Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ရ​မိ 10:2

Judson Bible

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သာ​သ​နာ​ပ​လူ​တို့၏​ဘာ​သာ​ဓ​လေ့၌ မ​ကျင်​လည်​ကြ​နှင့်။ သာ​သ​နာ​ပ​လူ​တို့ ထိတ်​လန့်​ကြောက်​တတ်​သော မိုး​ကောင်း​ကင်​နိ​မိတ်​တို့​မှ မ​ထိတ်​လန့် မ​ကြောက်​ကြ​နှင့်။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

တ​စ်​ဖန်​ဘု​ရား​သ​ခင်​က၊ နေ့​နှင့်ည​ကို ပိုင်း​ခြား​စေ​ခြင်း​ငှာ မိုး​ကောင်း​ကင်​မျက်​နှာ​ကြက်​၌ အ​လင်း​အိမ်​တည်​စေ။ နိ​မိတ်​လ​က္ခ​ဏာ၊ ချိန်း​ချက်​သော​အ​ချိန်၊ နေ့​ရက်​အ​ပိုင်း​အ​ခြား၊ နှစ်​အပိုင်း​အ​ခြား​ဖို့​ဖြစ်​စေ။

အို ဣ​သ​ရေ​လ အ​မျိုး​သား​တို့၊ သင်​တို့​အား ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​ကို နား​ထောင်​ကြ​လော့။

ငါ​တို့​သည် တစ်​ပါး​အ​မျိုး​သား​ကဲ့​သို့​လည်း​ကောင်း၊ သစ်​သား​ဘု​ရား၊ ကျောက်​ဘု​ရား​ကို​ဝတ်​ပြု​သော ပြည်​သူ​ပြည်​သား​များ ကဲ့​သို့​လည်း​ကောင်း ဖြစ်​မည်​ဟု၊ သင်​တို့​ကြံ​စည်​သည်​အ​တိုင်း အ​ကြံ​မ​မြောက်​ရ။

သင်​တို့​နေ​ဖူး​သော အဲ​ဂု​တ္တု​ပြည်၏​အ​ကျင့်​ကို​လည်း​ကောင်း၊ သင်​တို့​ကို ငါ​ပို့​ဆောင်​လ​တ္တံ့​သော ခါ​နာန်​ပြည်၏​အ​ကျင့်​ကို​လည်း​ကောင်း၊ သင်​တို့​သည်​မ​ကျင့်၊ သူ​တို့​တ​ရား​လမ်း​သို့ မ​လိုက်​ရ​ကြ။

သင်​တို့​ရှေ့​မှ ငါ​နှင်​ထုတ်​သော လူ​အ​မျိုး​မျိုး​တို့၏ ဘာ​သာ​ဓ​လေ့​သို့​မ​လိုက်​ရ။ သူ​တို့​သည် ထို​သို့​သော​အ​မှု​ခပ်​သိမ်း​တို့​ကို ပြု​သော​ကြောင့် ငါ​ရွံ​ရှာ၏။

သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​သော​ပြည်​သို့ သင်​သည် ဝင်​စား​သော​အ​ခါ၊ ထို​ပြည်၌​နေ​သော လူ​မျိုး​တို့​ပြု​တတ်​သော စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​အ​မှု​တို့​ကို ပြု​ခြင်း​ငှာ မ​သင်​ရ။

ငါ​သည် သင်​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။ သင်​တို့​နေ​သော အာ​မော​ရိ​ပြည်​သား ကိုး​ကွယ်​သော ဘု​ရား​တို့​ကို မ​ကြောက်​ရွံ့​ကြ​နှင့်​ဟု ငါ​ပ​ညတ်​သော်​လည်း၊ သင်​တို့​သည် ငါ့​စ​ကား​ကို နား​မ​ထောင်​ကြ​ဟု မိန့်​တော်​မူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ