ထိုမင်းသည် ယောယကိမ်မင်းပြုသမျှအတိုင်း၊ ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၏။
ယုဒအမျိုးသားတို့သည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၍၊ ဘိုးဘေးတို့ပြစ်မှားသမျှထက် ပြစ်မှားသော အပြစ်များအားဖြင့် အမျက်တော်ကို နှိုးဆော်ကြ၏။
အချင်းဆိုးယုတ်သော အဓမ္မဣသရေလမင်းသား၊ အဓမ္မအမှုကြောင့် ဆုံးရှုံးရသောကာလရောက်သောအခါ၊ သင်၏အချိန်ကာလသည် ရောက်လိမ့်မည်။