Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယေ​ရ​မိ 52:4

Judson Bible

ဇေ​ဒ​ကိ​မင်း နန်း​စံ​ကိုး​နှစ်၊ ဒ​သ​မ​လ​ဆယ်​ရက်​နေ့​တွင်၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​သည် ဗိုလ်​ခြေ အ​ပေါင်း​တို့​နှင့်​တ​ကွ ယေ​ရု​ရှ​လင်​မြို့​သို့ စစ်​ချီ​သ​ဖြင့်၊ မြို့​ပတ်​လည်၌​တပ်​ချ၍ မြေ​က​တုတ်​တို့​ကို တူး​လုပ်​ပြီး​မှ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

22 ပူးပေါင်းရင်းမြစ်များ  

ငါ​သည် သင့်​ပတ်​ဝန်း​ကျင်၌ တပ်​ချ​မည်။ မြေ​ရိုး​နှင့် ဝိုင်း​ထား၍၊ မြေ​က​တုပ်​များ​ကို​လည်း တူး​လုပ်​မည်။

ပြ​အိုး​မြေ​ရိုး​တို့​ကို ကြည့်​ရှု​တော်​မူ​ပါ။ မြို့​တော်​ကို တိုက်​ယူ​ခြင်း​ငှာ ရောက်​ကြ​ပါ​ပြီ။ ဓား​ဘေး၊ မွတ်​သိပ်​ခြင်း​ဘေး၊ ကာ​လ​နာ​ဘေး​တို့​ဖြင့် တိုက်​သော ခါ​လ​ဒဲ​လူ​တို့​လက်​သို့ မြို့​တော်​ကို အပ်​တော်​မူ​ပြီ။ မိန့်​တော်​မူ​သော စ​ကား​ပြည့်​စုံ​ကြောင်း​ကို​လည်း ကိုယ်​တော်​တိုင် မြင်​တော်​မူ၏။

ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​မင်း​ကြီး​သည် ဗိုလ်​ခြေ​အ​ပေါင်း၊ အ​စိုး​ရ​တော်​မူ​သ​မျှ​သော တိုင်း​နိုင်​ငံ​သား၊ လူ​မျိုး​အ​သီး​အ​သီး အ​ပေါင်း​တို့​နှင့်​တ​ကွ၊ ယေ​ရု​ရှ​လင်​မြို့​ကို​လည်း​ကောင်း၊ ထို​မြို့​နှင့်​ဆိုင်​သ​မျှ​သော မြို့​ရွာ​တို့​ကို​လည်း​ကောင်း တိုက်​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ယေ​ရ​မိ​သို့​ရောက်၍၊

ယု​ဒ​ရှင်​ဘု​ရင် ဇေ​ဒ​ကိ​မင်း​ကြီး​နန်း​စံ​ကိုး​နှစ် ဒ​သ​မ​လ​တွင်၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​သည် ဗိုလ်​ခြေ​အ​ပေါင်း​တို့​နှင့်​တ​ကွ​လာ၍ ယေ​ရု​ရှ​လင်​မြို့​ကို ဝိုင်း​ထား​ကြ၏။

လယ်​ကို​စောင့်​သော​သူ​များ​ကဲ့​သို့၊ ထို​သူ​တို့​သည် ယု​ဒ​ပြည်​ကို ဝန်း​ရံ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ထို​ပြည်​သည် ငါ့​ကို​ပုန်​ကန်​ပြီ။

ခါ​လ​ဒဲ​လူ​တို့​သည် မြို့​ရိုး​ကို ဖြို​ဖောက်၍၊ မြို့​ကို​လည်း​ဝိုင်း​နေ​သော​ကြောင့်၊ မြို့​သား​စစ်​သူ​ရဲ​အ​ပေါင်း​တို့​သည် ည​အ​ခါ​ပြေး၍၊ မြို့​ရိုး​နှစ်​ထပ်​စပ်​ကြား၊ ဥ​ယျာဉ်​တော်​နား​တံ​ခါး​ဝ​ဖြင့် ထွက်​ပြီး​မှ လွင်​ပြင်​သို့​သွား​ကြ၏။

ဝက်​ခွ​တိုင်၌ တုံး​တို့​ကို ဆွဲ​ထား​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ လုပ်​ကြံ​ခြင်း​အ​မှု​ကို​မှာ​ထား​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ကြွေး​ကြော်​အော်​ဟစ် စေ​ခြင်း​ငှာ​လည်း​ကောင်း၊ မြို့တံခါးတစ်ဖက်တစ်ချက်ဝက်ခွတိုင်၌ တုံးတို့ကိုဆွဲထားစေခြင်းငှာလည်းကောင်း၊ မြေရိုးကိုဖို့စေခြင်းငှာလည်းကောင်း၊ ရဲ​တိုက်​ကို ဆောက်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ လက်​ယာ​ဘက်၌ ယေ​ရု​ရှ​လင်​မြို့​အ​ဖို့ ဗေ​ဒင်​တွက်၍ နေ​ရာ​ကျ၏။

နိုင်​ငံ​ကို ဆုံး​ရှုံး​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ အ​စိုး​ပိုင်​သော​သူ မ​ရောက်​မီ​တိုင်​အောင်​လည်း​ကောင်း ငါ​မှောက်​လှန်​မည်။ မှောက်​လှန်​မည်။ မှောက်​လှန်​မည်။ အ​စိုး​ပိုင်​သော​သူ၌ ငါ​အပ်​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

သူ​သည် လယ်​ပြင်၌​ရှိ​သော သင်၏​သား​သ​မီး​တို့​ကို ဓား​နှင့်​သတ်​လိမ့်​မည်။ သင့်​တစ်​ဖက်၌ ရဲ​တိုက်​ကို​တည်၍ မြေ​ရိုး​ကို​ဖို့​ပြီး​လျှင်၊ ဒိုင်း​လွှား​တို့​ကို ချီ​ကာ​လိမ့်​မည်။

သိမ်း​သွား​ရာ သ​က္က​ရာဇ်​တစ်​ဆယ်​နှစ်​ခု၊ ဒ​သ​မ​လ ငါး​ရက်​နေ့​တွင်၊ ယေ​ရု​ရှ​လင်​မြို့​မှ ပြေး၍​လွတ်​သော သူ​တစ်​ယောက်​သည် ငါ့​ထံ​သို့​ရောက်​လာ၍၊ မြို့​ကို​လုပ်​ကြံ​ပြီ​ဟု သ​တင်း​ကြား​ပြော၏။

ငါ​တို့​သည် သိမ်း​သွား​ခြင်း​ကို​ခံ​ရာ သ​က္က​ရာဇ်​နှစ်​ဆယ်​ငါး​ခု၊ ပ​ထ​မ​လ​ဆယ်​ရက်​နေ့၊ မြို့​တော်​ကို လုပ်​ကြံ၍၊ တစ်​ဆယ်​လေး​နှစ် စေ့​သော​နေ့​တွင်၊ ထာ​ဝ​ရ​ဘု​ရား၏​လက်​တော်​သည် ငါ့​အ​ပေါ်​မှာ​ရှိ၍ ထို​မြို့​သို့​ဆောင်​သွား​တော်​မူ၏။

ငါ့​ပ​ဋိ​ညာဉ်​ဘက်၌​နေ၍၊ တ​ရား​စီ​ရင်​ရ​သော​ဓား​ဘေး​ကို သင်​တို့​အ​ပေါ်​မှာ ငါ​သက်​ရောက်​စေ​မည်။ သင်​တို့​သည်​မြို့​ထဲ၌၊ စု​ဝေး​သော​အ​ခါ၊ ကာ​လ​နာ​ဘေး​ကို ငါ​စေ​လွှတ်၍၊ ရန်​သူ​လက်​သို့​ရောက်​စေ​မည်။

ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ စ​တု​တ္ထ​လ​တွင် အ​စာ​ရှောင်​ခြင်း၊ ပ​ဥ္စ​မ​လ​တွင် အ​စာ​ရှောင်​ခြင်း၊ သ​တ္တ​မ​လ​တွင် အ​စာ​ရှောင်​ခြင်း၊ ဒ​သ​မ​လ​တွင် အ​စာ​ရှောင်​ခြင်း​တို့​သည် ယု​ဒ​အ​မျိုး​ဝမ်း​မြောက်​ရွှင်​လန်း၍ ပွဲ​လုပ်​ရာ​ကာ​လ ဖြစ်​ကြ​လိမ့်​မည်။ ဖြောင့်​မတ်​ခြင်း​တ​ရား၊ ငြိမ်​ဝပ်​ခြင်း​တ​ရား​ကို နှစ်​သက်​ကြ​လော့။

အ​ကြောင်း​မူ​ကား၊ သင့်​ကို ကြည့်​ရှု​ပြု​စု​တော်​မူ​သော ကျေး​ဇူး​ကို သင်​သည် မ​သိ​မ​မှတ်​သော​ကြောင့်၊ သင်၏​ရန်​သူ​တို့​သည် သင့်​ပတ်​လည်​တွင် တပ်​တည်၍ လေး​မျက်​နှာ၌ ဝိုင်း​ရံ​လျက် ချုပ်​ထား​ပြီး​လျှင်၊-

ယေ​ရု​ရှ​လင်​မြို့​ကို ဗိုလ်​ခြေ​များ ဝန်း​ရံ​လျက်​ရှိ​သည်​ကို သင်​တို့​မြင်​သော​အ​ခါ၊ ထို​မြို့​သည် ပျက်​စီး​ခြင်း​သို့ ရောက်​လု​သည်​ကို သိ​မှတ်​ကြ​လော့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ