Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်မာကု 9:3

Judson Bible

အ​ဝတ်​တော်​လည်း ပြောင်​လက်​လျက်၊ ဤ​မြေ​ပေါ်၌ အ​ဘယ်​ခ​ဝါ​သည်​မျှ မ​တတ်​နိုင်​အောင် မိုး​ပွင့်​ကဲ့​သို့ အ​လွန်​ဖြူ​လျက်​ရှိ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

အ​ကျွန်ုပ်​ကို စင်​ကြယ်​စေ​ခြင်း​ငှာ၊ ဟုဿုပ်​ပင်​ညွန့်​နှင့် သန့်​ရှင်း​ခြင်း​မင်္ဂ​လာ​ကို ပေး​တော်​မူ​ပါ။ အ​ကျွန်ုပ်​ကို မိုး​ပွင့်​ထက်​သာ၍ ဖြူ​စေ​ခြင်း​ငှာ ဆေး​ကြော​တော်​မူ​ပါ။

အ​န​န္တ​တန်​ခိုး​နှင့် ပြည့်​စုံ​တော်​မူ​သော​ဘု​ရား​သည်၊ ရှင်​ဘု​ရင်​တို့​ကို ကွဲ​ပြား​စေ​တော်​မူ​သော​အ​ရပ်​သည် ဇာ​လ​မုန်​တောင်​ပေါ်​မှာ မိုး​ပွင့်​ကဲ့​သို့ ဖြစ်​လေ၏။

ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ လာ​ကြ။ တ​ရား​စီ​ရင်​ကြ​ကုန်​အံ့။ သင်​တို့​အ​ပြစ်​သည် နီ​သော​အ​ဆင်း​ရှိ​သော်​လည်း၊ မိုး​ပွင့်​ကဲ့​သို့ ဖြူ​လိ​မ့်​မည်။ က​တ္တီ​ပါ​နီ​နှင့်​အ​မျှ နီ​သော်​လည်း၊ သိုး​မွေး​ကဲ့​သို့​ဖြစ်​လိမ့်​မည်။

ထို​အ​ခါ ငါ​ကြည့်​ရှု​စဉ်၊ ရာ​ဇ​ပ​လ္လင်​များ​ကို တည်​ထား​လျက်​ရှိ၍၊ အ​သက်​ကြီး​သော သူ​တစ်​ဦး​သည် ထိုင်​တော်​မူ၏။ အ​ဝတ်​တော်​သည် မိုး​ပွင့်​ကဲ့​သို့​ဖြူ၏။ ဆံ​ပင်​တော်​သည် ဖြူ​သော သိုး​မွေး​နှင့်​တူ၏။ ပ​လ္လင်​တော်​သည် မီး​လျှံ​ဖြစ်၏။ ပ​လ္လင်​တော်​အောက်၌ မီး​စက်​လှည်း​ဘီး ရှိ၏။

သူ၏​မျက်​နှာ​သည် လျှပ်​စစ်​ကဲ့​သို့​ထင်၏။ အ​ဝတ်​သည်​လည်း မိုး​ပွင့်​ကဲ့​သို့ ဖြူ၏။-

မော​ရှေ​နှင့် ဧ​လိ​ယ​သည် ထင်​ရှား၍ ယေ​ရှု​နှင့်​အ​တူ စ​ကား​ပြော​လျက်​ရှိ၏။-

ဆု​တောင်း​တော်​မူ​စဉ်​တွင် မျက်​နှာ​တော်​သည် ထူး​ခြား​သော​အ​ဆင်း​အ​ရောင်​ရှိ၍၊ အ​ဝတ်​တော်​လည်း ပြောင်​ပြောင်​လက်​လက် ဖြူ၏။-

ကော်​နေ​လိ​က​လည်း၊ အ​ကျွန်ုပ်​သည် ယ​ခု​အ​ချိန် နာ​ရီ​တိုင်​အောင် အ​စာ​ရှောင်၍ သုံး​ချက်​တီး​အ​ချိန်​တွင် အိမ်၌​ဆု​တောင်း​လျက် နေ​သည်၊ ယ​ခု လေး​ရက်​ရှိ​ပါ​ပြီ။ ထို​အ​ချိန်၌ လူ​တစ်​ယောက်​သည် ထွန်း​တောက်​သော​အ​ဝတ်​ကို ဝတ်​လျက် အ​ကျွန်ုပ် ရှေ့​မှောက်၌​ရပ်၍၊-

သူ​သည် မိုး​ကောင်း​ကင်​အ​လယ်၌ ပျံ​တတ်​သော ငှက်​အ​ပေါင်း​တို့​ကို ကြီး​သော​အ​သံ​နှင့်​ခေါ်၍၊ လာ​ကြ​လော့။ ရှင်​ဘု​ရင်​အ​သား၊ စစ်​သူ​ကြီး​အ​သား၊ သူ​ရဲ​အ​သား၊ မြင်း​အ​သား၊ မြင်း​စီး​သော​သူ အ​သား၊ အ​စေ​ခံ​ကျွန်၊ လူ​လွှတ်၊ အ​ကြီး​အ​ငယ် အ​မျိုး​မျိုး​သော လူ​တို့၏ အ​သား​ကို စား​အံ့​သော​ငှာ၊ ကြီး​မြတ်​တော်​မူ​သော ဘု​ရား​သ​ခင်၏ ပွဲ​တော်​သို့ စည်း​ဝေး​ကြ​လော့​ဟု ဟစ်​ကြော်၏။-

ငါ​က၊ သ​ခင်၊ ကိုယ်​တော်​သိ​ပါ၏​ဟု ပြန်​လျှောက်၏။ သူ​က​လည်း၊ ဤ​သူ​တို့​သည် ကြီး​စွာ​သော ဆင်း​ရဲ​ဒု​က္ခ​အ​ထဲ​က ထွက်​မြောက်၍၊ မိ​မိ​တို့​ဝတ်​လုံ​ကို သိုး​သ​ငယ်၏ အ​သွေး၌​လျှော်၍ ဖြူ​စေ​သော​သူ ဖြစ်​ကြ​သ​တည်း။-

ထို​နောက်​မှ ငါ​ကြည့်​လျှင်၊ အ​သီး​အ​သီး ဘာ​သာ​စ​ကား​ကို ပြော​သော လူ​အ​မျိုး​အ​နွယ်​ခပ်​သိမ်း​တို့ အ​ထဲ​မှ​ထွက်၍၊ အ​ဘယ်​သူ​မျှ မ​ရေ​တွက်​နိုင်​သော လူ​များ​အ​ပေါင်း​တို့​သည် ဖြူ​သော​ဝတ်​လုံ​ကို ဝတ်​ဆင်​လျက်၊ စွန်​ပ​လွံ​ခက်​ကို​ကိုင်​လျက်၊ ပ​လ္လင်​တော်​ရှေ့၊ သိုး​သ​ငယ် ရှေ့​မှာ​ရပ်​နေ​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ