Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ရ​မိ 7:2

Judson Bible

ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​ကွယ်​ခြင်း​ငှာ၊ ဤ​တံ​ခါး​တို့​အ​တွင်း​သို့​ဝင်​သော ယု​ဒ​အ​မျိုး​သား​အ​ပေါင်း​တို့၊ ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​ကို နား​ထောင်​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

38 ပူးပေါင်းရင်းမြစ်များ  

မိ​က္ခာ​က​လည်း၊ သို့​ဖြစ်၍ ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို နား​ထောင်​ပါ။ ထာ​ဝ​ရ​ဘု​ရား​သည် ပ​လ္လင်​တော်​ပေါ်​မှာ ထိုင်​တော်​မူ​သည်​ကို​လည်း​ကောင်း၊ ကောင်း​ကင် ဗိုလ်​ခြေ​အ​ပေါင်း​တို့​သည် လက်​ယာ​တော်​ဘက် လက်​ဝဲ​တော်​ဘက်၌ ရပ်​နေ​ကြ​သည်​ကို​လည်း​ကောင်း ငါ​မြင်​ပြီ။

အို ယေ​ရု​ရှ​လင်​မြို့၊ သင်၏​တံ​ခါး​တို့​အ​တွင်း၌ ငါ​တို့​သည်​ရပ်၍ နေ​ကြ​လိမ့်​မည်။

သော​ဒုံ​မြို့​ကို အ​စိုး​ရ​သော​မင်း​တို့၊ ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​ကို ကြား​ကြ​လော့။ ဂေါ​မော​ရ​မြို့​သား​တို့၊ ငါ​တို့​ဘု​ရား​သ​ခင်​၏ တ​ရား​တော်​ကို နား​ထောင်​ကြ​လော့။

အို ဣ​သ​ရေ​လ အ​မျိုး​သား​တို့၊ သင်​တို့​အား ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​ကို နား​ထောင်​ကြ​လော့။

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်​သည် ယု​ဒ​မြို့​များ​နှင့် ယေ​ရု​ရှ​လင်​မြို့​လမ်း​များ​တို့၌ ဟစ်​ကြော်​ရ​မည်​စ​ကား​ဟူ​မူ​ကား၊ သင်​တို့​သည် ဤ​ပ​ဋိ​ညာဉ်​စ​ကား​ကို နား​ထောင်၍ ကျင့်​ကြ​လော့။

ထို​အ​ခါ ဟော​ပြော​စေ​ခြင်း​ငှာ၊ ထာ​ဝ​ရ​ဘု​ရား​စေ​လွှတ်​တော်​မူ​ရာ တော​ဖက်​အ​ရပ်​က၊ ယေ​ရ​မိ​သည် ပြန်​လာ၍ ဗိ​မာန်​တော်​တံ​တိုင်း၌ ရပ်​လျက်၊

အော်​ဟစ်​ရ​မည်​အ​ရာ​ဟူ​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​က၊ လယ်​မ​လုပ်​သော​တော​အ​ရပ်၌ သင်​သည် ငါ့​နောက်​သို့ လိုက်​သော​အ​ခါ၊ အ​သက်​အ​ရွယ်​နု​ငယ်၍ ခံ​ရ​သော​ကျေး​ဇူး​ကို​လည်း​ကောင်း၊ ထိမ်း​မြား​ပေး​စား​ခြင်း​နှင့် ယှဉ်​သော ချစ်​ခြင်း​မေ​တ္တာ​ကို​လည်း​ကောင်း ငါ​အောက်​မေ့၏။

အို ယာ​ကုပ်​အ​မျိုး​နှင့် ဣ​သ​ရေ​လ​အ​မျိုး​အ​နွယ်​အ​ပေါင်း​တို့၊ ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​ကို နား​ထောင်​ကြ​လော့။

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဗိ​မာန်​တော်၌ ကိုး​ကွယ်​အံ့​သော​ငှာ ရောက်​လာ​သော ယု​ဒ​မြို့​သူ ရွာ​သား​အ​ပေါင်း​တို့​အား ဆင့်​ဆို​စေ​ခြင်း​ငှာ၊ ငါ​သည်​သင်၌ မှာ​ထား​သ​မျှ​သော စ​ကား​တို့​ကို ဗိ​မာန်​တော် တံ​တိုင်း​ထဲ​မှာ ရပ်​လျက်၊ သူ​တို့​အား ပြန်​ပြော​လော့။ တစ်​ခွန်း​ကို​မျှ မ​ထိမ်​မ​ဝှက်​နှင့်။

ထို​အ​ခါ ပ​ရော​ဖက်​ယေ​ရ​မိ​သည် ဗိ​မာန်​တော်၌​ရပ်​နေ​သော ယဇ်​ပု​ရော​ဟိတ်​များ​နှင့် လူ​များ​အ​ပေါင်း​တို့​ရှေ့​မှာ၊ ပ​ရော​ဖက်​ဟာ​န​နိ​အား ပြန်​ပြော​သည်​ကား၊

သို့​ရာ​တွင်၊ ယု​ဒ​ရှင်​ဘု​ရင် ဇေ​ဒ​ကိ​မင်း​ကြီး၊ ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​တော်​ကို နား​ထောင်​လော့။ မင်း​ကြီး​ကို ရည်​မှတ်၍ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​သည် ဓား​ဖြင့်​အ​သေ​မ​ခံ​ရ။

ထို​အ​ခါ ဗာ​ရုတ်​သည် ဗိ​မာန်​တော်​တံ​ခါး​သစ်​နား​မှာ၊ အ​ထက်​တံ​တိုင်း​အ​တွင်း၊ စာ​ရေး​တော်​ရှာ​ဖန်​သား ဂေ​မ​ရိ၏​အ​ခန်း၌၊ ယေ​ရ​မိ​စီ​ရင်​သော​စာ​ကို လူ​အ​ပေါင်း​တို့​ရှေ့​မှာ ဖတ်​လေ၏။

သင်​သွား​လော့။ ငါ​ပြန်​ပြော​သည်​အ​တိုင်း၊ သင်​သည် စာ​လိပ်၌ ရေး​ထား​သော ထာ​ဝ​ရ​ဘု​ရား၏ စ​ကား​တော်​တို့​ကို၊ အ​စာ​ရှောင်​သော နေ့​တွင်၊ ဗိ​မာန်​တော်၌​ရှိ​သော သူ​တို့​အား ဖတ်​လော့။ အ​မြို့​မြို့​အ​ရွာ​ရွာ​က​လာ​သော ယု​ဒ​လူ​တို့​အား​လည်း ဖတ်​လော့။

တစ်​ဖန် မိန်း​မ​အ​ပေါင်း​တို့​နှင့် လူ​ခပ်​သိမ်း​တို့​အား ယေ​ရ​မိ​ဟော​ပြော​သည်​ကား၊ အဲ​ဂု​တ္တု​ပြည်၌​ရှိ​သော ယု​ဒ​လူ​အ​ပေါင်း​တို့၊ ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို နား​ထောင်​ကြ​လော့။

ထာ​ဝ​ရ​ဘု​ရား၏​အ​ထံ​တော်​က နှုတ်​က​ပတ်​တော်​သည် ယေ​ရ​မိ​သို့​ရောက်​လာ၍၊ သင်​သည် ဗိ​မာန်​တော်​တံ​ခါး​ဝ၌ ရပ်​လျက် ကြွေး​ကြော်​ရ​မည့်​စ​ကား​ဟူ​မူ​ကား၊

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏ လက်​တော်​သည် ငါ့​အ​ပေါ်​မှာ​ရှိ၍ ဝိ​ညာဉ်​တော်​အား​ဖြင့် ငါ့​ကို​ပြင်​သို့ ဆောင်​သွား​လျက်၊ အ​ရိုး​တို့​နှင့် ပြည့်​သော​ချိုင့်​အ​လယ်၌ ထား​ပြီး​လျှင်၊

အို ယဇ်​ပု​ရော​ဟိတ်​တို့၊ ကြား​ကြ​လော့။ အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ နား​ထောင်​ကြ​လော့။ အို နန်း​တော်​သား​တို့၊ မှတ်​မိ​ကြ​လော့။ သင်​တို့​သည် စစ်​ကြော​စီ​ရင်​ခြင်း​ကို ခံ​ရ​ကြ​မည်။ အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် မိ​ဇ​ပါ​တောင်​ပေါ်​မှာ ကျော့​ကွင်း၊ တာ​ဗော်​တောင်​ပေါ်​မှာ ထောင်​သော​ပိုက်​ဖြစ်​ကြ​ပြီ။

သို့​ဖြစ်၍၊ ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို နား​ထောင်​လော့။ ဣ​သ​ရေ​လ​အ​မျိုး​တစ်​ဖက်၌ ပ​ရော​ဖက်​မ​ပြု​နှင့်၊ ဣ​ဇာက်​အ​မျိုး​တစ်​ဖက်၌ မ​မြွက်​နှင့်​ဟု သင်​ဆို​သော်၊

အို လူ​များ​အ​ပေါင်း​တို့၊ ကြား​ကြ​လော့။ အို ပြည်​နှင့် ပြည်​သား​အ​ပေါင်း​တို့၊ နား​ထောင်​ကြ​လော့။ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​တည်း​ဟူ​သော သန့်​ရှင်း​သော​ဗိ​မာန်​တော်​ထဲ​က ဘု​ရား​ရှင်​သည် သင်​တို့​တစ်​ဖက်၌ သက်​သေ​ခံ​တော်​မူ​မည်။

ငါ​ဆို​သည်​ကား၊ အို ယာ​ကုပ်​အ​မျိုး​မင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သူ​ကြီး​တို့၊ နား​ထောင်​ကြ​ပါ​လော့။ သင်​တို့​သည် တ​ရား​သ​ဖြင့် စီ​ရင်​ခြင်း​အ​မှု​ကို နား​လည်​အပ်​သည် မ​ဟုတ်​လော။

ဖြောင့်​မတ်​စွာ စီ​ရင်​ခြင်း​ကို ရွံ​ရှာ၍ ခပ်​သိမ်း​သော​တ​ရား​ကို ဖျက်​လျက်၊

ကြား​စ​ရာ​နား​ရှိ​သော​သူ မည်​သည်​ကား ကြား​ပါ​စေ​ဟု မိန့်​တော်​မူ၏။-

ယေ​ရှု​က​လည်း၊ ငါ​သည်​လော​က၌ ထင်​ရှား​စွာ​ဟော​ပြော​ပြီ။ ယု​ဒ​လူ​အ​ပေါင်း​တို့ စည်း​ဝေး​ရာ တ​ရား​ဇ​ရပ်၌​လည်း​ကောင်း၊ ဗိ​မာန်​တော်၌​လည်​ကောင်း၊ အ​စဉ်​မ​ပြတ် ဆုံး​မ​ဩ​ဝါ​ဒ​ပေး​ပြီ။ မ​ထင်​ရှား​ဘဲ အ​လျှင်း​မ​ဟော​မ​ပြော။-

ဗိ​မာန်​တော်၌ ရပ်၍ အ​သက်​ရှင်​ခြင်း တ​ရား​စ​ကား​အ​လုံး​စုံ​ကို လူ​များ​တို့​အား ဟော​ပြော​ကြ​လော့​ဟု မှာ​ထား၏။ ထို​စ​ကား​ကို​ကြား​လျှင်၊ နံ​နက်​စော​စော ဗိ​မာန်​တော်​သို့​ဝင်၍ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​ကြ၏။

ဗိ​မာန်​တော်၌​လည်း​ကောင်း၊ အိမ်၌​လည်း​ကောင်း နေ့​တိုင်း​အ​စဉ် ဆုံး​မ​သွန်​သင်​လျက်၊ ယေ​ရှု​သည် ခ​ရစ်​တော်​ဖြစ်၏​ဟူ၍ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို မ​ပြတ်​ဟော​ပြော​လျက်​နေ​ကြ၏။

ဝိ​ညာဉ်​တော်​သည် အ​သင်း​တော်​တို့​အား အ​ဘယ်​သို့ မိန့်​တော်​မူ​သည်​ကို နား​ရှိ​သော​သူ​မည်​သည်​ကား ကြား​ပါ​စေ။ အောင်​မြင်​သော​သူ​ကို ဒု​တိ​ယ​သေ​ခြင်း​သည် မ​ညှဉ်း​ဆဲ​ရ။

ဝိ​ညာဉ်​တော်​သည် အ​သင်း​တော်​တို့​အား အ​ဘယ်​သို့ မိန့်​တော်​မူ​သည်​ကို၊ နား​ရှိ​သော​သူ​မည်​သည်​ကား ကြား​ပါ​စေ။ အ​ကြင်​သူ​သည် အောင်​မြင်၏။ ဝှက်​ထား​သော မ​န္န​ကို​လည်း​ကောင်း၊ ကျောက်​ဖြူ​လက်​ဖွဲ့​ကို​လည်း​ကောင်း၊ ထို​ကျောက်​ပေါ်၌ အ​က္ခ​ရာ​တင်​သော နာ​မ​သစ်​ကို​လည်း​ကောင်း ထို​သူ​အား ငါ​ပေး​မည်။ ထို​ကျောက်​ကို ရ​သော​သူ​မှ​တစ်​ပါး အ​ဘယ်​သူ​မျှ ထို​နာ​မ​ကို မ​သိ​နိုင်​ရာ။

ဝိ​ညာဉ်​တော်​သည် အ​သင်း​တော်​တို့​အား အ​ဘယ်​သို့ မိန့်​တော်​မူ​သည်​ကို နား​ရှိ​သော​သူ​မည်​သည်​ကား ကြား​ပါ​စေ။

ဝိ​ညာဉ်​တော်​သည် အ​သင်း​တော်​တို့​အား အ​ဘယ်​သို့ မိန့်​တော်​မူ​သည်​ကို၊ နား​ရှိ​သော​သူ​မည်​သည်​ကား ကြား​ပါ​စေ။ အ​ကြင်​သူ​သည် အောင်​မြင်၏။ ထို​သူ​သည် ငါ၏​ဘု​ရား​သ​ခင် ပ​ရ​ဒိ​သု​ဥ​ယျာဉ်၌ ရှိ​သော အ​သက်​ပင်၏​အ​သီး​ကို စား​စေ​ခြင်း​ငှာ ငါအ​ခွင့်​ပေး​မည်။

ဝိ​ညာဉ်​တော်​သည် အ​သင်း​တော်​တို့​အား အ​ဘယ်​သို့ မိန့်​တော်​မူ​သည်​ကို နား​ရှိ​သော​သူ​မည်​သည်​ကား ကြား​ပါ​စေ။

ဝိ​ညာဉ်​တော်​သည် အ​သင်း​တော်​တို့​အား အ​ဘယ်​သို့ မိန့်​တော်​မူ​သည်​ကို နား​ရှိ​သော​သူ​မည်​သည်​ကား ကြား​ပါ​စေ​ဟု မိန့်​တော်​မူ၏။

ဝိ​ညာဉ်​တော်​သည် အ​သင်း​တော်​တို့​အား အ​ဘယ်​သို့ မိန့်​တော်​မူ​သည်​ကို နား​ရှိ​သော​သူ​မည်​သည်​ကား ကြား​ပါ​စေ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ