Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်မာကု 1:7

Judson Bible

ဟော​ချက်​စ​ကား​ဟူ​မူ​ကား၊ ငါ့​ထက် တတ်​စွမ်း​နိုင်​သော​သူ​သည် ငါ့​နောက်​ကြွ​လာ၏။ ထို​သူ၏ ခြေ​နင်း​တော်​ကြိုး​ကို​မျှ ငုံ့၍​ဖြည်​ခြင်း​ငှာ ငါ​မ​ထိုက်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ငါ​သည် နောင်​တ​အ​ဖို့​အ​လို​ငှာ သင်​တို့​ကို ရေ​နှင့်​ဗ​တ္တိ​ဇံ​ပေး၏။ ငါ့​နောက် ကြွ​လာ​သော​သူ​သည် ငါ့​ထက် တတ်​စွမ်း​နိုင်၏။ ထို​သူ၏​ခြေ​နင်း​တော်​ကို​မျှ ဆောင်​ခြင်း​ငှာ ငါ​မ​ထိုက်။ ထို​သူ​သည် သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​နှင့်​လည်း​ကောင်း၊ မီး​နှင့်​လည်း​ကောင်း၊ သင်​တို့​ကို ဗ​တ္တိ​ဇံ​ပေး​မည်။

ယော​ဟန်​က​လည်း၊ အ​ကျွန်ုပ်​သည် ကိုယ်​တော်​ထံ၌ ဗ​တ္တိ​ဇံ​ကို​ခံ​ရ​မည် အ​ကြောင်း​ရှိ​ပါ​သည်​ဖြစ်၍၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ထံ​သို့ ကြွ​လာ​တော်​မူ​သ​လော​ဟု ယေ​ရှု​ကို​ဆီး​တား​လေ၏။

ယော​ဟန်​သည် ကု​လား​အုတ်​အ​မွေး​နှင့် ရက်​သော​အ​ဝတ်​ကို ဝတ်​လျက်၊ ခါး၌ သား​ရေ​ခါး​ပန်း​ကို စည်း​လျက်၊ ကျိုင်း​ကောင်​နှင့် တော၌​ဖြစ်​သော​ပျား​ရည်​ကို စား​လျက်​နေ၏။-

ငါ​သည် သင်​တို့​အား ရေ၌​ဗ​တ္တိ​ဇံ​ကို​ပေး၏။ ထို​သူ​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်၌ သင်​တို့​ကို ဗ​တ္တိ​ဇံ​ပေး​မည်​ဟု ဟော​သ​တည်း။

ယော​ဟန်​သည် လူ​အ​ပေါင်း​တို့​အား ပြန်​ပြော​သည်​ကား၊ ငါ​သည် သင်​တို့​အား ရေ၌ ဗ​တ္တိ​ဇံ​ကို​ပေး၏။ ငါ့​ထက်​တတ်​စွမ်း​နိုင်​သော​သူ​သည် ကြွ​လာ​သေး၏။ ထို​သူ၏ ခြေ​နင်း​တော်​ကြိုး​ကို​မျှ ဖြည်​ခြင်း​ငှာ ငါ​မ​ထိုက်။ ထို​သူ​သည် သန့်​ရှင်း​သော ဝိ​ညာဉ်​တော်၌​လည်း​ကောင်း၊ မီး၌​လည်း​ကောင်း သင်​တို့​ကို ဗ​တ္တိ​ဇံ​ပေး​မည်။-

ထို​သူ​သည် ငါ့​နောက်​ကြွ​လာ​သော်​လည်း ငါ့​ထက်​သာ၍​ကြီး​မြတ်၏။ ထို​သူ၏​ခြေ​နင်း​တော်​ကြိုး​ကို​မျှ ဖြည်​ခြင်း​ငှာ ငါ​မ​ထိုက်​ဟု ပြန်​ပြော၏။-

ယော​ဟန်​သည် မိ​မိ​ဆောင်​ရွက်​ရ​သော အ​မှု​ကို​ပြု၍ နေ​စဉ်​တွင်၊ ငါ​သည် အ​ဘယ်​သူ​ဖြစ်​သည်​ကို သင်​တို့ ထင်​မှတ်​ကြ​သ​နည်း။ ငါ​သည် ထို​သူ​ဖြစ်​သည်​မ​ဟုတ်။ ငါ့​နောက်​ကြွ​လာ​သော​သူ​တစ်​ပါး​ရှိ​သေး၏။ ထို​သူ၏ ခြေ​နင်း​တော်​ကို ငါ​မ​ချွတ်​ထိုက်​ဟု​ဆို၏။-

ပေါ​လု​က​လည်း၊ ယော​ဟန်​က၊ ငါ့​နောက်​ကြွ​လာ​သော​သူ​ကို ယုံ​ကြည်​ရ​မည်​ဟု လူ​များ​တို့​အား ပြော​ဆို​လျက်၊ နောင်​တ​နှင့် စပ်​ဆိုင်​သော ဗ​တ္တိ​ဇံ​ကို​ပေး၏။ ထို​သို့​ဆို​ရာ၌ ယေ​ရှု​ခ​ရစ်​ကို ဆို​လို​သည်၊-

အ​ဘိ​ဂဲ​လ​သည်​ထ၍ မြေ​ပေါ်​မှာ ပျပ်​ဝပ်​လျက်၊ ကျွန်​မ​သည် ကျွန်​မ​သ​ခင်၏ ကျွန်​တို့​ခြေ​ကို ဆေး​သော ကျွန်​မိန်း​မ​ဖြစ်​ပါ​စေ​သော​ဟု ဆို​ပြီး​မှ၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ