Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ရှင်မာကု 1:8

Judson Bible

ငါ​သည် သင်​တို့​အား ရေ၌​ဗ​တ္တိ​ဇံ​ကို​ပေး၏။ ထို​သူ​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်၌ သင်​တို့​ကို ဗ​တ္တိ​ဇံ​ပေး​မည်​ဟု ဟော​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

ငါ​ဆုံး​မ​သော စ​ကား​ကို နား​ထောင်၍ ပြောင်း​လဲ​ကြ​လော့။ ငါ့​ဝိ​ညာဉ်​ကို သင်​တို့​အ​ပေါ်​သို့ ငါ​သွန်း​လောင်း၍၊ ငါ့​စ​ကား၏ အ​နက်​အ​ဓိ​ပ္ပာယ်​ကို နား​လည်​စေ​မည်။

ဝိ​ညာဉ်​တော်​သည် ကောင်း​ကင်​မှ ငါ​တို့​အ​ပေါ်​သို့​သွန်း​လောင်း၍၊ တော​သည် အ​သီး​အ​နှံ​များ​သော လယ်​ဖြစ်၍၊ အ​သီး​အ​နှံ​များ​သော​လယ်​သည် တော​အုပ်​ကဲ့​သို့ မှတ်​ရ​သော​ကာ​လ မ​ရောက်​မီ​တိုင်​အောင်၊ ထို​သို့ ဖြစ်​ကြ​လိမ့်​မည်။

အ​ကြောင်း​မူ​ကား၊ ရေ​ငတ်​သော​သူ​အ​ပေါ်​မှာ ရေ​ကို ငါ​သွန်း​လောင်း၍၊ သွေ့​ခြောက်​သော​မြေ​ကို ရေ​လွှမ်း​မိုး​စေ​မည်။ သင်၏ အ​မျိုး​အ​ပေါ်​မှာ ငါ့​ဝိ​ညာဉ်​ကို​လည်း​ကောင်း၊ သင်၏​အ​နွယ်​အ​ပေါ်​မှာ ငါ့​ကောင်း​ချီး​မင်္ဂ​လာ​ကို​လည်း​ကောင်း ငါ​သွန်း​လောင်း​မည်။

ထို​နောက်​မှ လူ​မျိုး​တ​ကာ​တို့ အ​ပေါ်​သို့ ငါ၏​ဝိ​ညာဉ်​တော်​ကို ငါ​သွန်း​လောင်း​မည်။ သင်​တို့၏ သား​သ​မီး​တို့​သည် ပ​ရော​ဖက်​ဉာဏ်​နှင့် ဟော​ပြော​ရ​ကြ​လိမ့်​မည်။ အ​သက်​ကြီး​သော​သူ​တို့​သည် နိ​မိတ်​အိပ်​မက်​တို့​ကို မြင်​မက်​ရ​ကြ​လိမ့်​မည်။ အ​သက်​ငယ်​သော သူ​တို့​သည်​လည်း ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တို့​ကို မြင်​ရ​ကြ​လိမ့်​မည်။

ငါ​သည် နောင်​တ​အ​ဖို့​အ​လို​ငှာ သင်​တို့​ကို ရေ​နှင့်​ဗ​တ္တိ​ဇံ​ပေး၏။ ငါ့​နောက် ကြွ​လာ​သော​သူ​သည် ငါ့​ထက် တတ်​စွမ်း​နိုင်၏။ ထို​သူ၏​ခြေ​နင်း​တော်​ကို​မျှ ဆောင်​ခြင်း​ငှာ ငါ​မ​ထိုက်။ ထို​သူ​သည် သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​နှင့်​လည်း​ကောင်း၊ မီး​နှင့်​လည်း​ကောင်း၊ သင်​တို့​ကို ဗ​တ္တိ​ဇံ​ပေး​မည်။

ဟော​ချက်​စ​ကား​ဟူ​မူ​ကား၊ ငါ့​ထက် တတ်​စွမ်း​နိုင်​သော​သူ​သည် ငါ့​နောက်​ကြွ​လာ၏။ ထို​သူ၏ ခြေ​နင်း​တော်​ကြိုး​ကို​မျှ ငုံ့၍​ဖြည်​ခြင်း​ငှာ ငါ​မ​ထိုက်။-

ထို​အ​ခါ ယေ​ရှု​သည် ဂါ​လိ​လဲ​ပြည်​နာ​ဇ​ရက်​မြို့​မှ ကြွ​လာ၍ ယော​ဟန်​လက်​ဖြင့် ယော်​ဒန်​မြစ်၌ ဗ​တ္တိ​ဇံ​ကို ခံ​တော်​မူ၏။-

ယော​ဟန်​သည် လူ​အ​ပေါင်း​တို့​အား ပြန်​ပြော​သည်​ကား၊ ငါ​သည် သင်​တို့​အား ရေ၌ ဗ​တ္တိ​ဇံ​ကို​ပေး၏။ ငါ့​ထက်​တတ်​စွမ်း​နိုင်​သော​သူ​သည် ကြွ​လာ​သေး၏။ ထို​သူ၏ ခြေ​နင်း​တော်​ကြိုး​ကို​မျှ ဖြည်​ခြင်း​ငှာ ငါ​မ​ထိုက်။ ထို​သူ​သည် သန့်​ရှင်း​သော ဝိ​ညာဉ်​တော်၌​လည်း​ကောင်း၊ မီး၌​လည်း​ကောင်း သင်​တို့​ကို ဗ​တ္တိ​ဇံ​ပေး​မည်။-

ယော​ဟန်​က​လည်း၊ ငါ​သည် ရေ၌ ဗ​တ္တိ​ဇံ​ကို​ပေး၏။ သင်​တို့​အ​လယ်၌ သင်​တို့​မ​သိ​သော သူ​တစ်​ယောက်​ရှိ၏။-

အ​စ​က ထို​သူ​ကို​ငါ​မ​သိ။ ရေ၌​ဗ​တ္တိ​ဇံ​ကို​ပေး​စေ​ခြင်း​ငှာ ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​သူ​က၊ အ​ကြင်​သူ၏​အ​ပေါ်၌ ဝိ​ညာဉ်​တော်​ဆင်း​သက်၍ နား​တော်​မူ​သည်​ကို သင်​သည်​မြင်​လျှင်၊ ထို​သူ​ကား သန့်​ရှင်း​သော ဝိ​ညာဉ်​တော်၌ ဗ​တ္တိ​ဇံ​ကို​ပေး​သော​သူ​ပေ​တည်း​ဟု မိန့်​တော်​မူ​သည်​နှင့်​အ​ညီ။-

က​တိ​တော်​အ​ချက် ဟူ​မူ​ကား၊ ယော​ဟန်​သည် ရေ၌​ဗ​တ္တိ​ဇံ​ကို​ပေး၏။ သင်​တို့​သည် မ​ကြာ​မ​မြင့်​မီ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်၌ ဗ​တ္တိ​ဇံ​ကို​ခံ​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

တစ်​ပါး​အ​မျိုး​သား​တို့ အ​ပေါ်​သို့ သန့်​ရှင်း​သော ဝိ​ညာဉ်​တော်၏ ကျေး​ဇူး​ကို သွန်း​လောင်း​သော​ကြောင့်၊ အ​ရေ​ဖျား​လှီး​ခြင်း​ကို ခံ​သော​သူ​တည်း​ဟူ​သော ပေ​တ​ရု​နှင့် ပါ​သ​မျှ​သော တ​ပည့်​တော်​တို့​သည် မိန်း​မော​တွေ​ဝေ​ခြင်း​ရှိ​ကြ၏။-

ဟော​ဖူး​သော​အ​ချက်​ကား၊ နောင်​ကာ​လ၌ လူ​မျိုး​တ​ကာ​တို့​အ​ပေါ်​သို့ ငါ၏​ဝိ​ညာဉ်​တော်​ကို ငါ​သွန်း​လောင်း​မည်။ သင်​တို့၏​သား​သ​မီး​တို့​သည် ပ​ရော​ဖက်​ဉာဏ်​နှင့် ဟော​ပြော​ရ​ကြ​လိမ့်​မည်။ အ​သက်​ငယ်​သော​သူ​တို့​သည် ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တို့​ကို မြင်​ရ​ကြ​လိမ့်​မည်။ အ​သက်​ကြီး​သော​သူ​တို့​သည်​လည်း နိ​မိတ်​အိပ်​မက်​တို့​ကို မြင်​မက်​ရ​ကြ​လိမ့်​မည်။-

ထို​သူ​အ​ပေါင်း​တို့​သည်​လည်း သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​နှင့်​ပြည့်၍၊ ဝိ​ညာဉ်​တော်​သည် ဟော​ပြော​သော​အ​ခွင့်​ကို ပေး​တော်​မူ​သည်​အ​တိုင်း အ​မျိုး​မျိုး​သော​ဘာ​သာ​စ​ကား​အား​ဖြင့် ဟော​ပြော​ကြ၏။

အ​ကြောင်း​မူ​ကား၊ ယု​ဒ​လူ​ဖြစ်​စေ၊ ဟေ​လ​သ​လူ​ဖြစ်​စေ၊ ကျွန်​ဖြစ်​စေ၊ လူ​လွတ်​ဖြစ်​စေ၊ ငါ​တို့​ရှိ​သ​မျှ​သည် ဝိ​ညာဉ်​တော်​တစ်​ပါး​တည်း​အား​ဖြင့် တစ်​ကိုယ်​တည်း​ထဲ​သို့ ဗ​တ္တိ​ဇံ​ကို​ခံ​ကြ၏။ ငါ​တို့​ရှိ​သ​မျှ​သည် တစ်​စိတ်​တစ်​ဝိ​ညာဉ်​တည်း ထဲ​သို့​လည်း သောက်​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ