင်၊ တဲ​သုံး​ဆောင်​ကို အ​ကျွန်ုပ်​တို့ ဆောက်​လုပ်​ပါ​ရ​စေ​ဟု လျှောက်​လေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

တံ​တိုင်း​တော်​တို့​အ​တွင်း၌ နေ​သော​တစ်​ရက်​သည် အ​ခြား​အ​ရပ်၌​နေ​သော အ​ရက်​တစ်​ထောင်​ထက် သာ၍​ကောင်း​ပါ၏။ မ​တ​ရား​သော​သူ၏​နေ​ရာ၌ နေ​ရ​သော​အ​ခွင့်​ထက်၊ အ​ကျွန်ုပ်၏ ဘု​ရား​သ​ခင့်​အိမ်​တော်၌ တံ​ခါး​စောင့်​အ​ရာ​ကို အ​ကျွန်ုပ်​သာ၍ နှစ်​သက်​ပါ၏။

ထို​အ​ခါ ပေ​တ​ရု​က၊ သ​ခင်၊ ဤ​အ​ရပ်၌ နေ​ဖွယ်​ကောင်း​ပါ၏။ ကိုယ်​တော်​ဖို့ တဲ​တစ်​ဆောင်၊ မော​ရှေ​ဖို့ တစ်​ဆောင်၊ ဧ​လိ​ယ​ဖို့ တစ်​ဆောင်၊ တဲ​သုံး​ဆောင်​ကို အ​လို​တော်​ရှိ​လျှင် အ​ကျွန်ုပ်​တို့​သည် ဆောက်​လုပ်​ပါ​မည်​ဟု လျှောက်​လေ၏။-

ဈေး၌ ရို​သေ​စွာ နှုတ်​ဆက်​ခြင်း​ကို​လည်း​ကောင်း၊ အ​ရှင်​ဘု​ရား အ​ရှင်​ဘု​ရား​ဟု လူ​များ​ခေါ်​ဝေါ်​ခြင်း​ကို​လည်း​ကောင်း နှစ်​သက်​ကြ၏။-

သင်​တို့​မူ​ကား အ​ရှင်​ဘု​ရား​ဟု ခေါ်​ဝေါ်​ခြင်း​ကို မ​ခံ​ကြ​နှင့်။ ခ​ရစ်​တော်​တည်း​ဟူ​သော သင်​တို့​ဥ​ပ​ဇ္ဈာယ်​ဆ​ရာ တစ်​ပါး​တည်း​ရှိ၏။ သင်​တို့​အ​ပေါင်း​သည် ညီ​အစ်​ကို​ချင်း ဖြစ်​ကြ၏။-

မော​ရှေ​နှင့် ဧ​လိ​ယ​သည် ထင်​ရှား၍ ယေ​ရှု​နှင့်​အ​တူ စ​ကား​ပြော​လျက်​ရှိ၏။-

တ​ပည့်​တော်​တို့​သည် အ​လွန်​ကြောက်​သော​ကြောင့် ပေ​တ​ရု​သည် ယောင်​ယမ်း၍ ထို​သို့​လျှောက်​သ​တည်း။-

ထို​သူ​တို့​သည် အ​ထံ​တော်​မှ​သွား​ကြ​စဉ်၊ ပေ​တ​ရု​က၊ သ​ခင်၊ ဤ​အ​ရပ်၌ နေ​ဖွယ်​ကောင်း​ပါ၏။ ကိုယ်​တော်​ဖို့ တဲ​တစ်​ဆောင်၊ မော​ရှေ​ဖို့ တစ်​ဆောင်၊ ဧ​လိ​ယ​ဖို့ တစ်​ဆောင်၊ တဲ​သုံး​ဆောင်​ကို အ​ကျွန်ုပ်​တို့ ဆောက်​လုပ်​ပါ​ရ​စေ​ဟု ယောင်​ယမ်း၍ လျှောက်​လေ၏။-

မ​ရောက်​မီ​တွင် တ​ပည့်​တော်​တို့​က၊ အ​ရှင်​ဘု​ရား၊ အ​စာ​ကို​သုံး​ဆောင်​တော်​မူ​ပါ​ဟု တောင်း​ပန်​ကြ​လျှင်၊-

ထို​အ​ကျိုး​နှစ်​ပါး၏​အ​ကြား၌ ငါ​သည်​ယ​ခု ကျဉ်း​မြောင်း​စွာ နေ​ရ၏။ စု​တေ၍ ခ​ရစ်​တော်​နှင့်​အ​တူ နေ​ခြင်း​ငှာ တောင့်​တ​လို​ချင်​သော​စိတ် ရှိ၏။ သာ၍ အ​လွန် ထူး​မြတ်​သော​အ​ကျိုး​ဖြစ်၏။-

ချစ်​သူ​တို့၊ ယ​ခု​တွင် ငါ​တို့​သည် ဘု​ရား​သ​ခင်၏​သား ဖြစ်​ကြ၏။ နောက်​မှ အ​ဘယ်​သို့​သော​သူ​ဖြစ်​မည်​ဟု မ​ထင်​ရှား​သေး။ သို့​သော်​လည်း ကိုယ်​တော်​သည် ထင်​ရှား​ပေါ်​ထွန်း​တော်​မူ​သော​အ​ခါ၊ ငါ​တို့​သည် ကိုယ်​တော်​နှင့် တူ​ကြ​လ​တ္တံ့​ဟု ငါ​တို့​သိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ကိုယ်​တော် ဖြစ်​တော်​မူ​သည်​အ​တိုင်း​ကို ငါ​တို့​သည် မြင်​ရ​ကြ​လ​တ္တံ့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ