Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်မာကု 1:6

Judson Bible

ယော​ဟန်​သည် ကု​လား​အုတ်​အ​မွေး​နှင့် ရက်​သော​အ​ဝတ်​ကို ဝတ်​လျက်၊ ခါး၌ သား​ရေ​ခါး​ပန်း​ကို စည်း​လျက်၊ ကျိုင်း​ကောင်​နှင့် တော၌​ဖြစ်​သော​ပျား​ရည်​ကို စား​လျက်​နေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

6 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​က၊ ထို​သူ​သည် ကိုယ်၌​အ​မွေး​များ၍ သား​ရေ​ခါး​ပန်း​ကို စည်း​သော​သူ​ဖြစ်​ပါ​သည်​ဟု လျှောက်​ကြ​သော်၊ ထို​သူ​သည် တိ​ရှ​ဘိ​မြို့​သား​ဧ​လိ​ယ​ဖြစ်​လိမ့်​မည်​ဟု ရှင်​ဘု​ရင်​ဆို​လျက်၊

အာ​ရာ​ဘ​ကျိုင်း​မျိုး၊ သ​လောင်​ကျိုင်း​မျိုး၊ ခ​ရ​ဂ​လ​ကျိုင်း​မျိုး၊ ခါ​ဂပ်​ကျိုင်း​မျိုး​ကို စား​ရ​မည်။

ထို​ကာ​လ၌ ပ​ရော​ဖက်​သည်​ဟော​ပြော​သော​အ​ခါ မိ​မိ​မြင်​သော ရူ​ပါ​ရုံ​ကြောင့် ရှက်​လိမ့်​မည်။ သူ​တစ်​ပါး​ကို လှည့်​စား​မည့်​အ​ကြံ​နှင့် ကြမ်း​တမ်း​သော အ​ဝတ်​ကို​လည်း မ​ဝတ်​ရ။

ယော​ဟန်​သည် ကု​လား​အုတ်​အ​မွေး​နှင့်​ရက်​သော အ​ဝတ်​ကို​ဝတ်​လျက်၊ ခါး၌​သား​ရေ​ခါး​ပန်း​ကို စည်း​လျက်၊ ကျိုင်း​ကောင်​နှင့် တော၌​ဖြစ်​သော ပျား​ရည်​ကို စား​လျက်​နေ၏။

ယေ​ရု​ရှ​လင်​မြို့​သား​များ​မှ​စ၍ ယု​ဒ​ပြည်​သူ​ပြည်​သား အ​ပေါင်း​တို့​သည် ယော​ဟန်​ထံ​သို့ ထွက်​သွား၍ မိ​မိ​တို့ အ​ပြစ်​များ​ကို​ဖော်​ပြ​လျက် ယော်​ဒန်​မြစ်၌ ဗ​တ္တိ​ဇံ​ကို​ခံ​ကြ၏။-

ဟော​ချက်​စ​ကား​ဟူ​မူ​ကား၊ ငါ့​ထက် တတ်​စွမ်း​နိုင်​သော​သူ​သည် ငါ့​နောက်​ကြွ​လာ၏။ ထို​သူ၏ ခြေ​နင်း​တော်​ကြိုး​ကို​မျှ ငုံ့၍​ဖြည်​ခြင်း​ငှာ ငါ​မ​ထိုက်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ