Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ရ​မိ 7:3

Judson Bible

ဣ​သ​ရေ​လ​အ​မျိုး​၏ ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​ဘာ​သာ​ဓ​လေ့​နှင့် သင်​တို့ အ​ကျင့်​များ​တို့​ကို ပြု​ပြင်​ကြ​လော့။ သို့​ပြု​လျှင် သင်​တို့​ကို ဤ​အ​ရပ်၌ ငါ​နေ​စေ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

သို့​ရာ​တွင် ထာ​ဝ​ရ​ဘု​ရား​က အ​ဓ​မ္မ​လမ်း​တို့​ကို ရှောင်​ကြ​လော့။ ငါ​သည် သင်​တို့​ဘိုး​ဘေး​တို့၌ ထား​သော​တ​ရား၊ ငါ့​ကျွန်​ပ​ရော​ဖက်​တို့​ဖြင့် ပေး​လိုက်​သော​တ​ရား​ကို အ​ကုန်​အ​စင်​ကျင့်၍၊ ငါ့​စီ​ရင်​ထုံး​ဖွဲ့​ချက်​တို့​ကို စောင့်​ရှောက်​ကြ​လော့​ဟု ပ​ရော​ဖက်​များ​နှင့် အ​နာ​ဂတ်​ဟော​ဆ​ရာ​များ​တို့​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး၊ ယု​ဒ​အ​မျိုး၌ သက်​သေ​ခံ​တော်​မူ​သော်​လည်း၊

သို့​ဖြစ်၍ ဘိုး​ဘေး​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား တောင်း​ပန်​ကြ​လော့။ အ​လို​တော်​အ​တိုင်း ပြု​လျက်၊ ဤ​ပြည်​သား​တို့​နှင့်​လည်း​ကောင်း၊ တစ်​ပါး​အ​မျိုး​သား မိန်း​မ​တို့​နှင့်​လည်း​ကောင်း ကွာ​ကြ​လော့​ဟု သူ​တို့​အား​ဆို၏။

မိ​မိ​အ​ပြစ်​ကို ဝှက်​ထား​သော​သူ​သည် ချမ်း​သာ​မ​ရ။ မိ​မိ​အ​ပြစ်​ကို​ဖော်​ပြ​ဝန်​ချ၍ စွန့်​ပစ်​သော​သူ​မူ​ကား၊ က​ရု​ဏာ​တော်​ကို ခံ​ရ​လိမ့်​မည်။

ဆိုး​သော​သူ​သည် မိ​မိ​လမ်း​ကို​လည်း​ကောင်း၊ မ​တ​ရား​သော​သူ​သည် မိ​မိ​အ​ကြံ​တို့​ကို​လည်း​ကောင်း စွန့်​ပစ်၍၊ ထာ​ဝ​ရ​ဘု​ရား ထံ​တော်​သို့ ပြောင်း​လဲ​ပါ​စေ။ သို့​ပြု​လျှင် သ​နား​တော်​မူ​လိမ့်​မည်။ ငါ​တို့ ဘု​ရား​သ​ခင့် ထံ​တော်​သို့ ပြောင်း​လဲ​ပါ​စေ။ သို့​ပြု​လျှင် အ​ထူး​သ​ဖြင့် အ​ပြစ်​ကို လွှတ်​တော်​မူ​လိမ့်​မည်။

ဒါ​ဝိဒ်​မင်း​ကြီး၏​ရာ​ဇ​ပ​လ္လင်​ပေါ်​မှာ​ထိုင်​သော ရ​ထား​စီး၊ မြင်း​စီး​ရှင်​ဘု​ရင်၊ မင်း​သား​မှ​စ၍ သူ​တို့​မှူး​မတ်၊ ယု​ဒ​ပြည်​သူ၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့​သည် ဤ​မြို့​တံ​ခါး​များ​သို့ ဝင်​လျက်​ရှိ​ကြ​လိမ့်​မည်။ ဤ​မြို့​သည်​လည်း အ​စဉ်​အ​မြဲ တည်​လိမ့်​မည်။

ယ​ခု​မှာ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​အ​ဖို့ ဘေး​ဒဏ်​ကို ငါ​ပြင်​ဆင်၏။ သင်​တို့​ကို ဆန့်​ကျင်​ဘက်​ပြု၍ ငါ​ကြံ​စည်၏။ သို့​ဖြစ်၍၊ ဆိုး​သော​လမ်း​မှ အ​သီး​အ​သီး ပြန်​လာ​ကြ​လော့။ သင်​တို့​လိုက်​သော​လမ်း​နှင့် သင်​တို့​ကျင့်​သော အ​ကျင့်​ကို ဖြောင့်​စေ​ကြ​လော့​ဟု၊ ယု​ဒ​ပြည်​သူ၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့​အား ဆင့်​ဆို​လော့။

ငါ့​အ​မိန့်​တော်​နှင့် ဆိုင်​သော ထို​တိုင်း​နိုင်​ငံ​သည် မိ​မိ​ဒု​စ​ရိုက်​ကို စွန့်​ပစ်​လျှင်၊ ငါ​ကြံ​စည်​သော​ဘေး​ဒဏ်​ကို ငါ​နောင်​တ​ရ​မည်။

ယ​ခု​မှာ သင်​တို့၏​ကျင့်​ကြံ​ပြု​မူ​ခြင်း​တို့​ကို ပြောင်း​လဲ​ကြ​လော့။ သင်​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏ စ​ကား​တော်​ကို နား​ထောင်​ကြ​လော့။ သို့​ပြု​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့၌ ဘေး​ဥ​ပဒ်​ရောက်​စေ​မည်​ဟု ခြိမ်း​တော်​မူ​သော်​လည်း၊ တစ်​ဖန် နောင်​တ​ရ​တော်​မူ​လိမ့်​မည်။

ငါ၏​ကျွန် ပ​ရော​ဖက်​အ​ပေါင်း​တို့​ကို​လည်း၊ ငါ​သည် စော​စော​ထ၍ သင်​တို့​ရှိ​ရာ​သို့ အ​ထပ်​ထပ်​စေ​လွှတ်​လျက်၊ သင်​တို့​အ​သီး​အ​သီး လိုက်​သော အ​ဓ​မ္မ​လမ်း​ကို ရှောင်​ကြ​လော့။ သင်​တို့​အ​ကျင့်​ကို ပြု​ပြင်​ကြ​လော့။ အ​ခြား​တစ်​ပါး​သော ဘု​ရား​နောက်​သို့ မ​လိုက်၊ ဝတ်​မ​ပြု​ကြ​နှင့်။ ဤ​စ​ကား​ကို နား​ထောင်​လျှင်၊ သင်​တို့​နှင့် သင်​တို့၏ ဘိုး​ဘေး​တို့​အား ငါ​ပေး​သော​ပြည်၌ နေ​ရ​ကြ​လိမ့်​မည်​ဟု မှာ​လိုက်​သော်​လည်း၊ သင်​တို့​သည် နား​ကို​ပိတ်​လျက်၊ ငါ့​စ​ကား​ကို နား​မ​ထောင်​ဘဲ​နေ​ကြ​ပြီ။

ရေ​ခပ်​သား​ဖြစ်​သော ယော​န​ဒပ်၏​သား​မြေး​တို့​သည် မိ​မိ​တို့​အ​ဘ မှာ​ထား​သော​စ​ကား​အ​တိုင်း ကျင့်​ကြ၍၊ ဤ​လူ​မျိုး​သည် ငါ့​စ​ကား​ကို နား​မ​ထောင်​သော​ကြောင့်၊

အို ဣ​သ​ရေ​လ​အ​မျိုး၊ သင်​သည် ပြန်​လာ​လို​လျှင် ငါ့​ထံ​သို့​ပြန်​လာ​ပါ။ သင်၏​ရွံ​ရှာ​ဖွယ်​တို့​ကို ပယ်​လို​လျှင် ငါ့​ထံ​မှ​မ​ရွှေ့​ရ။

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ လမ်း​နား​မှာ​ရပ်၍ ကြည့်​ရှု​ကြ​လော့။ ရှေး​လမ်း​ဟောင်း​တို့​ကို ရှာ​ဖွေ​လျက်၊ ကောင်း​သော​လမ်း​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း​ဟု မေး​မြန်း၍၊ ထို​လမ်း​သို့​လိုက်​ကြ​လော့။ သို့​ပြု​လျှင်၊ စိတ်​နှ​လုံး​သက်​သာ​ကြ​လိမ့်​မည်။ သို့​ရာ​တွင်၊ ငါ​တို့​သည် မ​လိုက်​ဟု ပြန်​ပြော​ကြ၏။

ဘု​ရား​သ​ခင်၌ ချဉ်း​ကပ်​ကြ​လော့။ သို့​ပြု​လျှင်၊ သင်​တို့၌ ချဉ်း​ကပ်​တော်​မူ​လိမ့်​မည်။ အ​ပြစ်​ရှိ​သော​သူ​တို့၊ သင်​တို့​လက်​ကို စင်​ကြယ်​စေ​ကြ​လော့။ စိတ်​နှစ်​ခွ​ရှိ​သော​သူ​တို့၊ သင်​တို့​စိတ်​နှ​လုံး​ကို သန့်​ရှင်း​စေ​ကြ​လော့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ