ယေရမိ 7:4Judson Bibleဤသည်ကား၊ ထာဝရဘုရား၏ဗိမာန်တော်၊ ထာဝရဘုရား၏ဗိမာန်တော်၊ ထာဝရဘုရား၏ဗိမာန်တော်ဖြစ်သတည်းဟု မုသားစကားကို ပြောသောသူတို့၌ မမှီဝဲကြနှင့်။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားမိန့်တော်မူသည်ကား၊ နဟေလံရွာသားရှေမာယနှင့် သူ၏အမျိုးကို ငါသည်ဒဏ်ပေးမည်။ ဤအမျိုးသားတို့တွင်၊ သူ၏ လူတစ်ယောက်မျှ နေရသောအခွင့် မရှိရ။ ထာဝရဘုရားမိန့်တော်မူသည်ကား၊ သူသည် ထာဝရဘုရားကို ပုန်ကန်စေခြင်းငှာ သွန်သင်သောကြောင့်၊ ငါ၏လူမျိုး၌ ငါပြုလတ္တံ့သော ကျေးဇူးကို သူသည်မမြင်ရဟု၊ သိမ်းသွားခြင်းကို ခံရသောသူအပေါင်းတို့ကို စာပေးလိုက်ရမည်အကြောင်း ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ယေရမိသို့ ရောက်လာ၍ မှာထားတော်မူ၏။
မုယောဆန် တစ်လက်ဆွန်းနှင့် မုန့်တစ်ဖဲ့ကိုရအံ့သောငှာ၊ ငါ၏လူတို့တွင် ငါ့ကိုရှုတ်ချကြလိမ့်မည်လော။ မုသားစကားကို နားထောင်တတ်သော ငါ၏လူတို့အား မုသားစကားကို ပြောသောအားဖြင့်၊ မသေအပ်သော သူတို့၏အသက်ကိုသတ်၍၊ မရှင်အပ်သောသူတို့ကို အသက်ချမ်းသာပေးကြလိမ့်မည်လော။
မင်းတို့သည် လက်ဆောင်ကို ရခြင်းငှာသာ တရားမှုကို စီရင်တတ်ကြ၏။ ယဇ်ပုရောဟိတ်တို့သည် အခကိုရခြင်းငှာသာ သင်ပေးတတ်ကြ၏။ ပရောဖက်တို့သည် ငွေကိုရခြင်းငှာသာ အနာဂတ်ကို ဟောတတ်ကြ၏။ သို့သော်လည်း၊ ထာဝရဘုရားကိုခိုလှုံလျက်၊ ထာဝရဘုရားသည် ငါတို့တွင် ရှိတော်မူသည် မဟုတ်လော၊ ဘေးဥပဒ်မရောက်နိုင်ဟု ဆိုတတ်ကြသည်တကား။