Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ရ​မိ 52:3

Judson Bible

ထာ​ဝ​ရ​ဘု​ရား​သည် ယု​ဒ​ပြည်​သူ၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့​ကို အ​ထံ​တော်​မှ မ​နှင်​ထုတ်​မီ​တိုင်​အောင် အ​မျက်​ထွက်​တော်​မူ၍၊ ဇေ​ဒ​ကိ​မင်း​သည် ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​ကို ပုန်​ကန်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

အ​ကျွန်ုပ်​ကို မြေ​ကြီး​ပြင်​မှ ယ​နေ့​နှင်​ထုတ်​တော်​မူ​ပြီ၊ မျက်​နှာ​တော်​ကို​လည်း မ​မြင်​ရ။ မြေ​ကြီး​ပေါ်​မှာ ပြေး​ရ​သော​သူ၊ အ​ရပ်​ရပ်​လည်​ရ​သော​သူ​ဖြစ်​ပါ​ရ​မည်။ တွေ့​သ​မျှ​သော​သူ​တို့​သည် အ​ကျွန်ုပ်​ကို​သတ်​ပါ​လိမ့်​မည်​ဟု၊ ထာ​ဝ​ရ​ဘု​ရား​ကို လျှောက်​ဆို​၏။

ကာ​ဣ​န​သည် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ​ထွက်​သွား၍၊ ဧ​ဒင်​ပြည်​အ​ရှေ့၊ နော​ဒ​ပြည်​တွင် နေ​လေ​၏။

နောက်​တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို အ​မျက်​ထွက်​တော်​မူ​လျှင်၊ စာ​တန်​သည် ရန်​ဘက်​ပြု၍ ဣ​သ​ရေ​လ​လူ​နှင့် ယု​ဒ​လူ​တို့​ကို ရေ​တွက်​စေ​ခြင်း​ငှာ ဒါ​ဝိဒ်​ကို​တိုက်​တွန်း​လေ၏။

ကိုယ်​တော်​ကို​နှစ်​သက်၍၊ ဣ​သ​ရေ​လ​နိုင်​ငံ၏​ရာ​ဇ​ပ​လ္လင်​ပေါ်​မှာ တင်​တော်​မူ​သော ကိုယ်​တော်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို​အ​စဉ်​ချစ်​သော​ကြောင့်၊ ဖြောင့်​မတ်​စွာ တ​ရား​စီ​ရင်​စေ​ခြင်း​ငှာ ကိုယ်​တော်​ကို ရှင်​ဘု​ရင်​အ​ရာ၌ ခန့်​ထား​တော်​မူ​ပြီ​ဟု ရှင်​ဘု​ရင်​အား​ပြော​ဆို၍၊

ထို​ကြောင့် ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို ပြင်း​စွာ​အ​မျက်​ထွက်၍ မျက်​မှောက်​တော်​မှ ပယ်​ရှား​တော်​မူ၏။ ယု​ဒ​အ​မျိုး​မှ​တစ်​ပါး အ​ခြား​သော​အ​မျိုး မ​ကျန်​ကြွင်း​ရ။

ထာ​ဝ​ရ​ဘု​ရား​သည်​လည်း၊ ဣ​သ​ရေ​လ​အ​မျိုး​ရှိ​သ​မျှ​ကို ရွံ​ရှာ၍ မျက်​မှောက်​တော်​မှ မ​နှင်​ထုတ်​မီ​တိုင်​အောင် ဒဏ်​ခတ်​တော်​မူ၏။ လု​ယက်​သော​သူ​တို့​လက်၌ အပ်​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​ကျွန် ပ​ရော​ဖက်​အ​ပေါင်း​တို့​ဖြင့် မိန့်​တော်​မူ​သည်​အ​တိုင်း၊ ဣ​သ​ရေ​လ​အ​မျိုး​ကို မျက်​မှောက်​တော်​မှ ပယ်​ရှား​တော်​မ​မူ​မီ​တိုင်​အောင် သူ​တို့​သည် ထို​ဒု​စ​ရိုက်​အ​ပြစ်​ကို မ​ရှောင်​ဘဲ​လိုက်​ကြ၏။ ထို​ကြောင့် နေ​ရင်း​ပြည်​မှ အာ​ရှု​ရိ​ပြည်​သို့ သိမ်း​သွား​ခြင်း​ကို ယ​နေ့​တိုင်​အောင်​ခံ​ရ​ကြ၏။

ထာ​ဝ​ရ​ဘု​ရား​သည် ယု​ဒ​ပြည်​သူ ယေ​ရု​ရှ​လင်​မြို့​သား​တို့​ကို အ​ထံ​တော်​မှ မ​နှင်​ထုတ်​မီ​တိုင်​အောင် အ​မျက်​ထွက်​တော်​မူ၍၊ ဇေ​ဒ​ကိ​မင်း​သည် ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​ကို ပုန်​ကန်​လေ၏။

ဘု​ရား​သ​ခင် အ​ကျိန်​တိုက်​ပြီး​သော နေ​ဗု​ခဒ်​နေ​ဇာ​မင်း​ကြီး​ကို ပုန်​ကန်​လေ၏။ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ မ​ပြန်​မည်​အ​ကြောင်း၊ မိ​မိ​လည်​ပင်း​ကို​လည်း​ကောင်း၊ မိ​မိ​နှ​လုံး​ကို​လည်း​ကောင်း ခိုင်​မာ​စေ၏။

ယေ​ရု​ရှ​လင်​မြို့​သည် ပုန်​ကန်​တတ်​သော​မြို့၊ ရှင်​ဘု​ရင်​အ​ကျိုး​နှင့် နိုင်​ငံ​တော်​အ​ကျိုး​စီး​ပွား​ကို ဖျက်​ဆီး​တတ်​သော​မြို့ ဖြစ်​ဖူး၍၊ ရှေး​ကာ​လ၌ မြို့​ထဲ​မှာ ပုန်​ကန်​သော​အ​ကြံ​ကို အ​စဉ်​ပြု​စု​သော​ကြောင့်၊ အ​တိုက်​အ​ဖျက် ခံ​ရ​ပါ​သည် အ​ကြောင်း​အ​ရာ​များ​ကို ထို​မှတ်​စာ၌​တွေ့၍ သိ​တော်​မူ​ပါ​လိမ့်​မည်။

ပြည်​သူ​ပြည်​သား အ​ပြစ်​ကြောင့်၊ မင်း​တို့​သည် များ​ပြား​တတ်​ကြ၏။ ဉာဏ်​ပ​ညာ​နှင့် ပြည့်​စုံ​သော​သူ​အား​ဖြင့် နိုင်​ငံ​တည်​တတ်၏။

ငယ်​သား​အ​စိုး​ရ၍ မှူး​မတ်​များ​အ​ချိန်​မဲ့ နံ​နက်​စော​စော စား​သောက်​တတ်​သော​ပြည်​သည် အ​မင်္ဂ​လာ​ရှိ၏။

အဲ​ဂု​တ္တု​ပြည်​သား​တို့​ကို ကြမ်း​ကြုတ်​သော သ​ခင်​တို့​လက်​သို့ ငါ​အပ်​သ​ဖြင့်၊ ပြင်း​ထန်​သော ရှင်​ဘု​ရင်​တစ်​ပါး​သည် အုပ်​စိုး​လိမ့်​မည်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​သ​ခင် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

အ​ကြောင်း​မူ​ကား၊ ကောင်း​ကင်​ဗိုလ်​ခြေ​သ​ခင်၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် မုန့်​အ​ထောက်​အ​ပင့်​နှင့် ရေ​အ​ထောက်​အ​ပင့် ရှိ​သ​မျှ​မှ​စ၍၊ ခပ်​သိမ်း​သော အ​ထောက်​အ​ပင့်​တို့​ကို ယေ​ရု​ရှ​လင်​မြို့​နှင့် ယု​ဒ​ပြည်​မှ ပယ်​ရှား​တော်​မူ၏။

စစ်​တိုက်​လောက်​အောင် ဉာဏ်​သ​တ္တိ၊ အ​စွမ်း​သ​တ္တိ​နှင့် ငါ​ပြည့်​စုံ​သည်​ဟု အ​ချည်း​နှီး​သော​စ​ကား​ကို သင်​ဆို​ပါ​သည်​တ​ကား။ ငါ့​ကို ပုန်​ကန်​ခြင်း​ငှာ အ​ဘယ်​သူ​ကို ကိုး​စား​သ​နည်း။

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား​မိန့်​တော်​မူ​သည်​ကား၊ မော​ရှေ​နှင့် ရှ​မွေ​လ​သည် ငါ့​ရှေ့​မှာ​ဆု​တောင်း​သော်​လည်း၊ ဤ​လူ​မျိုး​ကို ငါ​မ​သ​နား။ ငါ့​ထံ​မှ ထွက်​သွား​စေ​ခြင်း​ငှာ​နှင်​ထုတ်​လော့။

သင်​တို့​ညီ​အစ်​ကို ဧ​ဖ​ရိမ်​အ​မျိုး​သား​ရှိ​သ​မျှ​တို့​ကို ငါ​နှင်​ထုတ်​သ​ကဲ့​သို့၊ သင်​တို့​ကို ငါ့​ထံ​မှ​ငါ​နှင်​ထုတ်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ